.

AlinShin

Sunday, November 2, 2014

နတ်သားတစ်ယောက်၏ ..ဖွင့်ဟ၀န်ခံချက် (အပိုင်းက)

“ဇန၀သဘော အဟံ ဘဂ၀ါ ” 
“ဇန၀သဘော အဟံ သုဂတာ”တိ။
ဒီပါဠိတော်လေးက ပလ္လင်ပေါ်မှာဆိုရင် သိပ့်ဆိုလို့ကောင်းမယ်။
အနက်ကလေးကလည်းပဲ ရွတ်လိုက်ရင် ချိုလို့ကိုနေမယ်။
ကဲ … တို့တွေ အွန်လိုင်းစာမျက်နှာလေးကို ပလ္လင်လို့သဘောထား
ပြီး ရွတ်ကြရအောင်ကွာ။ ငါလည်း လူ့တွေရှေ့ထွက်ပြီး မရွတ်ခဲ့ရ
တာကြာပြီ။ ကဲ  . .တို့ ပါဠိတော်လေးကိုပူဇော်လိုက်ကြရအောင်။
 
“ဘဂ၀ါ ၊ ဘုန်တော်ကြီးတော်မူသည့်မြတ်စွာဘုရား။ အဟံ ၊တပည့်
တော်သည်။ ဇန၀သဘော၊ ဇန၀သဘ နတ်သားပါဘုရား။”

ဟ ၊ ဟ၊ မင်းတို့တော့မသိဘူး။ 
ငါတော့ စာရေးနေတယ်လို့မထင်မိဘူး။
မြတ်စွာဘုရားထံမှာ ဇန၀သဘ နတ်သားတကယ်ကိုလာရောက်
လျှောက်ထားနေတယ်လို့ကိုပဲ ခံစားမိတယ်။
ဒါ Felling ကွ တို့စာလိုပြောရင်တော့ ဈာန်ပဲ။ 
ဒါအခုမှမဟုတ်ပါဘူး။ ပိဋကတ်များကို အခုလို ဖေါက်သည်ချမိတိုင်း 
ဒီ Felling ဖြစ်တယ်။ ဒီ felling ထဲမှာ ငါမြောမြောသွားတယ်။ 
အဲလိုရေးပြီးသွားရင် ဗြုန်းဆို ငါ့ပတ်ဝန်းကျင်မှာ ငါပြန်ထိုင်တော့
နေသားမကျဘူးဖြစ်ဖြစ်နေတယ်။ 
ပတ်ဝန်းကျင်မှာက လောဘသမားတွေ ၊ ဒေါသသမားတွေ ။ 
ငါ ထလာတာက အလောဘ ၊အဒေါသ နယ်မြေကနေ။ ဒီတော့
ငါ့မှာအတော်ကို နေရခက်တယ်။ ငါက ပိဋကတ်ထဲကအတိုင်း 
အပြင်မှာစကားပြောတယ်။ အဲဒီအပြင်ကလူတွေက ပိဋကတ်အတိုင်း
မမြင်ဘူး။ 
ဝူး . . .. ကြာတော့ အဲဒီလူတွေရဟန်းတွေကို ငါရွံလာတယ်ကွာ။
ငါ့အတွက် သူတို့နေတဲ့ ဇိမ်ခံကျောင်းတိုက်တာကြီးတွေ ၊ ဇိမ်ခံကား
ကြီးတွေက မသတီစရာဖြစ်နေတယ်။ ဒီတော့ ဘာနဲ့အလားတူလည်း
ဆိုတော့ အိပ်မက်ထဲမှာ ချစ်သူကိုတွေ့ခဲ့ရသလိုမျိုးပဲ။
တကယ့်လက်တွေ့နဲ့က တစ်ခြားစီဖြစ်နေတယ်။
အခုလည်း ဇန၀သဘနတ်သားက မြတ်စွာဘုရားကို လျှောက်ထား
နေတယ်။ 
 
“သုဂတော ၊ ကောင်းသောစကားကိုသာလျှင်ဆိုတော်မူတက်သော
မြတ်စွာဘုရား။ အဟံ ၊ တပည့်တော်သည်။ ဇန၀သဘော၊ ဇန၀သ
ဘအမည်ရှိတဲ့ နတ်သားပါဘုရား။ တဲ့။

တစ်ခါတည်းပဲ မြတ်စွာဘုရားကို ပိုမိုကွဲပြားသိရှိသွားအောင် နောက်
ထပ်အများသိတဲ့ နာမည်နဲ့ထပ်ပြီးတော့ လျှောက်ထားတယ် . .။
ငါအရှေ့ကရွတ်ပြမယ် မင်းတို့က အသံနေအသံထားလေးနဲ့ လိုက်
လိုက်ဆိုလိုက်နော် . . .

 
“ဗိမ္ဗိသာရော အဟံ ဘဂ၀ါ ၊ ”
“ဗိမ္ဗိသာရော အဟံ သုဂတာ” တိ။
“ဘဂါဝါ၊ ဘုန်းတော်ကြီးမြတ်တော်မူပါသော မြတ်စွာဘုရား။ အဟံ၊
တပည့်တော်သည်ကားလို့ဆိုရင် ။ ဗိမ္ဗိသာရော ၊ မဓတတိုင်းကိုအစိုး
ရခဲ့ပါတဲ့ ဗိမ္ဗိသာရ မင်းဘ၀မှစုတိလာတဲ့နတ်သားပါဘုရား။ ” တဲ့။

ညဥ့်အခါကြီးနော်၊ ကိုယ်ရောင်ကိုယ်ဝါတောက်ပ ကိုယ်ထင်ပြကာ 
မြတ်စွာဘုရားထံကို အမည်နာမထုတ်ပြပြီး လျှောက်ထားတာနော်။ 
သူ့နာမည်က ဇနဘ၀သဘအမည်ရှိတဲ့နတ်သား သို့တည်းမဟုတ်
ဗိမ္ဗိသာရ ။ ဒါဆိုရင် မင်းတို့တွေသိပြီ။ ဒီနာမည်ကြားတာနဲ့ မင်းတို့
သိနေကြပြီ။ ဟိုကောင်လေကွာ အဇာတသတ်လေ ။ အဖေအဖြစ်တဲ့
ဗိမ္ဗိသာရလေ ။ 
ခြေဖ၀ါးဓားနဲ့ခွဲ ဆားလူး ရှားမီးဖိုမှာအကင်ခံပြီး နတ်ရွာစံသွားရတဲ့
မင်းကြီးလေ။ သူတော်ကောင်းကြီးပေါ့ကွာ။ ဗုဒ္ဓကို အရမ်းချစ်ကြည်
ညိုတဲ့ရှင်ဘုရင်ပေါ့။ နောက်ကြောင်းလေးနဲနဲပြန်ကြည့်ရင် ဗုဒ္ဓဟာ
ဘုရားတောင်မဖြစ်သေးဘူး ။
“ဘုရားအဖြစ်အားမထုတ်ပါနဲ့ ” 
“ငယ်ပါသေးတယ် သူ့တိုင်းပြည်ကို တစ်ဝတ်မျှပေးပါ့မယ်” တဲ့
အဲလိုကြီးကို ကြည်ညိုခဲ့တဲ့သူ။ ဗုဒ္ဓဘုရားအဖြစ်သို့မရောက်မီ ကြည်
ညိုတဲ့အထဲမှာ ဗိမ္ဗိသာရမင်းကထိပ်ဆုံးကပဲ ကွ။ ဘာလို့လည်းသိ
လား။ ဘုရားကို ဘုရားမဖြစ်ခင် ဘုရားအဖြစ်ကျင့်မယ်ဆိုကာစမှာ
ပဲရှိသေးတယ် တို့ဗုဒ္ဓအလောင်းတော်ကို ဇန၀သဘ ခေါ်ဗိမ္ဗိသာရ
မင်းကြီးက ဘုရားအလောင်းတော်ရဲ့အသွင်သဏ္ဍာန်ကိုကြည်ညို
လွန်းလို့ သူ့တိုင်းပြည်ကြီးကို တစ်ဝက်ခွဲပေး ပေးပါ့မယ်” ဆိုပြီးပြော
ခဲ့တာ။ တို့သိသလောက် ဘုရားမဖြစ်ခင်ကြည်ညိုတဲ့အထဲမှာ ဗိမ္ဗိသာ
ရကိုပဲ တို့လေ့လာဖူးတယ်။ နောက်ထပ်ရှိမရှိတော့ တို့လည်းစာမနှံ့
တော့မသိဘူးကွ။ ဒီလို ဗိမ္ဗိသာရက ပြောတာကို ။ တို့ဘုရားအ
လောင်းတော်က ကလက်မခံခဲ့ပါဘူး။ 
“ဟင်အင်းတဲ့ ၊ ”
“ငါက ဘုရားအဖြစ်ကိုပဲအလိုရှိတာ ” လို့ 
ပြန်ပြောလိုက်တယ်။ အဲဒီအခါ ဇန၀သဘခေါ် ဗိမ္ဗိသာရ မင်းကြီးက
နောက်ထပ် အထွန့်ဆက်တယ်သေးတယ် . .. ။
“ဒါဆိုရင်လည်း ” 
“ အသျှင်ဘုရားဖြစ်တဲ့အခါ သူ့မြို့မှာအရင်ဆုံး လာနေပါ” တဲ့။
ဘုရားကသူ့ရဲ့ကြည်ညိုလေးစားမှုကို လက်ခံသောအနေဖြင့် . . .
“သြော် . . .ကောင်းပါပြီ ”
“ငါ ဘုရားဖြစ်တဲ့အခါ အရင်လာခဲ့ပါမယ် ” တဲ့။
ကဲ .. ကြည့်စမ်း ၊ မနေ့က ငါတင်ခဲ့တဲ့ ပိုစ့်လေးမှာလိုပဲနော်။ 
သူတော်ကောင်းတွေဟာ သူတော်ကောင်းအချင်းချင်းကြည်ညိုကြ
တယ်။ ကြည်ညိုပုံလေးတွေကလည်းပဲ အတုယူစရာ မှတ်သားစရာ
လွမ်းဆွတ်စရာလေးတွေ ကွ။ တို့ ရဟန်းဘ၀မှာ နေပျှော်တယ်ဆို
တာ အခြားမဟုတ်ဘူး အခုလို စာတွေဖတ်ရလို့ ၊ မှတ်ရလို့ ၊ ပြန်ပြီး
မင်းတို့ကို လက်ဆင့်ကမ်းခွင့်ရလို့ပါ။ 
ဟို . . အခြားလာဘ်တွေကိုတို့ မမျှော်ကိုးမိပါဘူး ။
နောက်ဘ၀ရယ် ရှေ့ဘ၀ရယ်လို့ ရမယ့်လာဘ်တွေကိုလည်း တို့ ၊
မစဉ်းစားမတောင့်တမိပါဘူး။ ခုပစ္စုပ္ပန်လေးမှာ ဖတ်မှတ်နားကြားရ
တဲ့ ဗုဒ္ဓ၀ါစကာတော်များရဲ့ အငွေ့အသက်တွေထဲမှာ တို့ပျှော်ပိုက်
နေတယ်။ ဒီလို ရေးရ မှတ်ရ ပြောရတဲ့ အခွင့်အရေးသာလျှင် လူဖြစ်
ကျိုး ရဟန်းဖြစ်ကျိုးနပ်တယ်လို့ တို့များရဲရဲကြီးဂုဏ်ယူနေမိတယ်။  
ဟို . တစ်ခဏစံရမယ့် ၊ သုံးထပ်ကျောင်းဆယ်ထပ်ကျောင်းကြီးတွေ
တစ်ခဏလေးစီးရမယ့် ဇိမ်ခံ LandCruiser ကားကြီးတွေကိုလည်း မ
လိုလားပါ။
ဒါ့ကြောင့်တို့ကို စစ်ခွေးကြံ့ဖွတ်တွေနဲ့ပေါင်းပြီး သံဃနာယက ထောင်
ချတယ်။ တို့ထောင်ထဲမှာလည်း ဒီလိုစိတ်နဲ့ပဲ ပျှော်မွေ့ခဲ့ပါတယ်။
အခုပဲကြည့်လေ ၊ သူတော်ကောင်းတွေ တွေ့ဆုံကြပုံက ၊ တကယ့်
ကို ကြည်နူးစရာနော် ။ 
ဗုဒ္ဓဘုရားမဖြစ်ခင်တုန်းကလည်း တစ်ယောက်နဲ့တစ်ယောက် ချစ်
စရာကြည်ညိုစရာ နှလုံးပျှော်မွေ့ဖွယ်ရာလေးတွေနဲ့ ဆုံကြတယ်။ 
ဟော၊ ဘုရားဖြစ်လာပြန်တော့လည်း ဒီတိုင်းပဲ ။ ကဲ ၊ အခုသူသေဆုံး
သွားပြီးတဲ့နောက်ရောက်ပြန်တော့လည်း ဘယ်လောက်များကြည်နူး
စရာကောင်းလည်း။ ကိုယ်ရောင်ကိုယ်ဝါတောက်ပစွာနဲ့ ဘုရားရှိရာ
လာပြီး နှုတ်ဆက်စကား အရိုအသေများနဲ့ ကန်တော့တယ်။ ဒီလို
ဒီလို စာတွေ တို့ဖတ်ရတော့ ဒုစရိုက်အလုပ်ကြီးတွေကို ရွံလာတယ်။
ကိုယ်တိုင်မလုပ်ချင်သလို သူများလုပ်နေတာတွေ့လည်း အော့နှလုံး
နာတယ်။ ဒါ့ကြောင့် တို့စာရေးနေတာတွေဟာ ဒါပဲ။ ဘ၀ကိုရွံရွံရှာရှာ
အကုသိုလ်ဒုစရိုက်ကြီးတွေကို မလုပ်ချင် ၊ မမြင်ချင် ၊မကြားချင်ဘူး။ 
သို့သော်လည်းပဲ . . . 
မြန်မာနိုင်ငံမှာ မွေးကြီးနေရတဲ့သူဖြစ်လေတော့ ။ မြင်ရတယ်၊ ကြားရ
တယ် ၊ တကယ်ကို စိတ်မကောင်းစရာတွေများနေတယ်။ 
ကိုယ့်ဘိုးကိုယ့်ဘွားတို့လက်ထက်ကတည်းက ပိုင်ဆိုင်လုပ်ကိုင်လာ
ခဲ့တဲ့ လယ်ယာအိုးအိမ်ခြံမြေတွေဟာ စစ်တပ်ကသိမ်း ခရိုနီထံ
ရောက်၊ စစ်တပ်ကသိမ်း တရုတ်ထံရောက် နဲ့၊ အိုးအိမ်လယ်ယာမဲ့
ပြည်သူတွေရဲ့အတိဒုက္ခဟာ စိတ်ပျက်စရာပဲ။ ဒီကြားထဲ အဲဒီလယ်
သမားတွေက ကိုယ့်လယ်ကိုယ်ပြန်လိုချင်တော့ ဆန္ဒပြဖို့ ခွင့်ပြုမိန့်
တောင်းတယ်၊ သက်ဆိုင်ရာအာဏာပိုင်တွေက မပေးဘူး။နောက်ဆုံး
တော့ ၊ မပေးလည်းနေတော့ကွာ ။ ပြမယ် ၊ ဆိုပြီးတော့ လယ်သမား
တွေက ဆန္ဒပြကြတယ်။ အဲဒီအခါမှာ စစ်ခွေးကြံ့ဖွတ်အဖွဲ့က ခွင့်ပြု
မိန့်မရဘဲ ဆန္ဒလို့ဆိုပြီး ပုဒ်မ၁၈ နဲ့ ဖမ်းတယ် ၊ ထောင်ချတယ်။ 
ကဲ . . ကောင်းရောကွာ။ ကမ္ဘာကြီးတော့မသိဘူးနော် ။ မြန်မာပြည်
တော့ တကယ့်ကို ဥပဒေမဲ့လုပ်နေတဲ့ စစ်ခွေးကြံ့ဖွတ်တွေကိုတို့ကိုယ်
တိုင်မြင်ရတယ်နော် . . . .
လယ်ပိုင်သူက ကိုယ့်လယ်ကိုယ့်မြေပြန်တောင်းတာ ထောင်ကျရ
တယ်တဲ့။ ဘယ်နိုင်ငံမှာကြားဖူးလဲ ။ ဘယ်နိုင်ငံမှာမြင်ဘူးလဲ။ ပိုင်ရှင်က
သူခိုး အဖြစ် ထောင်ပြန်ချခံရတယ်။ 
ဒီတော့က ပြည်သူများကို ဒီလောက်တောင် ကိုယ်ချင်းမစာနှိပ်စက်
ဘုရားတွေသိမ်တွေကိုလည်းပဲ ရှေးဟောင်းအမွေအနှစ်အဖြစ်မထိမ်း
သိမ်းတဲ့အပြင် ဖြိုပါပစ်တယ်။ ဒီလို လူဖြစ်ပါလျက်နဲ့ အာဏာရှိပါ
လျက်နဲ့ ရရှိတဲ့ ဘ၀အခွင့်အရေးကို မဟာအ၀ီစိနဲ့ အလဲအလှယ်လုပ်
ပစ်ကြတယ်။ 
ကိုယ့်မှာအတိတ်ကံကောင်းလို့ အာဏာရှိတယ်။ ဒီလိုရှီတဲ့အာဏာကို
နတ်ပြည်နတ်လောကနဲ့မလဲဘဲ အ၀ီစိငရဲနဲ့လဲနေတယ်နော်။
ဒါတင်ဘယ်ကဦးမှာလည်း၊ဒီနိုင်ငံကိုငြိမ်ဝပ်ပိပြားဖို့အတွက်သံဃာထု
ကို ထိမ်းဖို့ သံဃာအတုတွေကိုထည့်သွင်းလိုက်တယ်။ သံဃာအစစ်
တွေထဲကို ဘာသာဝါဒမှိုင်းမီးခိုးမှုတ်ပေးလိုက်တယ်။လူထုအချို့နဲ့သံ
ဃာအချို့ဟာ အဲဒီ မီးခိုးမှိုင်းကိုရှုရှိုက်လိုက်တော့ ဂလယ်အူကြောင်
တွေဖြစ်ကုန်ရော (အစက ဒီအထဲတို့လည်းပါသေးတယ်)။
ပုထုဇဉ်ဆိုတော့ အချို့သံဃာအစစ်တွေဟာလည်းပဲ ဘာသာအယူဝါ
ဒမှိုင်းထဲမှာ မူးမိုက်နေရတော့တာပေါ့။ စစ်ခွေးကြံ့ဖွတ်တွေဟာ အစီ
အစဉ်တကျနဲ့ Political Games အဖြစ် (မဘသ) (၉၆၉)ဆိုတဲ့ နာ
မည်ကောင်း ပညတ်ကောင်းတွေကို မူဝါဒဆိုးတွေနဲ့ သမမွှေလိုက်
တော့တယ်။ ဟိုကောင်လေကွာ။ တို့ ဗမာ့ဆိုင်းဝိုင်းကို Dj နဲ့ရောသမ
မွှေလိုက်သလိုပေါ့။ ဘာမှန်းကိုမသိဘူး ။ သို့သော် ။ မြူးတော့သွား
တယ်မဟုတ်လား။ 
ဒီလိုပဲဟေ့ . . စစ်ခွေးက အခြေပါပါနဲ့ ဖန်တီးလိုက်တဲ့ (မဘသ)
(၉၆၉) Djထဲမှာ တို့ပြည်သူအချို့ သံဃာအချို့ဟာ မြူးသွားကြ
တယ် ၊ မြောသွားကြတယ်။ ဒီ program တွေက အခုမှစထွင်ထား
တာမဟုတ်ပါဘူး။ ငါပြောပြောနေကြပါ။ ဂဠုန်ငစော လက်ထက်က
တည်းပါ။ ဦးနုလည်း သုံးတယ်။ နောက်ဆုံးနေ၀င်းကနေ သန်းရွှေ
အထိ အစဉ်တစိုက်သုံးလာတဲ့ (ဘာသာအယူဝါဒမှိုင်း) ။ 
ကြောက်စရာအကောင်းဆုံးပဲ။ လူဖြစ်လာရင် ကိုးကွယ်ရာဘာသာ
ကို လူတိုင်းဘာသာအလျှောက်ရိုသေကြတာကိုး။ ဒီတော့ “ငါ့ဘုရား
ထိရင် မင်းဘုရားလည်း ဆော်မယ်” ဆိုတဲ့ စိတ်ဟာ ဘာသာလူမျိုး
တိုင်းဆီမှာအနည်းအများရှိကြတယ်။ ယင်းကို ၊အာဏာရှင်စစ်ခွေး
တွေကသုံးကြတယ်။ (အိမ်ကြက်ခြင်းအိုးမဲသုတ်ခွပ်ခိုင်းတာပေါ့)
ဒီအထဲမှာ အချို့ကတကယ်မျိုးချစ်စိတ်ဓာတ်နဲ့ လှုပ်ရှားကြသလို 
တစ်ချို့ကလည်းပဲသူများယောင်လို့လိုက်ယောင်တယ်။ ကိုယ်တွေ့
အဖြစ် တို့ဆရာတော်ကတော့ policy အရ (မဘသ)ထဲမှာဝင်လုပ်
နေရတယ်။ ဒီတော့ အဲဒီအဖွဲ့တွေထဲမှာ ခံယူချက်မတူညီမှုတွေရှိ
နေတယ်။ 
ဒါကိုလည်းပဲ စစ်ခွေးကြံ့ဖွတ်တွေကသိတယ်။ သိတဲ့အတွက် နိုင်ငံ
ရေးမှာ သတိထားပြီးကိုင်တွယ်နေတာကိုတွေ့ရတယ်။ အထူးသဖြင့်
မွတ်ဆင်အရေးကို “အဟ - အကြွ” လေးတွေနဲ့လုပ်နေကြတယ်။ တ
ကယ့်မူဘောင်အရမလုပ်ဘူး။ ဘင်္ဂါလားက၀င်လာတဲ့ကုလားတွေကို
သော်လည်းကောင်း ရခိုင်ဒေသကိုသော်လည်းကောင်း“အဖွ- အရွ”
လေးတွေနဲ့ အကွက်ရွေ့နေတယ်။
ကဲ .. ဒီစကားဒီလောက်ပဲရပ်မှာတရားလိုရင်းကောက်ကြရအောင် 
“ဗိမ္ဗိသာရကြီးက မြတ်စွာဘုရားထံကို သူ နတ်သားဖြစ်ပါပြီ ” တဲ့ 
ဒါကိုလာလျှောက်ထားတယ်။ တို့ခေတ်စကားနဲ့ပြောရင် ။ ကျောင်း
သားက သူ့ဆရာထံလာပြီး သူစာမေးပွဲအောင်ခဲ့ပါတယ်လို့ ဆိုတဲ့သ
ဘောပေါ့။ 
ဒီနေရာမှာ ဗိမ္ဗိသာရခေါ် ဇန၀သဘာ နတ်သားက . . .
“အရှင်ဘုရား ” 
“ တပည့်တော်က ဝေဿ၀ဏ် နတ်မင်းရဲ့အပေါင်းအဖေါ်အဖြစ် နေ
ရတယ်ဆိုတာက တပည့်တော်ညံ့လို့မဟုတ်ပါဘူး” “တပည့်တော်က
ဗိမ္ဗိသာရမင်းအဖြစ်ကိုအဲဒီနတ်ပြည်ကပဲ စုတေလာရတယ်လေ”
နောက် အဲဒီနတ်ပြည်မှာတပည့်တော်ဟာ နတ်သားအဖြစ် ဒီအကြိမ်
နဲ့ပါဆိုရင် (၇)ကြိမ်တောင်နေခဲ့ရတော့ တပည့်တော်မှာ ဟိုး .. 
မြင့်တဲ့ သာလွန်တဲ့ နတ်ပြည်တွေကို တက်လှမ်းနိုင်သော်လည်းပဲ 
ဝေဿ၀ဏ်ကိုပဲ နှစ်သက်နေမိလို့ပါဘုရား ” တဲ့။ 

ကဲ .. ညီတို့ရေ .. ကြားရဖတ်ရတာကိုပဲ ကြည်ညိုစရာနော် . .။
မင်းတို့တွေ တို့တွေ လူ့ပြည်မှာနောက်ထပ် နေရဖို့က သိပ့်ကျန်တော့
တာမဟုတ်ဘူး ။ ဒီတော့ ပြင်ဆင်တော့။ လောဘတွေသိမ့်မကြီးမိစေ
နဲ့။ ဒေါသတွေသိပ့်မကြီးမိစေနဲ့။ မောဟတွေသိပ့်မကြီးမိစေနဲ့။သေပြီ
တဲ့နောက် ကိစ္စတွေက တို့ပဲခံရစံရတာမဟုတ်လား။
ဗိမ္ဗိသာရကြီးက မြတ်စွာဘုရားကို ဆက်လျှောက်ထားသေးတယ်…

“တပည့်တော်က
 
 အသျှင်ဘုရားနဲ့ဆုံခဲ့ရလို့ သောတပန်တည်သွားပြီ ” 
“တပည့်တော်သည်
ဘယ်သောအခါကာလမှ အပါယ်ကျဖို့ ရန် လုံးဝလုံးဝ 
အကြောင်းမရှိတော့ပါဘူးဘုရား”

သြော် .. အားရစရာကောင်းပါဘိနော်။ 
ဗိမ္ဗိသာရကြီးပြောတဲ့အထဲမှာ ငါ ဒီစကားလေးကို 
ဂရုပြုမယ်တယ် ကွ။ မင်းတို့လည်း နဲနဲ စူးစိုက်ကြည့်။

“အသျှင်ဘုရား” 
“ဝေဿ၀ဏ် နတ်မင်းကြီးဟာ ၀ိရုဠှကနတ်မင်းကြီးထံသို့ 
ကိစ္စတစ်ခုဖြင့် တပည့်တော်ကိုစေလွှတ်ဖူးပါတယ်။”
 “အဲဒီတုန်းက အသျှင်ဘုရားဟာ အုတ်တိုက်ကျောင်းထဲမှာ
သီတင်းသုံးနေချိန် မဂဓတိုင်းသား အလုပ်အကျွေး ဥပသကာ
တို့ကိုအကြောင်းပြုပြီးထိုသူတို့ရဲ့ သေပြီးနောက်လားရောက်ရာ
ဂတိတွေကို ရှုဆင်ခြင်နှလုံးသွင်းထိုင်နေတော်မူတာကို တပည့်
တော်တွ့မြင်ပါမိပါတယ်ဘုရား”
“ တိုက်ဆိုင်တာကတော့ ”
“အဲဒီ မဂဓတိုင်းသားသူတော်ကောင်းတွေဟာ ကောင်းသော
လာရာဂတိရောက်ရာဘ၀ရှိတယ်လို့ ” 
“ ဝေဿ၀ဏ်နတ်မင်းပြောတာကိုလည်းပဲ တပည့်နားနဲ့ကိုယ်တိုင်
ကြားလိုက်ရပါသေးတယ်ဘုရား။”

ငါ ဒီစကားကိုပိဋကတ်ထဲဖတ်ရင်း ကိုယ်မရောက်ဘူးတဲ့နတ်ပြည်
နတ်လောကသားတွေရဲ့ ဓလေ့အမူအကျင့်လေးတွေကို တီးမိခေါက်
မိရှိသွားတယ်။ သူတို့လည်းပဲ အလုပ်ကိုယ်စီ တာဝန်ကိုယ်စီတော့ရှိ
ကြတယ်နော်။ မင်းတို့သတိထားမိလား ။ နောက်တစ်ခုက နတ်ပြည်
နတ်လောကသားတွေ တို့လူ့ပြည်လူ့ရွာဘက်ကို ခြေဦးလှည့်တဲ့သ
ဘောသဘာဝကိုလည်း သတိထားမိတယ်။
မင်းတို့ငါတို့ ငယ်ငယ်ကကြားဖူးတယ်လေ ၊ လူ့အနံ့တွေကိုနတ်တွေ
ကမခံနိုင်လို့ မလာဘူး ၊ တဲ့။ ဒါပေမယ့် လာတဲ့အခါတွေကို ပိဋကတ်
ထဲမှာရှိပါတယ်။ 
အခုလက်တွေ့ပဲလေ . . .
ဆက်ရန် . . . .
ဤဓမ္မအလင်းကုသိုလ်ကို အားလုံးကိုဝေငှပါတယ် ၊ Share မျှသော
သူများလည်း တူသောအကျိုးရပါစေကုန်သတည်း . . . .
သာဓု . .. သာဓု . .. သာဓု . .ပါဘုရား။
ဘဒ္ဒန္တကောဝိဒ (အလင်းရှင်)

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget