ငါက . . .
အရောင်တွေအကြောင်းကိုနားလည်တဲ့
ပန်ချီဆရာတစ်ယောက်မဖြစ်ခဲ့ဘူး။
စကားလုံးတွေနဲ့
ငါ့တို့အသက်ရှုသံကိုငါတွေးကြည့်တယ်
ငါ့တို့နိုင်ငံကိုငါပြန်တွေးကြည့်တယ်
ငါ့တို့ကိုးကွယ်တဲ့ဘာသာတရားကိုပြန်တွေးကြည့်တယ်
သြော် . . . .။
ငါ’ ငါ့နိုင်ငံနဲ့ ဗုဒ္ဓဘာသာတရားဟာ
စစ်ခွေးအာဏာရှင်လူတစ်စုရဲ့
သော့ခပ်ခံထားရတဲ့ ဘ၀တွေပါလားလို့သိလိုက်ရတယ်။
ဘဒ္ဒန္တကောဝိဒ (အလင်းရှင်)
No comments :
Post a Comment