စွန်းလွန်းဆရာတော်မှ ဦးနုမေးလျှောက်ချက်များကိုဖြေ ကားချက်
(အခန်းဆက် ဆောာင်းပါး)(၂)☀✂ ✂ ✂ ☀ ✂ ✂ ✂ ☀
(အခန်းဆက် ဆောာင်းပါး)(၂)☀✂ ✂ ✂ ☀ ✂ ✂ ✂ ☀
http://alinshin.blogspot.com/
ထွန်ထောင်ဆရာတော်၏တပည့်
♥ ♥ ♥ ♥ ♥ ထောင်ပြန်ဆရာတော်(အပိုင်း ၂)
ဒီတော့ စွန်းလွန်းဆရာတော်ဆိုတာ အခုအထိမပုတ်မသိုးဘဲ
ပကတိရှိနေတဲ့ဆရာတော်ပါပဲ။ သားမယားတွေအတွက်လယ်
ထဲယာတောထဲမှာ နွားနှင့်ဖက်ရုံးနေရာက ကြီးစွာသောသတိ
သံဝေဃများရပြီး ထွန်လက်စထွန်းတုံးကိုဖြုတ် နွားတွေကိုလွှတ်
ပေးကာ ယင်းထွန်းတုံးကြီးကို လယ်ကွက်ထဲထောင်ထားပြီး
သူကတော့ လယ်ကသင်းဆူးခြုံဖုတ်ထဲမှာ တင်ပလ္လင်ထိုင်ကာ
သတိပဋ္ဌာန်တရားကိုမှတ်နေတယ်။ အိမ်ကမိန်းမနဲ့သားသမီးတွေ
က သူ့အဖေပြန်မလားဘူး ။ ပိုးကောင်မွှားကောင် (မြွေ)များကိုက်
ခံရရောသလား ဆိုပြီး လိုက်ရှာကြတယ်။
ဟိုမှာ . . ခြုံဖုတ်ထဲမှာ တရားမှတ်နေတာကိုတွေ့တော့မှ စိတ်
သက်သာရာရပြီး အနားထိုင်နေကြတယ်။ တရားမှတ်အပြီးမှာ
သားတွေမယားတွေကို “ငါ ဘုန်းကြီးကျောင်းသွားမယ်ရဟန်း
ဝတ်ခွင့်ပြုပါ” လို့ပြေတော့။ အားလုံးကခွင့်ပြုလိုက်တာ။
ဒါကနေ ဒီနေ့အထိ “ထွန်ထောင်ဆရာတော်” ဆိုတဲ့ဘွဲ့တစ်ခု
တိုးသွားတာ။
အလင်းရှင်တို့ဆိုရင်တော့ “ထောင်ပြန်ဆရာတော်”ပေါ့ကွာ။
အခုစွန်းလွန်းဆရာတော်ကြီးခေါ် ထွန်ထောင်ဆရာတော်ကြီးရဲ့
ရုပ်ကလပ်ကို နိုင်ငံခြားသားတွေက လာရောက်လေ့လာကြတယ်။
ဘာဆေးဘာဝါးမှမပါဘဲ ဒီနေ့အထိမပုတ်မသိုးပဲရှိနေတာကို
နိုင်ငံခြားသားတွေဆရာတော်ရဲ့ ရုပ်ကလပ်ကိုကြည့်ပြီးသိပ်အံ့သြ
ကြတယ်။
တစ်ခါက UK နိုင်ငံသား မစ္စတာ ဘင်းဒရစ်ကို Hot News ဂျာနယ်
သတင်းထောက်က ဆရာတော်ကြီး ရုပ်ကလာပ်နှင့် ပတ်သက်ပြီး
မေးမြန်းကြည့်ဖူးတယ်။
“ထူးခြားတဲ့ အံ့သြဖွယ်ရာတွေ ကမ္ဘာမှာ အများကြီး ရှိပါတယ်။
အဲဒီထဲကမှ မြန်မာပြည်မှာက သဘာဝနဲ့ ဆန့်ကျင်တဲ့ သူတော်စင်၊
သူတော်မြတ်တွေရဲ့ ဆေးအကူအညီ မပါတဲ့၊ မပုပ်ပွတဲ့ ရုပ်ကလာပ်
တွေ အံ့သြဖွယ်ရာ တွေ့ရပါတယ်။ ဒီလိုမျိုးတွေကို ကျွန်တော်တို့ အ
နေနဲ့ မှတ်တမ်းယူပြီး ကမ္ဘာမှာ ပြန် Share မှာပါ” ဆိုပြီးပြောသွား
တယ်။
စပ်မိတာလေးပြောမယ်။ တို့ blog တွေ facebook တွေမှာစာတွေ
ရေးတာ ဓမ္မအလင်းတွေမို့ Share ရမယ်ဆိုတဲ့အသိနည်းပါးတယ်
နော်။ ဟိုမှာတွေ့လား ။ နိုင်ငံခြားသားတွေ ၊ Share သင့်တာကို
Share တယ်ဗျ။ ဒါတွေဟာ အတုယူကောင်းသောအရာတွေပါ။ တို့
လူငယ်တွေအချို့က အညှီနံ့လေးတွေပါမှာ Like ချင်တာ။ Share
ချင်တာကိုး။
အလွတ်သတင်းထောက်ကိုပါကြီးကို စစ်ခွေးတွေလူမဆန်စွာသတ်
ပစ်တယ်။ ဒါကို တို့လည်းသတင်းထူးအဖြစ် စိတ်မကောင်းစွာတင်
ပြတာပဲ။ သို့သော် စိတ်ဝင်စားသူနဲတယ်။ တို့နိုင်ငံမှာ နှစ်(၆၀)
ကျော်အမှောင်ချခံထားရတော့ လူငယ်တွေ အလင်းနဲနေတယ်။
ကဲ စွန်းလွန်းကိုဆက်ကြရအောင် . ..
ဘဝနတ်ထံ ပျံလွန်သွားသည်မှာ နှစ်ပေါင်း (၆၀) ကျော်ခဲ့ပြီဖြစ်ပေ
မယ့် ယနေ့တိုင် မည်သည့်ဆေးဝါး အကူအညီမျှမပါ မပုပ်မသိုးဘဲ
ပကတိအတိုင်း ရှိနေသည့် စွန်းလွန်းဆရာတော် ဘုရားကြီး ဦးကဝိ
ရုပ်ကလာပ်တော်နှင့် ပတ်သက်၍ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး
ဧည့်သည်များ အထူးကြည်ညို စိတ်ဝင်စားကြသလို ပြည်ပနိုင်ငံတွေ
ကဧည့်သည်တွေ ကလည်း ဆရာတော်ကြီး၏ မပုပ်မသိုး ရုပ်ကလပ်
တော်အား အထူးစိတ်ဝင်စားကြောင်း စွန်းလွန်းဂူကျောင်း တာဝန်ရှိ
သူတစ်ယောက်က တို့ရောက်သွားတုန်းကပြောပြပါတယ်
“ဆရာတော်ကြီးက သက်တော် (၇၅) ဝါတော် (၂၈) မှာ ပျံလွန်
တော်မူခဲ့တာပါ။ လက်ရှိဒီမှာ ထားရှိ ပူဇော်တာကတော့ နှစ် (၆၀)
ကျော်ပါပြီ။ အနယ်နယ်အရပ်ရပ်က လူတွေ ဆရာတော်ကြီးရဲ့ ရုပ်က
လာပ်ကို လာရောက်ဖူးမျှော် ကြည်ညိုကြသလို ပြည်တွင်းကခရီး
သွား ကုမ္ပဏီတွေရဲ့ အစီအစဉ်နဲ့ မြင်းခြံကို ရောက်လာတဲ့ နိုင်ငံခြား
ဧည့်သည်တွေကလည်း ဆရာတော်ကြီးရဲ့ မပုပ်မသိုးတဲ့ ရုပ်ကလာပ်
တော်ကို အံ့ဖွယ်တစ်ခုလို အရမ်းစိတ်ဝင်စားကြတယ်” တို့ရောက်
တုန်းကလည်း နိုင်ငံခြားဧည့်တွေကိုတွေ့ရပါတယ
ဘာသာစကားမတက်တော့ အင်တာမဗျူးခဲ့ရဘူးပေါ့ကွာ။
စွန်းလွန်းဆရာတော်ဘုရားကြီကိုအဘ
က မြန်မာသက္ကရာဇ်၁၂၃၉ ခုနှစ်တပေါင်းလဆန်း (၂) ရက်၊ တနင်္လာ
နေ့နံနက်(၃)နာရီတွင် ဖွားမြင်ခဲ့ပြီး သာသနာ့ဘောင်သို့ ဝင်ပြီးနောက်
၁၂၈၂ ခုနှစ် ဝါဆိုလပြည့်ကျော် (၁၃) ရက်၌ ဒုတိယတရားထူး၁၂၈၂
ခုနှစ်သတင်းကျွတ်လပြည့် (၁၃) ရက်၌ စတုတ္ထတရားထူးများကိုရရှိ
တော်မူခဲ့ပြီး ၁၃၁၄ ခုနှစ် ကဆုန်လပြည့်ကျော် (၉) ရက် စနေ
နေ့ ညနေ (၄:၄၅) အချိန်၌ ပရိနိဗ္ဗာန် ပြုတော်မူတယ်လို့ဆိုတယ်။
ဆက်ရန် . . .
ဘဒ္ဒန္တကောဝိဒ (အလင်းရှင်)
No comments :
Post a Comment