တရုတ် အရာရှိ အိမ်မှာ ဒေါ်လာ ၃၃ သန်း ပမာဏ ဖမ်းမိ
တရုတ် နိုင်ငံမှာ အဂတိ လိုက်စားမှုနဲ့ ပတ်သက်ပြီး ငွေကြေး
ပမာဏ အများဆုံး ဖမ်းဆီးရမိမှု အဖြစ် အရာရှိ တစ်ဦးရဲ့
နေအိမ်ကနေ အမေရိကန် ဒေါ်လာ ၃၃ သန်းနဲ့ ညီမျှတဲ့
တရုတ် ငွေစက္ကူ ယွမ် သန်း ၂၀၀ ကျော်ကို သိမ်းဆည်း
ရမိခဲ့တယ်လို့ သတင်း ရရှိပါတယ်။
အမျိုးသား စွမ်းအင် စီမံခန့်ခွဲရေး ထိပ်တန်း အရာရှိ တစ်
ဦးဖြစ်တဲ့ မစ္စတာ Wei Pengyuan ရဲ့ နေအိမ်ကနေ သိမ်းဆည်း
ရမိတာ ဖြစ်ပြီး သူ့ကို ပြီးခဲ့တဲ့ မေလ ကတည်းက လာဘ်ယူမှုနဲ့
ဖမ်းဆီး စစ်ဆေးနေတာ ဖြစ်ပါတယ်။
တရုတ် နိုင်ငံရဲ့ အဂတိမှုတွေကို တိုက်ဖျက်ဖို့ တရုတ် သမ္မတ
ရှီကျင်းပင်က ကတိပြု ထားခဲ့ပါတယ်။
အခုနှစ် ၂၀၁၄ တစ်နှစ်တည်းမှာ ပထမ ၉ လ အတွင်း ခြစားမှုနဲ့
ပြစ်ဒဏ် ချမှတ် ခံရတဲ့ တရုတ် အရာရှိပေါင်း ၁၃၀၀၀ ကျော်
ရှိသွားပြီ ဖြစ်ပါတယ်။
http://www.bbc.co.uk/burmese/world/2014/10/141031_china_corruption_record_cash
အထက်ပါသတင်းကိုသုံးသပ်ကြည့်မယ်ဆိုရင် . ..
တရုတ်ကြီးကို ပထွေးခေါ်နေတဲ့စစ်ခွေး သန်းရွှေနှင့်လက်ပါးစေ
သိန်းစိန်တို့ဟာ ပထွေးလမ်းစဉ်အတိုင်းပဲဆိုတာ ငြင်းစရာမလိုတော့
ပါဘူး။
မြန်မာပြည်ရဲ့ ရှိရှိသမျှသော သယံဇာတများကို တရုတ်ကြီကိုလက်သိပ့်
ထိုးရောင်းကာ ယင်းငွေများကို မိမိတို့ဘဏ်အကောင့်ထဲထည့်ကာ
လက်နက်ကိုင်တရားဝင်ခိုးဆိုးတိုက်နေသည်မှာ . . ကြာခဲ့လေပြီ
ယင်းတို့အား ၂၀၁၅ တွင်အပြုတ်ခြေမှုန်းနိုင်ရန် မြန်မာပြည်ရှိ ရဟန်း
ရှင်လူပြည်သူတို့တွင် တာဝန်ရှိသည်မဟုတ်ပါလော့
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)

No comments :
Post a Comment