“ပြည်သူလူထုရဲ့ အမျက်ဒေါသက အကြောင်းသုံးပါး ရွေးလေ့မရှိ”
✩ ♥ ✩ ♥ ✩ ♥ ✩ ♥ ✩ ♥ ✩ ♥ ✩ ♥ ✩ ✩ ♥ ✩ ♥ ✩ ♥ ✩ ♥
ဒီဇင်ဘာလ(၆)ရက်နေ့၊ မနက်(၂း၃၀)အချိန်လောက်မှာ
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ အလက်တိုကျေးရွာအုပ်စု၊
ပလောင်ကျေးရွာက ဦးကျော်မင်းရဲ့နေအိမ်ကို
မအူပင်မြို့နယ်၊ မြို့မရဲစခန်းမှူး မျိုးဇော်သက် ဦးဆောင်တဲ့
ရဲတပ်ဖွဲ့ဝင်တွေနဲ့ စွမ်းအားရှင်လိုလို အရပ်ဝတ်နဲ့လူတွေဟာ
သူပုန်ဝင်စီးသလို၊ ဓားပြတိုက်သလို ပုံစံမျိုးနဲ့ ဥပဒေမဲ့ ၀င်
ရောက်ခဲ့ကြပါတယ်။
ဖမ်းဝရမ်းလည်း မပါသလို၊ ကျေးရွာလူကြီးတွေလည်း ပါမ
လာကြပါဘူး။
တကယ့်ကို ဓားပြတိုက်သလို ၀ုန်းဒိုင်းကြဲ တက်လာကြပြီး၊
ခြင်ထောင်ကြိုးတွေကို ဓားနဲ့ဖြတ် အိပ်နေသူတွေကို
မိန်းကလေးတွေကိုပါမကျန် ခြင်ထောင်နဲ့ လုံးထွေးပြီး
ဖမ်းဆီးပါတယ်။
သူတို့ ဖမ်းဆည်းလိုသူ ဦးကျော်မင်းကို မတွေ့ပေမယ့်၊
ဦးကျော်မင်းရဲ့သားဖြစ်သူ ကိုဝင်းထိုက်၊ တစ်ရွာတည်းနေ
ဦးအောင်သန်း၊ဦးသာဒင်နဲ့ ကွန်ဒိုင်းလေးရွာကနေ အလည်
ရောက်နေတဲ့ ဦးသန်းရွှေတို့ကိုလက်ထိပ်နှစ်စုံစီနဲ့ လက်
နောက်ပြန်ခတ်ပြီး ဖမ်းပါတယ်။
ဦးကျော်မင်းရဲ့သမီးဖြစ်သူ အသက်(၁၇)နှစ်သာရှိသေးတဲ့
မနှင်းဝေလှိုင်ကိုလည်းခြင်ထောင်နဲ့ လုံးထွေးဖမ်းပြီး အမျိုးမျိုး
ခြိမ်းခြောက်ခဲ့ပါတယ်။
အမျိုးသား(၄)ဦးကိုတော့ ဘာ့ကြောင့်ဖမ်းတယ် ဆိုတာ
မပြောဘဲ စက်လှေနဲ့ ခေါ်သွားပါတယ်။ ထနီးထောင့်ရေတံခါးက
တာလမ်းကိုရောက်တော့အသင့်ရှိနေတဲ့ ကားတွေနဲ့ မြို့မရဲစခန်းကို
ခေါ်သွားပါတယ်။
စခန်းကိုရောက်တော့ အမျိုးမျိုးခြိမ်းခြောက်ပြီး စစ်မေးပါတယ်။
နောက်တစ်နေ့မနက်ကျတော့ ဦးသန်းရွှေ၊ ဦးအောင်သန်းနဲ့
ကိုဝင်းထိုက်တို့ကို အပြစ်မရှိဘူးဆိုပြီး ပြန်လွှတ်ပေးလိုက်ပေမယ့်
ဦးသာဒင်ကိုတော့ အပြစ်ရှိလို့ဆိုပြီး ဆက်ဖမ်းထားလိုက်ပါတယ်။
ဦးသာဒင်မှာ ဘာအပြစ်ရှိတယ်ဆိုတာကိုလည်း မသိရပါဘူး။
အပြစ်မဲ့ပြည်သူတွေကို တရားနည်းလမ်းတကျမဟုတ်ဘဲ
ဒီလိုပဲ ဖမ်းခွင့်ရှိနေပါသလား။ လူ့ဂုဏ်သိက္ခနဲ့ မညီအောင်
အဆက်ဆံခံရပြီးမှ အပြစ်မရှိပါဘူးဆိုပြီး ပြန်လွှတ်ပေးလိုက်
တာကိုပဲကျေးဇူးတင်နေရဦးမှာလား။
တစ်နိုင်ငံလုံး အမည်းရောင်နယ်မြေ ဖြစ်နေပြီလား။
ရဲတပ်ဖွဲ့ဆိုတာ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို
ကာကွယ်ဖို့လား၊ ဒုက္ခပေးဖို့လား။
ပြည်သူလူထုတစ်ရပ်လုံး မခံနိုင်အောင် လုပ်လာကြရင်
ပြည်သူလူထုရဲ့ အမျက်ဒေါသက အကြောင်းသုံးပါး ရွေးနေ
မှာမဟုတ်ပါဘူး။
ရှစ်လေးလုံးလူထုအရေးတော်ပုံ စစချင်းမှာ ဘာတွေဖြစ်ခဲ့
သလဲဆိုတာမဝေးသေးတဲ့သမိုင်းကိုလည်း ပြန်လေ့လာကြပါဦး …. ။
https://www.facebook.com/photo.php?fbid=580480062083117&set=pcb.580482378749552&type=1
No comments :
Post a Comment