.

AlinShin

Friday, December 26, 2014

အလင်းရှင်ရေးလည်း .. ရမ်းမယုံနှင့်

“ဆိုရေးရှိက ဆိုအပ်လှ၏ ၊ ဆိုစများလျား၊
ထားပချေမိ၊ ငါ့ဝန်ရှိခဲ့။”
(ရှင်မဟာရဋ္ဌသာရ)

အထက်ပါ ရှင်မဟာရဋ္ဌသာရ၏ အဆိုအမိန့်ကို အရကောက်သော်
လူသားသည် တာဝန်ဝတ္တရားများရှိသကဲ့သို့ယင်းတာဝန်ဝတ္တရားများ
ကိုလည်း ကျေပွန်စွာထမ်းဆောင်သင့်သည်ဆိုသည်။
ထိုအသိကို အလင်းရှင် ငယ်စဉ်ကပင်ခံစားသိမြင်ခဲ့ဖူးသည်ဟုထင်
သည်။ ထိုသည့်အလျှောက် မိမိဖြတ်သန်းသွားလာရသော ဘ၀အ
ချိန်တိုင်းတွင် ပြဿနာရပ်များအား မတုန်လှုပ်ဘဲ ထိုယုံကြည်ချက်
တစ်ခုတည်းနှင့်ပင်  . . . .
ရဲရဲ . . တက်သည်။
ရဲရဲ . . . တိုက်သည်။
ခပ်ရင့်ရင့်  .. တွေးပစ်သည် ။
ခပ် တည်တည်  . .ရေးတက်သည်။
ထိုသည်ကားအခြားမဟုတ်  . . .
“ဆိုရေးရှိက ဆိုအပ်လှ၏ ၊ ဆိုစများလျား၊
ထားပချေမိ၊ ငါ့ဝန်ရှိခဲ့။”
ဆိုသော ဆောင်ပုဒ်လေးကိုနှလုံးမူမိသောကြောင့်ပင်ဖြစ်သည်။
“ကျွန်ုပ်တို့သည် မဖြစ်မနေ သေကိုသေရမည်”
ထိုသို့မသေမီ လူသားတာဝန်ကို မဖြစ်မနေထမ်းဆောင်ကြရမည်။
မထမ်းဆောင်လေသော် ထိုသည်၏ လူဖြစ်ခွင့်သည် အိမ်မွေး
တိရိစ္ဆန်များဖြစ်ကြသော ခွေး ၀က် ကြက် တို့နှင့်တူနေပြီ။
ကဲ  . . . တွေးလိုက်ကြစမ်း  ..
ဟိတ်  . . . ရေးလိုက်ကြစမ်း  . .
ဒီမှာ ၀ီရသူကပြောနေပြီ  .. .
“နိုင်ငံတော်က လယ်ယာမြေတွေကို သိမ်းတာမဟုတ်ဘူး
လယ်သမားတွေကို ကောင်းစားစေဖို့ သိမ်းတာ ဒီလိုပဲ
ဦးဇင်းမြင်ပါတယ်”
(၀ီရသူ)
စာမငတ်လို့ စာဖတ်သူတိုင်း ၀ီရသူစကားဟာ မှန်သလား?
မှားသလား? စစ်ခွေးကြံ့ဖွတ်ရဲ့အလိုတော်ရီတစ်ယောက်ဆိုတာ
စဉ်းစားတက်လောက်ပါပြီ  . . .. ။
အောက်ပါလင့်တွင် ကလစ်ခေါက်၍ ဖတ်ပါ
http://alinshin.blogspot.com/2014/12/blog-post_747.html
http://alinshin.blogspot.com/2014/12/blog-post_358.html
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget