.

AlinShin

Sunday, November 2, 2014

အကျိုးအပဲ့များကို လွှတ်ပစ်လိုက်ခြင်း

မင်းတို့ ငါတို့ခေါင်းတွေထဲမှာ ဦးနှောက်တွေပဲထား၊ ပုစွန်ဆိတ်တွေလို
ချးတွေမထားမိစေနဲ့။ သူများပြောရင် ကိုယ့်ဦးနှောက်ကရပ်နေတဲ့
သင်္ဘေလို ကျောက်စူးမချထားနဲ့။အပြန်ပြန်အလှန်လှန်အနုလုံပဋိလုံ
စဉ်းစားဒီနေ့မအားရင် ခဏထား ၊ နောက်နေ့ပြန်စဉ်းစား၊ နောက်နေ့
မအားသေးရင်လည်း ထားလိုက်ဦး၊ အားတဲ့နေ့မှပြန်စဉ်းစား။ 
အဲလိုစဉ်းစားပါများလာရင် မင်းတို့ ဦးနှောက်ရဲ့ ခံယူမှုက မသိမသာ
ပြောင်းလာတယ်။ ဘယ်လိုသိလားလဲဆိုရင် . .ငါဥပမာပြောမယ်။
“ကျား” ဆိုတဲ့အသံတစ်ခုကြားလိုက်တာနဲ့ ၊ မင်းတို့ဦးနှောက်က 
ရုပ်ခြင်းစဉ်းစားတက်တယ်။ 

“ဒီနေရာသည် တောထဲတောင်ထဲဟုတ်”
“ မြို့လည်ခေါင်၊ ”
“ကျားဆိုသောသတ္တ၀ါရှိသော တရိစ္ဆာန်ဥယျာဉ်လည်းမဟုတ်”
“သို့အတွက်ကြောင့်” 
“ကျားဟူသောအသံသည်”
“လူငယ်တွေ တစ်ယောက်နဲ့တစ်ယောက် ဆော့ကျရင်း ၊အော်ဟစ်
သောအသံသာဖြစ်နိုင်သည်” လို့စဉ်းစားတက်တယ်။
ဆိုလိုတာကတော့ မင်းတို့ဦးနှောက်ဟာ Consideration ဆိုတဲ့
ဆင်ခြင်တက်တဲ့သဘောတရားကို အလေ့အကျင့်ဖြစ်လာတယ်။
ကိုယ့်အရှေ့မှာ ဘာလေးကိုမြင်လိုက်မြင်လိုက် ကိုယ်မြင်လိုက်တာ
လေးကို ရှု့မြင်သုံးသပ်တက်တယ်။ ကြားတာလေးကိုလည်း ချင့်ချိန်
ဝေဖန်နိုင်တယ်။ ကြာလာတော့ မင်းတို့ခေါင်းတွေဟာ ပေါ့ပါးလာ
တယ်။ သွေးပါများတဲ့ ဓားဟာ သွေးတဲ့အခိုက်မှာတော့ ကျောက်ပွတ်
ဒဏ်ကိုခံရတယ် နာမယ်ကျင်မယ်ပေါ့။ ခဏကြတော့ ထက်မြသွား
တယ်။ ဒီလိုပါပဲ။ အမေပြောလည်း စဉ်းစား ၊ အဖေပြောလည်းစဉ်း
စား၊ ကိုယ့်ချစ်သူက ပြောလည်း စဉ်းစား၊ သူပြောတိုင်း ကိုယ့်ဦး
နှောက်ကို Yes or No မလုပ်မိစေနဲ့။ အခြေအနေလေးပေါ်မှာမူတည်
စဉ်းစားပြီးမှာ Yes သင့်ရင် Yes ၊ No သင့်ရင် No ပေါ့။
နေရာလည်းမဟုတ်”
ကဲ . . 
ဒါလေးကို ကောက်ယူစဉ်းစားကြည့်ပါဦးလား၊
◄► “(မဘသ) (၉၆၉)ဆိုတာ အာဏာရပါတီမဟုတ်ဘူး”
◄► “လက်နက်ကိုင်အဖွဲ့အစည်းလည်းမဟုတ်ဘူး”
◄► “ဘာအာဏာဘာအသပြာမှမရှိဘူး”
Ok . . .
ဒီသုံးခွန်းသောစကားက မြန်မာပြည်မှာ အရေးအခင်းတွေဖြစ်
တိုင်း တစ်စုံတစ်ခုသော အကြောင်းတွေပေါ်တိုင်း တို့တွေကြားနေ
ကြတဲ့စကားပဲ။ ဟုတ်ပြီ . . .
“ဒါဆိုရင် ”
လယ်တီသိမ်နဲ့စေတီတော်ကိုတရုတ်ရယ်စစ်ခွေးကြံ့ဖွတ်တို့တ-
BUllDOZE နဲ့ ထိုးတော့ အွန်းလိုင်းပေါ်မှာ ငါက အစ (မဘသ)
နဲ့(၉၆၉)တို့ကို အကူအညီတောင်းခဲ့တယ် ။ ငါ အဲဒီတုန်းကရေးခဲ့
တဲ့ ဆောင်းပါးတွေ နှစ်ဆယ်လောက်ရှိမယ်။ 
အဲဒီမှာ အထက်ကပြောခဲ့တဲ့ . . .
◄► “(မဘသ) (၉၆၉)ဆိုတာ အာဏာရပါတီမဟုတ်ဘူး”
◄► “လက်နက်ကိုင်အဖွဲ့အစည်းလည်းမဟုတ်ဘူး”
◄► “ဘာအာဏာဘာအသပြာမှမရှိဘူး”
ဆိုတာကို ဆင်ခြေပေးခဲ့တယ်။ 
ကဲ . . 
အဲဒီဆင်ခြေကို မင်းတို့ငါတို့က အပြန်ပြန်အထပ်ထပ်သုံးသပ်ရမယ်။
အခုလိုသုံးသပ်ဆင်ခြင်ကြည့်ကြမယ် . . . . 
အမျိုးဘာသာစောင့်ရှောက်ရေးဥပဒေကိုထောက်ခံဖို့ မန္တလေး ရန်-
ကုန်မှာ - သူတို့အပြော ရဟန်းရှင်လူ သိန်းနဲ့ချီပြီး ထောက်ခံခဲ့ကြ 
တယ်။ လို့ဆိုတယ်။ အဲဒီ ရဟန်းရှင်လူသိန်းကျော်ကြီးဟာ ဗုဒ္ဓဓမ္မ
သံဃတို့ရဲ့ အဓိကရပြုရာ ဖြစ်သော ခေတ်နှင့်ကြည့်ရင် ရှေးဟောင်း
အမွေအနှစ်ဖြစ်သော လယ်တီသိမ်နဲ့ စေတီတော်ကို တရုတ်နဲ့စစ်ခွေး
ကြံ့ဖွတ်တို့မှ BUllDOZE တာကိုတော့ဖြင့် ထိုသိန်းမကသော ရဟန်း
ရှင်လူတွေ ဘာလို့ငြိမ်နေကြတာလည်း။
◄► “အာဏာရပါတီမဟုတ်တဲ့(မဘသ)(၉၆၉) ကို”
“အာဏာဖြင့်မတားခိုင်းပါဘူး”
◄► “လက်နက်ကိုင်အဖွဲ့မဟုတ်လို့လည်း . . . . 
သေနပ်နဲ့ထွက်မတိုက်ခိုင်းပါဘူး”
ဘာဏာဘာအသပြာမှမရှိတဲ့ ယင်းတို့က ဥပဒေပြုရေးကိုတော့ဖြင့် 
ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာပါ ဆန္ဒပြနိုင်ခဲ့ကြပါတယ်ဆိုရင် .. 
ကိုယ့်အမျိုးကိုယ့်ဘာသာတို့၏ ရှေးဟောင်းသမိုင်းဝင်အမွေအနှစ်
များဖြစ်တဲ့ လယ်တီသိမ်နဲ့စေတီတော်ကို ဆန္ဒပြမကန့်ကွက်ခြင်းဟာ
သုံးသပ်ဆင်ခြင်ကြည့်တက်ပါရင် . . .
အကယ်၍နောက်နောင် ရွှေတိဂုံစေတီတော်ဟာ စိန်သိုက်ကြီး၊သတ္ထု
သိုက်ကြီးနှင့်မလွတ်၍ လက်ပတောင်းတောင်မှာသီတင်းသုံးလျက်ရှိ
သော လယ်တီသိမ်နှင့်စေတီတော်ကဲ့သို့ bulldoze နှင့်တရုတ်စစ်
ခွေးကြံ့ဖွတ်တို့ကထိုးဖျက်ကြပါဦးမည်ဆိုခဲ့ပါရင် အခုလိုပဲ ရေငုံနှုတ်
ပိတ်၊ခွေးအကြီးလှည်းနင်းခံရသလို မိကျောင်းအမြီးဖျက်ခံရသလို
မရူနိုင်မကယ်နိုင် မအော်နိုင်ဘဲ နေကြဦးမည်လား . . .
(၁) ယင်း(မဘသ)(၉၆၉)တို့သည် စစ်ခွေးရဲ့အလိုအာဘော်ကိုမလွန်
ဆန်ဝံ့ခြင်း။
(၂) စစ်ခွေးကြံ့ဖွတ်ခိုင်းမှသာလျှင် ထ၍ အော်ရခြင်း ဟောင်ရခြင်း
စီတန်းလှည့်လည်ဆန္ဒပြရခြင်း။
(၃)ဘုရားပုထိုးစေတီဂူကျောင်းတို့အား တရုတ်နှင့်စစ်ခွေးကြံ့ဖွတ်တို့
ဖျက်ပါက ငြိမ်ခံနေရပြီး အခြားသူဖျက်မှသာလျှင် ထအော်ရခြင်း
ဟောင်ရခြင်း ညွှန်ကြားလွှာလက်ကမ်းစာများဖြန့်ဝေရခြင်း။
စသည့် အဖြစ်မျိုးကို သက်ရောက်မနေဘူးလား ။ 
ဒီလောက်ဆိုပါရင် မင်းတို့တွေ စဉ်းစားတီးခေါက်နိုင်ပါပြီ။ ဆက်လက်
၍လည်းပဲ စဉ်းစားကြပါ။ စစ်ခွေးကြံ့ဖွတ်တို့ ခုတုံးလုပ်ထားတဲ့ သံဃာ
ထုဟာ ကမ္ဘာအတွက် ရှက်ဖွယ်ရာဖြစ်နေပါပြီ။ 
ဟိုတစ်ချိန်တုန်းက (မဟန)ဆိုရင် လူတွေက ရွံကြတယ် မုန်းကြ
တယ်။ ဒါကိုသိတဲ့ စစ်ခွေးကြံ့ဖွတ်က (မဟန) အစား (မဘသ)ကို
ပြောင်းသုံးလိုက်တယ်ဆိုတာကို မင်းတို့ ဆက်လက်စဉ်းစားကြပါ
ကုန်ရာသတည်း . .. ။
သာဓု .. သာဓု .. သာဓု . .ပါဘုရား။
ဤဓမ္မအလင်းကုသိုလ်ကို အားလုံးကိုဝေငှပါတယ် ၊ Share မျှသော
သူများလည်း တူသောအကျိုးရပါစေကုန်သတည်း . . . .
သာဓု . .. သာဓု . .. သာဓု . .ပါဘုရား။
ဘဒ္ဒန္တကောဝိဒ (အလင်းရှင်)

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget