HAPPENING NOW: MEC Blocks Primary Student's Access to School
အလုံမြို့နယ် ကမ်းနားက ဦးမြငါးစင် သမ္ဗာန်ဆိပ်ကို
မောင်လေးမောင်ခိုင်ချောင်း သမ္မာန်ဆိပ်ဘက် ပြောင်းရွှေ့ထားတယ်လို့
စာရေးအသိပေးထားပေမယ့် မူလတန်းကျောင်းသားတွေအတွက်
ကျောင်းသွားရတာ ဝေးသွားသလို ရေလမ်းခရီးလည်း
အချိန်ပိုကြာသွားတာကြောင့် ကျောင်းသားမိဘတွေနဲ့
သမ္ဗာန်သမားတွေက လက်မခံကြဘူးလို့ပြောဆိုပြီး နိုဝင်ဘာ ၂၁ရက်နေ့
မနက် ၁၁နာရီလောက်ကစပြီး ဆန္ဒပြတောင်းဆိုနေကြပါတယ်။
မူလက ပြည်သူပိုင်လူသွားလမ်းကို အုတ်တံတိုင်းနဲ့ အသေပိတ်ကာခဲ့တာ
၂လလောက်ရှိပြီး ပြန်ချပေးတဲ့ သမ္ဗာန်ဆိပ်ဝင်းထဲက မူလလမ်းကို
သွားတဲ့အပေါက်ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ရက်နေ့ကစတင်ပြီး ဆူးကြိုးနဲ့
ပိတ်ကာခဲ့ပါတယ်။ နိုဝင်ဘာ ၂ဝရက်နေ့ညမှာတော့ ကားလမ်းကနေ
ယာယီလမ်းကိုသွားတဲ့ ဝင်ပေါက်နဲ့ ယာယီလမ်းကနေ သမ္ဗာန်ဆိပ်ကိုေ
ကွ့သွားရတဲ့ လမ်းပေါက်ကို သွပ်ပြားတွေနဲ့
ထပ်မံကာရံလိုက်တာဖြစ်ပါတယ်။
(ဓာတ်ပုံ - လပြည့်ကို/ကမာရွတ်မီဒီယာ)
ကဲ . .. ဒီသတင်းကိုဖတ်သိရတော့ စစ်ခွေးအစိုးရသိန်းစိန်တို့ကိုစိတ်ပျက်
မိပါတယ်။ လုပ်ချင်သလိုလုပ် ပြည်သူကို တရိစ္ဆာန်လိုသဘောထားနေ
တယ်ဆို ပေါ်လွင်တယ်။
တို့တွေ ဒီစစ်ခွေးတွေကို ဟို အာဏာရှင်နေ၀င်းကဲ့သို့ အမြစ်ပြတ်မခြေ
မှုန်းနိုင်သရွေ့ ဒီလိုပဲ ခံနေရမှာပါပဲ
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)
https://www.facebook.com/KamayutMedia/photos/pcb.1015039545179908/1015039388513257/?type=1
No comments :
Post a Comment