ဘဲဥကို အစရှာမသလို . . .
“ငါ”ဆိုတဲ့ အတ္တကောင်ကို ဘယ်မှာရှာရမှန်းမသိခဲ့။
“လူဖြစ်ခြင်းထက်လူသားဆန်ခြင်းသည်သာ ပဓာန”ဖြစ်ကြောင်းကို
အနတ္တသမားတိုင်းသိကြသည်။
“တည်မြဲသော မခိုင်ခံ့သော အမြဲတမ်းပျက်ဆီးနေကြောင်း”
သုတေသီတွေက မကြာခဏဆိုသလို သတင်းထုတ်ပြန်လေ့ရှိသည့်
ကမ္ဘာတွင် မြန်မာနိုင်ငံလက်ပံတောင်းတောင်ဒေသ၌ တရုတ်ဝမ်
ပေါင်သည် စစ်ခွေးကြံ့ဖွတ်အစိုးရကိုဂုတ်ခွစီးကာ ဒေသခံပြည်
သူတွေကို သတ်ဖြတ်ညှင်းဆဲနှိပ်စက်နေကြသည်။
ဒါကို အခြားသောကမ္ဘာ့အင်အားကြီးနိုင်ငံများကသိသည်မြင်သည်
သို့သော်လည်းပဲ အင်အားကြီးမားသော တရုတ်နိုင်ငံကို ဓားခုတ်ရာ
လက်ဝင်မလျှိုကြသည့် “လူသားမဆန်သောစိတ်ဓာတ်ကြောင့်”
တရုတ်နိုင်ငံရဲ့ ကျွန်ပြုဗိုလ်ကျစိုးမိုးခြင်းကို မြန်မာနိုင်ငံရှိသန်းငါး
ဆယ်ကျော်ပြည်သူတွေခံနေရပေသည်။
သက်သေသည်ကား . . . .
ဒေသခံရဟန်းသံဃာတော်များ ကန့်ကွက်ဆန္ဒပြနေသည်ကို မီး
လောင်ဗုံးဖြင့်ပစ်သတ်ခြင်း . .. ။
လစဉ် ဆန္ဒပြပြည်သူများကို အကြမ်းဖက်နှိပ်နင်းခြင်း . . .။
နောက်ဆုံးတွင် 22.Dec.2014 ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင်ဒေသ
ခံမြေယာပိုင်ဆိုင်သူ ဒေါ်ခင်ဝင်းအား သေနပ်ဖြင့်ပစ်ခဲ့ရာဦးခေါင်းကို
ထိမှန်ပြီးနေရာမှာတင်ပွဲခြင်းပြီးသေဆုံးခဲ့ပါသလို ဒေသခံအခြားရွာသူ
ရွာသား ၄၀ ဦးခန့်မှာလည်း သေနပ်ထိမှန်ဒဏ်ရာများရကာ မုံရွာ
ဆေးရုံတွင် ဆေးကုခဲ့ရသည်။
ထိုသည့်တိုင်အောင် . . . .
တရုတ်သည် မြန်မာ့မြေပေါ်၌ စစ်ခွေးကြံ့ဖွတ်အစိုးရကိုခေါင်းကိုနင်း
ကာ ပြည်သူကို တရားဝင်သတ်ဖြတ်နိုင်ခဲ့လေသည်။
စိတ်မကောင်းဖွယ်ရာဖြစ်ရသည်။ သို့သော်လည်းပဲ အများပြည်သူ
များကတော့ ကိုယ်နှင့်မဆိုင်သကဲ့သို့ နေကြသည်ကိုသတိထားမိပြန်
ပါသည်။
သံဃာရတနာဟု လူအများသမုတ်သိထားသည်တွင်အပါအ၀င်စရင်း
နေရာယူထားကြသော (မဘသ) နှင့် (၉၆၉) တို့သည် မွတ်ကုလား
မုန်းတီးရေးကိုသာအဓိကထားအားထုတ်ကြသည်။ မွတ်ကုလားဆိုင်
ဈေးမ၀ယ်ေ၇းနှင့် အော်ရီဒူး ဆန့်ကျင့်ရေးများကို လူမြင်ကွင်းထွက်
ဆန္ဒပြကြသော်လည်း တရုတ်ကြီးသတ်လို့သေဆုံးကြကုန်သော
ရဟန်းရှင်လူပြည်သူတွေအတွက်တော့ . မသိဟန်ဆောင်ကာ နေ
ကြသည်ကို မျက်စေ့ကောင်းသူနားကောင်းသူများသိကြသည်။
ကုလားဆိုလျှင် မုန်းလိုက်ကြစမ်း . . ဟု မွတ်ဆလင်မုန်းတီးရေးကို
အလေးပေးအားထားသော ယင်း(မဘသ) (၉၆၉) အဖွဲ့ကြီးသည်
ဗုဒ္ဓဘာသာပြည်သူကိုသတ်သော . . ဗုဒ္ဓမြတ်စွာ၏ သာသနိကအ
ဆောက်အအုံများရှေးဟောင်းစေတီပုထိုးများကို စီမံကိန်းမြေမလွတ်
၍ bulldoze နှင့်ထိုးကော်ဖျက်ဆီးသောအခါတွင် လုံးဝအသံတိတ်
နေကြသည်။ ဟား .. ဟား .. ဟား ..
အသိဉာဏ်ရှိသော ပြည်သူကို အရူးကွက်နင်းကာ ခွေးရူးသိုင်းကစား
ပြနေသည်။ ဒါကို အသိဉာဏ်ဆင်ခြင်တုံတရားဆိတ်သုန်းနေသော
လူတစ်စုက လက်ခုပ်လက်ဝါးတီးနေကြသည် . .။
ကဲ . . မဘသ ရဲ့ ရဲဘော်ကြီး “မောင်သွေး ချွန်ရေ ” တရုတ်အမျိုး
တရုတ်ဘာသာကြီးအတွက် ရေးလိုက်ကြပါဦး . . မျိုးချစ်ဆောင်းပါး
တွေ . . ။
အို . .. မဘသရဲ့ သူရဲကောင်းကြီး မကွေးပါမောက်ရေ ..
တရုတ်ကြီးသတ်လို့သေတဲ့ မသာဒေါ်ခင်းဝင်းဟာ မွတ်ဆလင်မ
မဟုတ်ဘူးဆိုတာလောက်တော့ သိပါစေ .. . ။
ဟို . .. မဘသ တို့ ၉၆၉ တို့ရဲ့ အဓိပတိကြီး ၀ီရသူရေ . . .
ကုလားမုဒိန်းကျင့်တာလောက်နဲ့တင် မျိုးစောင့်တရားမဖြစ်သေးဘူး
တရုတ် က မုဒိန်းကျင့်ရုံတင်မကဘူးနော် သတ်ပစ်တာ လူ့ဇာတ်ကို
အဆုံးစီရင်တာ . . ဒါကိုတော့ ရူးချင်ယောင်မဆောင်မိစေနဲ့ .. ။
အနိစ္စကို အနိစ္စလို့မြင်ခြင်း ၊ အနတ္တကို အနတ္တဟုမြင်ပြီး ဒီစာကိုရေး
လိုက်သည်။ Share ချင်Share မShare ချင်မShare နဲ့ အားလုံးဟာ
နောက်ဆုံး “ပြာဖြစ်မဲ့ကောင် . . မသာကောင်တွေချည်းသာပဲ .. . ။”
လက်ပံတောင်းတောင်သူရဲကောင်းဒေါ်ခင်ဝင်း၏သေတမ်းစာ ကိုဖတ်
လို့ပါက အောက်ပါလင့်တွင် ကလစ်ခေါက်၍ ဖတ်ရှုနိုင်ပါသည်။
http://alinshin.blogspot.com/2014/12/blog-post_775.html
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)
No comments :
Post a Comment