မင်္ဂလာဒုံမြို့နယ် သင်္ကန်းကျွန်းကြီး စံပြကျေးရွာရှိ အငြင်းပွားဖွယ်ရာ
ဖြစ်နေသည့် လယ်မြေပေါ်တွင် ဇေကမ္ဘာကုမ္ပဏီ က ခြံခတ်နေသည့်
ကိစ်္စကို
ဥပဒေအကြောင်းအရ ဆက်လက်ဆောင်ရွက်သွားမည်ဟု
ဒေသခံ လယ်သမားများဘက်မှ
ဦးဆောင်သူ ဦးအေးနိုင်က
News Watch ဂျာနယ်သို့ ပြောသည်။
ဇေကမ္ဘာကုမ္ပဏီက ဒီမြေကွက်မှ ခြံခတ်တဲ့ကိစ်္စကို အိုးအိမ်ဦးစီးဌာနက
ဇေကမ္ဘာကုမ္ပဏီက ဒီမြေကွက်မှ ခြံခတ်တဲ့ကိစ်္စကို အိုးအိမ်ဦးစီးဌာနက
၂၀၁၃
ခုနှစ်က တားဆီးထားပါတယ်။ အခု ဒီကိစ္စကို ပြန်လုပ်တယ်ဆို
တော့ အိုးအိမ်ကို
စာတင်တယ်။ ဥပဒေကြောင်းအရ ဆက်လုပ်မယ်။ လယ်သမားတွေကလည်း ဒေါသဖြစ်နေပြီ။ အခု
အိုးအိမ်ရုံးကိုသွားပြီး
ဒီလိုကိစ္စကို ဘာကြောင့်ပြန်ခွင့်ပြတာလဲ မေးမယ်။
အိုးအိမ်က ဘာ
ကြောင့်ပြန်သလဲ ဆိုတာကို လယ်သမားတွေကို ပြန်ရှင်းပြ မယ်။
ဒီလိုရှင်းပြလို့မှ လယ်သမားတွေက လက်မခံကြရင် ကျွန်တော်
လည်းဘာမှ
မပြောနိုင်ဘူး””ဟု ၎င်းက ပြောသည်။
၁၉၉၇ ခုနှစ် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (န၀တ)
၁၉၉၇ ခုနှစ် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (န၀တ)
လက်ထက်တွင်
မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုး ရေးဦးစီးဌာနမှတဆင့် ဇေကမ္ဘာ
ကုမ္ပဏီက
လယ်မြေဧက ၁၇၄၁ ဧက ရရှိခဲ့ပြီး ယင်းလယ်မြေများတွင်
သင်္ကန်းကျွန်းကြီးစံပြ
ကျေးရွာ လယ်သမား (၁၈၇)ဦး ပိုင်ဆိုင်သည့်
လယ်ဧက (၁၁၆၁)ဧက ပါဝင်ကြောင်း
သိရသည်။
““၁၉၉၇ က န၀တရဲ့အစီအမံနဲ့ မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာနကနေ ဇေကမ္ဘာ
““၁၉၉၇ က န၀တရဲ့အစီအမံနဲ့ မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာနကနေ ဇေကမ္ဘာ
ကုမ္ပဏီကို ချထားပေးတာ။ အဲဒီရဲ့ အကျိုး ဆက်ကို
ဆက်လုပ်၊ ပိုင်ဆိုင်မှု
အငြင်းပွား တဲ့မြေ မဟုတ်ပါဘူး။ အိုးအိမ်ကနေ
တရားဝင်ခွင့်ပြုတဲ့ မြေပါ””
ဟု ဇေကမ္ဘာကုမ္ပဏီ၏ အထွေထွေ မန်နေဂျာ ဦးမြင့်ဇော်က
ပြောသည်။
အောက်တိုဘာ ၂၄ ရက်နေ့က မင်္ဂလာဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေး
အောက်တိုဘာ ၂၄ ရက်နေ့က မင်္ဂလာဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေး
မှူးရုံးတွင် ဇေကမ္ဘာကုမ္ပဏီမှ မန်နေဂျာ အပါအ၀င် ၃
ဦးနှင့် လယ်သမား
ဘက်မှ ဦးဆောင်မှု (၃) ဦးတို့ တွေ့ဆုံ၍လယ်ယာ
မြေခြံခတ်သည့်ကိစ်္စများ
ဖြေရှင်းကြသော်လည်း ပြေလည်မှုမရှိသည့်အတွက် အထွေထွေအုပ်ချုပ်
ရေးမှူးမှ အိုးအိမ်ဦးစီးဌာနသို့ အကြောင်းကြားစာပို့ပေးထားကြောင်းသိရသည်။
https://www.facebook.com/NewsWatchJournal?hc_location=timeline
ကိုဗညား၊ လင်းလင်းအောင်
ပုံ-ခြံခတ်ရန်ရောက်ရှိလာသော ဇေကမ္ဘာကုမ္ဗဏီမှ ၀င်ထမ်းများအား တွေ့ရစဉ်
ကိုဗညား၊ လင်းလင်းအောင်
ပုံ-ခြံခတ်ရန်ရောက်ရှိလာသော ဇေကမ္ဘာကုမ္ဗဏီမှ ၀င်ထမ်းများအား တွေ့ရစဉ်
No comments :
Post a Comment