ရန်ကုန်- ယခုလဆန်းကစ၍ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ဝင်း အတွင်းရှိ တိရစ္ဆာန်အစာ အရောင်းဆိုင်များ ပိတ်ထားလိုက်ပြီး ပြင်ပအစာများ သယ်ယူကျွေးမွေးနိုင်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
တိရစ္ဆာန်ဥယျာဉ်ဝင်း အတွင်း ဖွင့်လှစ်ရောင်းချနေသော တိရစ္ဆာန်အစာ အရောင်းကောင်တာများကို နိုဝင်ဘာလကုန်နောက်ဆုံးထား၍ ရောင်းချခွင့် မပြုတော့ကြောင်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။ အစာ အရောင်းဆိုင်များ မရှိတော့သဖြင့် ပြင်ပမှ သယ်ဆောင်လာသော အစာများ ကျွေးမွေးလိုပါက ဥယျာဉ်အတွင်းရှိ အစာထိန်းသိမ်းကြီးကြပ်ရေးဌာနသို့ တင်ပြရမည် ဖြစ်သည်။
‘‘အစာအရောင်းဆိုင်နေရာ တွေကို Public Area ချဲ့ထွင်ပြီး ဥယျာဉ်ရဲ့ ပြကွင်းပြကွက်မြင် ကွင်းတွေကို ပြည်သူတွေ ပိုပြီး ပြသချင်လို့ပါ’’ဟု ရန်ကုန် တိ ရစ္ဆာန်ဥယျာဉ်မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
နိုင်ငံတကာတွင် ပြောင်းလဲ လာသည့် အနေအထားအရ တိရစ္ဆာန် ဥယျာဉ်အတွင်း အစာဆိုင်ဖွင့်လှစ်ခြင်း၊ တိရစ္ဆာန်အလိုက် ကန့်သတ်အစာများ ရောင်းချခြင်း၊ ကျွေးခြင်းများကို လက်မခံ ကြောင်း ၎င်းကထပ်မံပြောသည်။
တိရစ္ဆာန်အစာရောင်းဆိုင် များနှင့်အတူအသေးစားဖွင့်လှစ် ထားသည့် စားသောက်ဆိုင်များ ကို ဥယျာဉ်သာယာသန့်ရှင်းရေး အတွက် သီးသန့်ဆိုင်ခန်းများတွင် ထားရှိသွားမည် ဖြစ်သည်။ ထို့ အပြင် အချို့ဆိုင်ခန်းငယ်များကို လည်း တိရစ္ဆာန်ဥယျာဉ်တောင် ဘက်အပေါက်တွင် ယာယီချထား ရောင်းချခြင်းများ ခွင့်ပြုမည်ဟု သတင်းရရှိသည်။
‘‘အစ်မတို့ကို နိုဝင်ဘာလ ဆန်းလောက်တည်းကစပြီး ဆိုင်ခန်း နေရာတွေ ရွှေ့ဖို့အုပ်ချုပ်ရေးမှူး ရုံးကလာပြောခဲ့တယ်။ အခု ၁၁ ရက်တော့ နောက်ဆုံးထား အပြီး ရွှေ့ပေးရမယ်။ ကျောက်တိုင် ကားမှတ်တိုင်နားက ကစားကွင်းဝင်ပေါက်နားကိုပါ’’ ဟု တိရစ္ဆာန်ရုံဝင်းအတွင်း ဖွင့်လှစ်ရောင်းချသည့် အအေးဆိုင်တစ်ဆိုင်က ပြောသည်။ ကမ္ဘာပေါ်ရှိ မည်သည့် တိရစ္ဆာန်ဥယျာဉ်တွင်မဆို ပြင်ပ မှ သယ်ဆောင်လာသော အစာ များကို တိရစ္ဆာန်များအား ကျွေး မွေးခွင့်မရှိကြောင်းနှင့် ခြွင်းချက် အနေဖြင့် မိဘပြည်သူများက မွေးနေ့အတွက် ကျန်းမာရေးယတြာအရ စသည်ဖြင့် တိရစ္ဆာန်များအား အစာဖွယ်ဖွယ်ရာရာ ကျွေးမွေးလိုပါက အုပ်ချုပ်ရေးမှူးထံ ဆက်သွယ်ပြီး ကျွေးနိုင်ကြောင်းဥယျာဉ် တာဝန်ရှိသူက ဆိုသည်။ ထို့အပြင် လာရောက်လည် ပတ်သူများမှ တိရစ္ဆာန်များအား ကိုယ်ထိလက်ရောက် ရိုက်နှက် ခြင်း၊ စိတ်ဒဏ်ရာပေးခြင်း စသည့် အပြုအမူများ ပြုလုပ်ပါက ဥယျာဉ်အုပ်ချုပ်ရေးမှူးရုံးက ပညာ ပေးတားမြစ်မှု အနေဖြင့် ရုံးသို့ခေါ်ပြီး သတိပေးပြောကြား သွားမည်ဖြစ်ကြောင်း သိရသည်။
တိရစ္ဆာန်ဥယျာဉ်အတွင်း ပိတ်သိမ်းလိုက်သော အစာအ ရောင်းဆိုင် စုစုပေါင်း ၁၁ ဆိုင် ဖြစ်ပြီး စားသောက်ဆိုင်များမှာ ခန့်မှန်းခြေ ၁၀ ဆိုင်ကျော် ရှိ သည်။
လက်ရှိတွင် တိရစ္ဆာန် ဥယျာဉ်တွင်း မွေးမြူထားသော သတ္တ၀ါ အကောင်အရေအတွက် မှာ နို့တိုက်သတ္တ၀ါ လေးဆယ့်ငါး မျိုးနှင့် အကောင်ရေ ခြောက်ရာ ခန့်၊ ကျေးငှက် ခြောက်ဆယ့်ကိုးမျိုးနှင့် အကောင်ရေ ငါးရာရှစ်ဆယ့်နှစ်မျိုး၊ တွားသွား သတ္တ၀ါ ဆယ့်ရှစ်မျိုးနှင့် အကောင်ရေ နှစ်ရာ့နှစ်ကောင်ရှိ ကြောင်းထုတ်ပြန်သည်။ ထို့အပြင် တိရစ္ဆာန်များ လုံခြုံရေးအတွက် လှည့်ကင်းနှင့် ဧရိယာပိုင်း အစောင့် ၂၅ ဦးရှိ ကြောင်း သတင်းရရှိသည်။
http://www.7daydaily.com/story/26647#.VIfVVNKUeSp
အမှာစာကား . . .
ကျွန်ုပ်ငယ်စဉ်ကပင် တရိစ္ဆာန်ရုံသို့ရောက်တိုင်း ပိန်ရီကြုံလှီနေသော
တရိစ္ဆာန်များကို တွေ့ရ၍ အလွန်ပင်စိတ်ဆင်းရဲခဲ့ရပါသည်။
ကျားဆိုးကြီးများသည်လည်း အသားမစားရ၍ လေတိုက်ရင်လဲတော့
မည့်အခြေအနေကြောင့် တရိစ္ဆန်ာရုံထဲက ကျားဆိုးကြီးကို ရပ်ကွက်
ထဲက ခွေးဆိုးကြှီးတစ်ကောင်လောက်ပင် ကြောက်စိတ်မ၀င်မိသည့်
အပြင် အလွန်ပင်ကရုဏာသက်မိပါသည်။
ထို့ကြောင့် ရန်ကုန်တရိစ္ဆာန်ရုံကြီးသည် တရိစ္ဆာန်များစွာတို့၏ ငတ်မွတ်
ခေါင်းပါးအတိဒုက္ခရောက်နေသောနေရာတစ်ခုသာဖြစ်သည်ဟု
အလင်းရှင် သုံးသပ်ခံစားမိပါသည်။
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)
http://www.7daydaily.com/story/26647#.VIfVVNKUeSp
အမှာစာကား . . .
ကျွန်ုပ်ငယ်စဉ်ကပင် တရိစ္ဆာန်ရုံသို့ရောက်တိုင်း ပိန်ရီကြုံလှီနေသော
တရိစ္ဆာန်များကို တွေ့ရ၍ အလွန်ပင်စိတ်ဆင်းရဲခဲ့ရပါသည်။
ကျားဆိုးကြီးများသည်လည်း အသားမစားရ၍ လေတိုက်ရင်လဲတော့
မည့်အခြေအနေကြောင့် တရိစ္ဆန်ာရုံထဲက ကျားဆိုးကြီးကို ရပ်ကွက်
ထဲက ခွေးဆိုးကြှီးတစ်ကောင်လောက်ပင် ကြောက်စိတ်မ၀င်မိသည့်
အပြင် အလွန်ပင်ကရုဏာသက်မိပါသည်။
ထို့ကြောင့် ရန်ကုန်တရိစ္ဆာန်ရုံကြီးသည် တရိစ္ဆာန်များစွာတို့၏ ငတ်မွတ်
ခေါင်းပါးအတိဒုက္ခရောက်နေသောနေရာတစ်ခုသာဖြစ်သည်ဟု
အလင်းရှင် သုံးသပ်ခံစားမိပါသည်။
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)
No comments :
Post a Comment