.

AlinShin

Friday, December 26, 2014

ညစ်ညမ်းစာနှင့်ညစ်ညမ်းပုံများသည်လည်း (၃၇-မင်း)

တနေ့သ၌ ကျွန်ုပ်အလင်းရှင်သည် Facebook စာမျက်နှာကို ခဏတ
မျှကြောခိုင်းရင်း “ ကမ္ဘာ့စာအုပ်တိုက်” ကြီးသို့ ခရီးထွက်ခဲ့ပါသည်။
ခရီးဟုဆိုသော်လည်း လှည်းတစ်တန်ကားတစ်တန်လေယာဉ်ပျံတို့
ဖြင့်သွားရသည်မဟုတ် မိမိ၏လက်ကိုင်ဖုန်းမှ Mobile data ကို on
ကာ Lte လေးကို လက်ကလေးဖြင့်ထောက်လိုက်ရုံမျှသာ။
ထိုမျှလောက်နှင့် ကျွန်ုပ်သွားလိုသော “ကမ္ဘာ့စာအုပ်တိုက်” ကြီးသို့
ရောက်သည်။ အောက်တိန်းဆီထည့်စရာမလိုသော်လည်း Mpt
Prepaid 10000 တန်လောက်တော့ ထည့်ထားရသည်။
ထိုသိုမောင်းနှင်လိုက်ရုံဖြင့် ကျွန်ုပ်ရောက်လိုသော ကမ္ဘာ့စာအုပ်
တိုက်ကြီးသို့ ဆိုက်ဆိုက်မြိုက်မြိုက် ဘေးရန်ကင်းရှင်းစွာဖြင့်ရောက်
ပါသည်။
“အဲ . .  ”
“အ၀ိုင်းလည်တာလောက်တော့ ခန္တီရမည်”
“တွေ့ပြီ”
“ ဦးဖိုးကျားရေးသည့် . . . ၃၇ မင်းစာအုပ်”
ထိုစာအုပ်ကို ကျွန်ုပ်အလင်းရှင်သည် ဟိုးလွန်ခဲ့သောနှစ်တွေကပင်
http://alinshin.blogspot.com/2014/12/blog-post_963.html
တွင် တင်ထားပေးခဲ့ဖူးပါသည်။
“စကားကြွင်း”
အကယ်၍ ဖတ်ရှု့လိုသော် အထက်ပါလင့်တွင်ဝင်ရောက်ဒေါင်းယူနိုင်သည်။
ယင်းစာအုပ်ကို ပြန်လည်ဖတ်ရှု့လိုသည်ကား အခြားမဟုတ်ပါ။
တောင်ဗြုန်းနတ်ကနားပွဲများနှင့်ပတ်သက်၍ သိရှိလိုသောကြောင့်
တစ်ဖန်ပြန်ရှာဖတ်ရခြင်းဖြစ်ပါသည်။ စာပေရေးသားသော စာရေး
ဆရာဟူသည် မိမိကိုယ်တိုင် စာဖတ်အားကောင်းရသည်။ စာမဖတ်
မမှတ်နိုင်ပါက ဘယ်လိုနည်းနှင့်မှစာရေးဆရာကောင်းမဖြစ်နိုင်ပေ။
ယုတ်စွအဆုံး ညစ်ညမ်းစာများ ရေးသားသူပင်လျှင် ဆိုင်ရာညစ်ညမ်း
စာများကို ဖတ်ရပေလိမ်မည်။ ထိုစာအုပ်များမှ ဖတ်သားရလာသော
အခါ မိမိသည်လည်း ညစ်ညမ်းစာရေးဆရာတစ်ယောက်ဖြစ်နိုင်ပါ
သည်။
ထို့ကြောင့် စာရေးဆရာမှန်သမျှသည် မိမိနှင့်ဆီလျှော်ရာစာပေကို
ဖတ်ရှုမြတ်နိုးနိုင်သူများဖြစ်သည်။ မိမိဖတ်သော စာသည် ကိလေ
သာမှ ထွက်မြောက်ကြောင်းဖြစ်အံ့။ ထိုသူသည် ကိလေသာခေါင်း
ပါးသော စာများကို ရေးသားသော စာရေးဆရာပင်ဖြစ်လိမ့်မည်။
မိမိဖတ်သောစာသည် တဏှာထကြွ မေထုန်သံဝါသများဖြစ်လေ
သော် အနှီသူသည်လည်း ရာဂသောင်းကျန်း ကိလေသာအရူးအ
နှမ်းစာရေးဆရာပင်ဖြစ်မည်။
သို့ပါ၍ ကျွန်ုပ်တို့သည် မည်သည့်စာအုပ်ကိုဖတ်၍ မည်သည့်စာများ
ကိုရေးသားမည်နည်း . . . .
ပိဋကတ်ကိုဖတ်၍ ကုသိုလ်ကိုရှာငင်သိမ်းဆည်းတက်ကြသလို
ယင်းပိဋကတ်ကိုဖတ်၍ အကုသိုလ်အထုတ်အပိုးကြီးများကို တနင့်
ထမ်းပိုးသွားကြသည်လည်းရှိသည်။
“စေတီ” ဟူသည်၊ ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်ဖြစ်သည်။
“ဗလီ” ဆိုသည် ၊ မွတ်ဆလင်ဘာသာဝင်တို့၏ အထွဋ်အမြတ်ပင်။
“ချက်စ်” ကျောင်းသည်လည်း ခရစ်ယာန်ဘာသာဝင်တို့၏ အမြတ်
တနိုးပူဇော်ရာပါ။
ထိုကဲ့သို့ ဘာသာရေးအဆောက်အဦများသည် ဆိုင်ရာဘာသာဝင်
တို့၏ အသည်းနှလုံးပင်ဖြစ်သည်။
သို့သော်လည်း  . .. လက်ပံတောင်းတောင် လယ်တီသိမ်နှင့်စေတီ
တော်တို့ကို အခြားဘာသာဝင်များဖြစ်သော မွတ်ဆလင်၊ခရစ်ယာန်
စသည့်တို့က မဖျက်ခဲ့ မဖြိုခဲ့ သော်လည်း ဗုဒ္ဓဘာသာဘုန်းတော်ကြီး
များသည်ပင် ဖျက်ကောင်းသည်၊ ဖြိုကောင်းသည်ဟု သြ၀ါဒပေးခဲ့
ကြသည်။ ယင်းနောက် bulldoze တို့ဖြင့် ဖျက်ဆီးလိုက်ကြသည်မှာ
ကွယ်ပခဲ့လေသည်။
အထက်စာကိုပြန်ကောက်ရခြေသော်  . ..
ကုသိုလ်စာဖတ်၍ တက်သော်လည်း အကုသိုလ်ကိုယူခဲ့သော
(မဟန)ခေါ် နိုင်ငံတော်သံဃမဟာနာယကဥက္ကဌ ဦးကုမာရ
(ဗန်းမော်) သည် မြန်မာနိုင်ငံအ၀ှမ်းမြို့တကာလှည့်၍ ကုသိုလ်
တရားကိုဟောကြေားနေခဲ့သည်မဟုတ်ပါလော။
ထို့ကြောင့်ကုသိုလ်စာကိုဖတ်၍လည်း ကုသိုလ်အလုပ်ကိုမလုပ်
ဖြစ်ဘဲ အကုသိုလ်အလုပ်ကိုလုပ်မိသည်လည်းရှိသည်။ သို့လျှင်
အကုသိုလ်စာကိုဖတ်၍ အကုသိုလ်အလုပ်ကိုမလုပ်ဘဲကုသိုလ်
အလုပ်ကိုလုပ်သူလည်း ရှိကောင်းသည်။
အခုလို သာဓကယုတ္တိ ဒေသနာယုတ္တိတို့ဖြင့် အရကောက်ပြီး
သော်  ဘ၀ကို ဘာစာတွေဖတ်လို့ ဘာတွေယူသွားမည်နည်း
ညစ်ညမ်းစာညစ်ညမ်းဓာတ်ပုံတွေကြည့်၍ မညစ်ညမ်းသောအတွေး
ကုသိုလ်များယူမည်လော  . . .။
မညစ်ညမ်းသောစာ မညစ်ညမ်းသော ပုံတွေပါသည် ပိဋကတ်တွေ
ဖတ်ကာ ညစ်ညမ်းသောအတွေးအကုသိုလ်များကိုယူမည်လော. .။
ထိုသို့ဖြင့် ကိုယ့်ကိုယ်ကို မေးခွန်းထုတ်သင့်သည်ဟု ထင်ပါသည်။
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget