.

AlinShin

Sunday, November 2, 2014

“ Air Force One နှင့်အတူ မြန်မာ့ရေပြင်သို့ ရောက်ရှိလာဖွယ်ရှိသည့်

လွန်ခဲ့သောရက်အနည်းငယ်က ဧရာဝတီ ရေတပ်စခန်းဌာနချုပ် အရာရှိရိပ်သာ 
ဧည့်ခန်းမမှာ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေ နဲ့ အမေရိ
ကန်ရေတပ် Seventh Fleet မှ Amphibious Forces ရဲ့ Commander ဖြစ်သူ 
Rear Admiral Hugh Wetherald တို့ Call တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ရေတပ်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများ၊ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး၊
သဘာဝဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေးကိစ္စရပ်များ နဲ့ အမေရိကန်သမ္မတ 
ခရီးစဉ်နှင့်ပတ်သက်သည့် ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြတယ်လို့ 
တရားဝင်သတင်းထုတ်ပြန်ချက်များအရ သိရှိရပါတယ်။




https://scontent-b-hkg.xx.fbcdn.net/hphotos-xpf1/t31.0-8/1796033_787774641264693_8793799783148349411_o.jpg

“ Air Force One နှင့်အတူ မြန်မာ့ရေပြင်သို့ ရောက်ရှိလာဖွယ်ရှိသည့် 
အမေရိကန်ရေတပ်၏ Landing Helicopter Deck စစ်ရေယာဉ် ”
ဒီအခြေအနေအရ နှစ်နိုင်ငံရေတပ်အချင်းချင်း ဆက်ဆံရေး နဲ့ ပူးပေါင်းဆောင်
ရွက်နိုင်မှု အနေအထားဟာ အနုတ်လက္ခဏာကနေ တဆင့်ပြီးတဆင့် သာမန်
အဆင့်တစ်ခုကို တက်လှမ်းနိုင်ဖွယ်ရှိတယ်လို့ မြင်ရပါတယ်။ ဒါ့အပြင် ရေတပ်
ဆိုင်ရာ Humanitarian Aid ၊Natural Disaster Relief and Recovery 
Arrangements ၊ Search and Rescue (SAR) ကဏ္ဍတွေမှာလည်း လက်တွေ့ပြ

ယုဂ်တစ်ခု ဖြစ်ခြင်း/မဖြစ်ခြင်းထက် အတွေ့အကြုံနဲ့ နည်းလမ်းတွေကိုတော့
ဆွေးနွေးဖလှယ်မှုတွေ ရှိလာနိုင်ပါတယ်။
တစ်နေ့ရွှေ ၊ တစ်နေ့ငွေ ဖြစ်ပြီး ကမ္ဘာ့အနှံ့အပြားတွင်သာမက သမိုင်းသက်သေ
သင်ခန်းစာဇာတ်လမ်းစုံများ မြင်တွေ့နေရပြီးဖြစ်၍ မျှော်ကိုးဆောင်ရွက်ခြင်းမျိုးထက်
ပါးနပ်လိမ္မာသော ပေါင်းသင်းဆက်ဆံရေးဖြင့် Win-Win အခြေအနေတစ်ခုကို 
ဖန်တီးနေသည်ဟု နားလည်မိပါတယ်။ ဒါ့အပြင် မဟာအင်အားကြီး Global Navy 
တစ်ခုရဲ့ ရန်ဖက်မဖြစ်ရေး / မဟာမိတ်ဖြစ်ရေး ထက် Neutral ဖြစ်ရေးသည်သာ 
အရှည်ခံသော မဟာဗျုဟာအမျိုးသားအကျိုးစီးပွားရေး ဖြစ်သည်ကိုလည်း စောကြော
နေဟန် ရှိပါတယ်။ 
https://scontent-b-hkg.xx.fbcdn.net/hphotos-xfp1/v/t1.0-9/1533733_787774737931350_627913965663361399_n.jpg?oh=cffdb6da7e2d63fd2de5886e0c7b2dd8&oe=54EFE81A
နောက်တစ်ခုကတော့ အမေရိကန်သမ္မတ ခရီးစဉ်ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် နိုဝင်ဘာ
လတုန်းက သမ္မတအိုဘားမား ခရီးစဉ်မှာ Air Force One နဲ့အတူတူ ခရီးစဉ်လုံခြုံရေး
အတွက် ကြိုတင်ညှိနိုင်း သဘောတူညီချက်ယူပြီး ဝင်ရောက်လာတဲ့ USS Bonhomme 
Richard (Landing Helicopter Deck LHD-6) ကို ရန်ကုန်မြို့နဲ့ မလှမ်းမကမ်း
မြန်မာ့ရေပြင်မှာ မြန်မာ့စစ်ရေယာဉ်များ မြန်မာ့ရေတပ်သားများနဲ့အတူ တွေ့မြင်ခဲ့
ရဘူးပါတယ်။
ယခုလည်း မကြာခင် နေပြည်တော်မှာကျင်းပတော့မဲ့ အာဆီယံထိပ်သီးအစည်း
အဝေးပွဲကို သမ္မတအိုဘားမားတက်ရောက်မှာ ဖြစ်ပါတယ်။ ဒါကြောင့်လာမဲ့နိုဝင်ဘာလ
အတွင်းမှာ နေပြည်တ်ာလေဆိပ်မှာ Air Force One ကို တွေ့မြင်ရမှာဖြစ်သလို
အမေရိကန်ရေတပ် Seventh Fleet ရဲ့ Amphibious Forces မှ Landing Helicopter
Deck- LHD အမျိုးအစားစစ်ရေယာဉ်တစ်စီးကိုလည်း မြန်မာ့ရေပြင်မှာ မြန်မာ့စစ်
ရေယာဉ်များ မြန်မာ့ရေတပ်သားများနဲ့အတူ တွေ့မြင်ရအုံးမှာ ဖြစ်ပါတယ်။
မောင်ဝါဆို(Myanmar Navy)
https://www.facebook.com/www.myanmarnavy.org

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget