.

AlinShin

Saturday, November 1, 2014

နာဆာ က ဒုံးကျည်ကို တမင်တကာ ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်



ဗာဂျီးနီးယား ၊ ၁-၁၁-၂၀၁၄

အောက်တိုဘာ ၂၉ ရက်က အမေရိကန် ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ် Wallops
Island ဒုံးလွှတ်စင်မှ နာဆာ က လွှတ်တင် လိုက်သောAntares ဒုံးကျည် ပေါက်ကွဲ 
ခဲ့ခြင်းသည် လုံခြုံရေးဆိုင်ရာ တာဝန်ခံ အရာရှိနှစ်ဦး က ဒုံးကျည် ပျံသန်းရာ လမ်းကြောင်း
လွဲမှား သွားသည်ကိုသိရှိခဲ့သည့် အတွက် ယင်း ဒုံးကျည်ကို အချိန်မီ ဖောက်ခွဲ ဖျက်ဆီးခဲ့
ရခြင်းဖြစ်ကြောင်း သိရသည်။

Orbital Sciences Corp က ပြုလုပ်ထားသော Antares ကို နိုင်ငံတကာအာကာသစ

ခန်းသို့ ပို့ဆောင်ရန် ကုန်ပစ္စည်းများ တင်ဆောင်ကာ ဝေါလော့ဒုံးလွှတ်စင်မှ ပစ်လွှတ်
လိုက်ရာ လမ်းကြောင်း လွဲချော်သွား ခဲ့သည့်အတွက် ချက်ချင်းလိုလို ဖောက်ခွဲဖျက်ဆီး 
ခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

နာဆာ က ဒုံးကျည်တစ်ခုကို လွှတ်တင်တိုင်း ဘေးအန္တရာယ် ကင်းရှင်းရေး တာဝန်ခံ 

အရာရှိနှစ်ဦး က ဒုံးကျည်တွင် လွဲချော်မှုတစ်စုံတစ်ရာ ရှိခဲ့လျှင် အလိုအလျောက် ဖျက်ဆီး
သည့် ခလုတ်ကိုနှိပ်ရလေ့ ရှိသည်။ မလိုအပ်ဘဲ ဒုံးကျည်ကို ဖျက်ဆီးမိလျှင် ဒေါ်လာသန်း
သန်းပေါင်းများစွာ တန်ကြေးရှိသော သိပ္ပံကိရိယာ တစ်ခုကို ဖျက်ဆီးမိမည် ဖြစ်ပြီး ချို့ယွင်း
နေပြီ ဖြစ်သော ဒုံးကျည်ကို အချိန်မီ မဖျက်ဆီးလျှင်လည်း ဒုံးကျည်ပျက် ကျခြင်းကြောင့် 
လူ့အသက်ပေါင်း များစွာ ဆုံးရှုံးသွားမည် ဖြစ်သည်။

အဆိုပါနေ့က အမြင့် ၁၃၉ ပေ ရှိသော Antares ဒုံးကျည်သည်လွှတ်တင် လိုက်ပြီး 

ချက်ချင်းလိုပင်  ချို့ယွင်းခဲ့သည့် အတွက်ယင်းလုံခြုံရေး ဆိုင်ရာ တာဝန်ခံ အရာရှိနှစ်ဦး 
က ဒုံးကျည် ဖျက်ဆီးသည့် ခလုတ်ကို အချိန်မီ နှိပ်နိုင်ခဲ့သည့် အတွက်သာ ထိုစဉ်ကဒုံးကျည်
လွှတ်သည့် ဧရိယာတွင် ရှိနေသော လူပေါင်း မြောက်မြားစွာတို့ အသက် မဆုံးရှုံးခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။

အဆိုပါ အရာရှိနှစ်ဦးသည် ပျံသန်းမှုနှင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးကို 

တာဝန်ယူရပြီး ဒုံးကျည် စတင်ပစ်လွှတ် လိုက်ချိန်မှစက္ကန့်ပိုင်း အတွင်း ဒုံးကျည်ကို
ဆက်လက် ပျံသန်းစေမည်  သို့တည်းမဟုတ် ဖျက်ဆီး ပစ်ရမည်ကို ဆုံးဖြတ်ချက်ချ 
ရလေ့ရှိသည်။

ဒုံးကျည်ကို ပစ်လွှတ် လိုက်လျှင် ယင်း အရာရှိနှစ်ဦးက စောင့်ကြည့်ရသော ပြစ်ချက် 

၁ဝ ခုရှိပြီး ဒုံးကျည် ပျံသန်းမှု လမ်းကြောင်းလွဲချော်သွား ခြင်း ကဲ့သို့ ပြစ်ချက်မျိုး 
အတွက် ဒုံးကျည်ကို ချက်ချင်း ဖျက်ဆီး ရလေ့ရှိသည်။ 

ပျံသန်းမှု လမ်းကြောင်း လွဲချော် သွားသော ဒုံးကျည်သည်ပျံတက်နိုင်မည် မဟုတ်ဘဲ

မြေပြင်ပေါ် သို့ ပြန်လည်ပြုတ်ကျ မည်ဖြစ်ပြီးလူ့အသက်ပေါင်း မြောက်မြားစွာကို

သေဆုံး စေနိုင်မည် ဖြစ်ကြောင်းသိရသည်။

ဒုံးကျည် ပစ်လွှတ် လိုက်စဉ် အရာရှိ နှစ်ဦးက ဒုံးကျည် ဦးတည်ရာလမ်းကြောင်းကို

စောင့်ကြည့်ခဲ့ရာ လမ်းကြောင်း သတ်မှတ်ထားသော ဝိုင်ယာကြိုးများ၏ နောက်ဘက်
မှ ထွက်ခွာ သွားခဲ့သည့်အတွက် ဒုံးကျည် ပျံသန်းမှု လမ်းကြောင်း လွဲချော် သွားခဲ့ကြောင်း
ပေါ်ပေါက်၍ ဒုံးကျည်ကို ချက်ချင်း ဖောက်ခွဲ ဖျက်ဆီးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။


ထိုစဉ်က ဒုံးကျည် လွှတ်တင်ရာ Wallops Island တွင် လူပေါင်းထောင်နှင့်ချီ 

စုဝေးကြည့်ရှု နေခဲ့ခြင်း ဖြစ်ပြီးဒုံးကျည်ပေါ်တွင်လည်းနိုင်ငံတကာ အာကာသစခန်းသို့
ပို့ဆောင်မည့်ကိရိယာနှင့် စာနပ်ရိက္ခာ ပေါင် ၅ဝဝဝ ထက်မနည်းကို တင်ဆောင် ထားကြောင်း
သိရသည်။

#PyiChitThar
http://www.pyichitthar.com/2014/10/blog-post_69.html

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget