သတ်ပုံမဲ့တဲ့ . .. အချစ်
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~ ~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
ဟိုတစ်နေ့က ကဗျာဆရာတစ်ယောက်နဲ့ဆုံဖြစ်ခဲ့တယ်
သူက
စာလုံးပေါင်းသတ်ပုံတွေ မတက်လို့တဲ့။
ငါကအခုလိုပြန်ပြောလိုက်ပါတယ်
မင်းကောင်မလေးကို နမ်းချင်လို၍ နမ်းမယ်ပြောတော့
စာလုံးပေါင်းသတ်ပုံပါလို့လား .. လို့။
အဲဒီတော့ ကဗျာဆရာက . . .
တ၀ါးဝါး ၊ တဟား ဟားနဲ့ ထရီတယ်။
ဟုတ်တယ်
ကဗျာမှာတော့ စာလုံးပေါင်းသတ်ပုံလိုကောင်းလိုမယ်
အချစ်မှာတော့ စာလုံးပေါင်းသတ်ပုံမလိုဘူး။
ယုယဖို့ရယ် ..
ညှင်သာဖို့ရယ် ..
သစ္စာရှိဖို့ရယ် ..
လိမ္မာပါးနပ်ဖို့ရယ် .. .
ဒါပဲ .. ဒါပဲ . .. ဒါပဲ လိုတယ်။
ငါပြောတာမှားတယ်မထင်နဲ့
အာဒံနဲ့ဧ၀တို့ ချစ်တုန်းက စလုံးပေါင်းသတ်ပုံကျမ်းတွေ
မပေါ်သေးဘူး။
မင်းတို့အဘိုးအဘွားတွေချစ်ရည်လူးခဲ့ကြတုန်းကလည်း
အင်္ဂလိပ်၊ဂျပန်စစ်ဖြစ်နေတဲ့ ကာလမို့ သတ်ပုံကျမ်းကိုအသာထား
သင်ပုန်းကြီးတောင်ကုန်အောင်မသင်ဖြစ်ခဲ့ဘူးမဟုတ်လား။
ဒါ့ကြောင့် . . .
အချစ်မှာသတ်ပုံမလိုဘူး။
ဘဒ္ဒန္တကောဝိဒ (အလင်းရှင်)
Friday, November 21, 2014
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment