.

AlinShin

Saturday, November 1, 2014

ကိုးပွင့်ဆိုင်တွေ့ဆုံမှုက ဂဂျိုးဂဂျင့်ဆိုင် ဖြစ်နေလို့ အိုဘားမားတောင်ဘုန်းကြီးဝတ်သွားတယ်

ထိပ်သီးခေါင်းဆောင်များ ဆွေးနွေးပွဲတက်ခဲ့သော ဦးခွန်ထွန်းဦးနှင့် တွေ့ဆုံခြင်း 
နိုင်ငံရေး ထိပ်သီးခေါင်းဆောင် များဆွေးနွေးပွဲကို နိုင်ငံတော် သမ္မတ အိမ်တော်တွင်
အောက် တိုဘာ ၃၁ ရက်က ကျင်းပပြု လုပ်ခဲ့ရာ ဆွေးနွေးပွဲသို့ တက် ရောက်ခဲ့သူ 
တိုင်းရင်းသားခေါင်း ဆောင်တစ်ဦးဖြစ်သည့် ရှမ်းတိုင်း ရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်
ဥက္ကဋ္ဌဦးခွန်ထွန်းဦးအား ဆွေး နွေးပွဲအပြီး 7Day Daily က သီး သန့်တွေ့ဆုံမေးမြန်း
ခဲ့ပါသည်။
ယခုဆွေးနွေးပွဲကို မည်သည့်ရည်ရွယ်ချက်ဖြင့် ပြုလုပ်ကျင်းပသည်ဟု ရှမ်းတိုင်းရင်း
သားများ ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် မခန့်မှန်းနိုင်သော်လည်း စိတ် ရင်းစေတနာ
ကောင်းဖြင့် ရည် ရွယ်ပြုလုပ်သည်ဟုသာယူဆလို ကြောင်  ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦး
က ပြောကြားခဲ့သည်။ ဦးခွန်ထွန်းဦးနှင့် တွေ့ဆုံမေးမြန်းထားသည်များမှ
ကောက်နုတ်ဖော်ပြလိုက်ပါသည်။

ဆွေးနွေးပွဲကို အားရမှုရှိပါသ လား။
မရှိဘူးပေါ့။


ဆွေးနွေးပွဲမှာ အချက် ငါးချက်ဆွေးနွေးတယ်ဆိုပြီး သိရပါတယ်။
တင်ကြတာပဲလေ။ သူဂိုက် လိုင်းပေးတာ သုံးခုပေါ့။ ငြိမ်းချမ်း ရေးအတွက်ပဲလေ။ 

ဒါပေမဲ့ ငြိမ်းချမ်းရေးကနေ ချော်ပြီးတော့ ပညာရေးတို့၊ ကျန်းမာရေးတို့၊ လူ မှုရေးတို့
ဘာတို့လည်း လိုက်သွား တယ်လေ။

အဓိကကျတဲ့ ဖွဲ့စည်းပုံပြင်ဆင် ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အပေါ်မှာကော 
ဆွေးနွေးပွဲက ဘယ်လောက်အထိ ဆွေးနွေးနိုင်ခဲ့လဲ။
အဓိကကတော့ ဖွဲ့စည်းပုံ က ပြင်ခိုင်းတဲ့သူလည်းရှိတယ်လေ။ မပြင်တပြင်

ပြင်ချင်တဲ့သူလည်းရှိတာပဲ။ ဖွဲ့စည်းပုံက တော့ လက်မှတ်ထိုးမှပဲ သိရတော့
မယ်ထင်တယ်။ ဒီဟာကလည်း လွှတ်တော်ထဲမှာ သွားမဲခွဲမယ်ဆို ရင် ပြဿနာက
ပြန်စမှာပဲ။ လွှတ် တော်ထဲမှာ မဲခွဲမှတော့ အပြင်မှာ ဘာကြောင့် သုံးနှစ်သုံးမိုး
ပြန်စနေမလဲ။
ဦးရဲထွဋ်က အခြေခံဥပဒေကို လွှတ်တော်အထဲမှာ ပြင်ဖို့ အားလုံး သဘောတူဆွေးနွေးခဲ့တယ်လို့ ပြောသွားတယ်။ တကယ်ပဲ သဘောတူခဲ့တာလား။
ကျွန်တော်သိရသလောက် ဆိုရင်တော့ သူတို့ဒါကိုပြောတာ မပြီးပြတ်သေးဘူးပဲ။ 

အဲဒီတော့ သူတို့ပြန်တွေ့ပြီး ပြောကြလိမ့် မယ်ထင်တယ်။ တချို့ကတော့ ပြင်စေ
ချင်တယ်။ တချို့ကတော့ မပြင်စေချင်ဘူး။ ဘယ်သူတွေ မပြင်စေချင်တာလဲဆို
တာတော့ အဲဒါတော့ စုံနေတာပါပဲ။ နာမည်နဲ့ ပြောတာမကောင်းပါဘူး။ တပ်
မတော်ကတော့ ဘာမှ သိပ်မပြောပါဘူး။ ဦးရွှေမန်းကတော့ ဒီ ၂၅ ရာခိုင်နှုန်းတော့
မပြင်နဲ့၊ တခြားဟာပြင်ဆိုပြီး နည်းနည်းပါးပါးတော့ ပြောတာပေါ့။ ၄၃၆ က ဒီနေ့ဆွေး
နွေးတဲ့အထဲမှာ မပါပါဘူး။ ခေါ်ကတည်းက ပြင်ဖို့ ဆွေးနွေးတာ မဟုတ်ဘူး။ငြိမ်းချမ်း
ရေးက ရပ် နေတာ အဲဒါပဲလေ။

နိုင်ငံရေးဆိုင်ရာအပစ်အခတ်ရပ် စဲရေး သဘောတူညီချက်စာချုပ် (NCA) ကို ၂၀၁၅ မှာ 
ထိုးဖို့ရည်ရွယ်ထားတယ်လို့ ပြောသွားတယ်။ အဲဒါကိုကော သဘောတူညီချက် 
ရခဲ့တာမျိုးရှိလား။
NCA ကိုထိုးပြီးတော့ လွှတ် တော်ထဲကို သွားပြီး သဘောတူညီချက်ယူမယ်ဆိုရင် 

သူတို့ ဆွေးနွေးခဲ့တာတွေက အလကား ဖြစ်သွားမှာပေါ့။ တကယ်လို့ လွှတ်တော်က 
သဘောမတူခဲ့ဘူး ဆိုရင် လွှတ်တော်က အတည်ပြု ချက်ယူတယ်ဆိုတာမျိုးပဲဖြစ်နိုင်မယ်။

ဒီတော့ ဒီနေ့ဆွေးနွေးပွဲက ငြိမ်း ချမ်းရေးမှာလည်း ဘုံသဘောတူ ညီချက်မရခဲ့
ဘူး။ ဘယ် အကြောင်းအရာကိုမှ သဘောတူ ညီချက်မရဘူးပေါ့။
မရဘူး။ ဟိုတို့တိ၊ ဒီတို့တိ ပေါ့။ တစ်ယောက်ကို ၇ မိနစ်၊ ၁၀ မိနစ်ပေးတယ်။ 

အဲဒါကို မဆီ မဆိုင်တွေလည်း လျှောက်ပြော တယ်။ ဘယ်ခုနှစ်က ဘာပြော 
တယ်တို့၊ ဘာတို့။ ဒေါ်စုကလုံးဝ ကို မကြည့်တော့တာ။ သူ့မှာ မန်း ဒိတ်မပါဘူးတဲ့။ 
ဒါတွေ ကျွန်မ မဆွေးနွေးနိုင်ဘူးတဲ့ ဒါပဲ။ ဗြောင် ပြောတယ်လေ။ စာရတာ နောက် 
ကျတယ်တဲ့။ ဗဟိုကော်မတီနဲ့ ကျွန်မမဆွေးနွေးရဘူးတဲ့။ တခြား ဟာပဲပြောတယ်။

နောက်တစ်ခေါက်ထပ်တွေ့ဆုံ မယ်လို့ပြောခဲ့သေးလား။
တွေ့မယ်ပြောတယ်။ ဆွေး နွေးပွဲကို မကြာမကြာလုပ်မယ် ပြောတယ်။ သူပြောတဲ့ 

သုံးချက် ထဲကဟာကို တချို့လည်း မဆွေး နွေးပါဘူး။ သူတို့ကျွမ်းတဲ့ ဘာ သာရပ်မှ 
မဟုတ်တာ။ ဘယ်မှာ သွားပြီး ထိပ်တိုက်တွေ့နေလဲ မသိ။ ယေဘုယျဆန်ဆန်မေးတဲ့ အခါကျတော့ ယေဘုယျဆန်ဆန် ပဲ ပြန်ဖြေကြတာပေါ့။ ဆွေးနွေး တယ်ဆိုတာ 
မဟုတ်တော့ တင်ပြ ပါတယ်ပဲပြောရတယ်။ အခုက ဆွေးနွေးတာမဟုတ်ဘူး။ တွေ့ဆုံ 
တာ၊ တွေ့ဆုံထမင်းစားပွဲပါပဲ။
ေေးကျေးဇူးတင်ပါတယ်။
http://www.7daydaily.com/story/24034#.VFTR1EDDWHQ

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget