“ဆရာတော် ဘာတွေရေးနေတာတုန်းဘုရား’’
“အင်း ’’
ဒကာမျိုး ဘယ့်နှယ့် မလာသဘူးအလာထူနေပါ့လား ?
“မှန်ပါ့ဘုရား’’
“ဆရာတော်မေးတာကိုဖြေရရင် အတော်ရှည်မယ်ဘုရား’’
ဒီတော့လိုရင်းပြောရရင် ပါဠိလိုတော့တပည့်တော်မရဘူးဘုရား
မြန်မာလိုပဲပြောရရင် . .
“တရားကိုစောင့်တဲ့သူကို တရားကပြန်စောင့်ရှောက်တဲ့ကိန်း’’ပဲ
ဆရာတော် .. ရေ ..
“ ဟ ’’ တယ်ဟုတ်ပါလားဒကာတော်ရ၊ ဒီတိုင်းဆိုတော့ ဒကာတော်
မှာအတော်ကို ကံပွင့်စုတ်ပွင့်လာဘ်ပွင့်နေတယ်ပေါ့ .. ဒီလိုလား?
“ဆရာတော်တော်မေးတာတွေကလည်း များလိုက်တာဘုရား’’
ကံပွင့်တာရော စုတ်ပွင့်တာရော လာဘ်ပွင့်တာရောပဲ။ စုတ်ကပွင့်
လို့မဖြစ့်ဘူးဆရာတော်ရဲ့ ဒီစုတ်ကတပည့်တော်တို့လိုအိမ်ထောင်
သည်များအတွက် ပြဿနာကောင်ဘုရား။ ဒါ့ကြောင့်ဆရာတော်
မေးတဲ့စကားသုံးခွန်းမှာ စုတ်ပွင့်တာကလွဲလို့ ကျန်တာတွေကတော့
အဟုတ်ကိုပွင့် တကယ်ကိုပွင့် နေတယ်ဘုရား။
“သြော် . .’’ သာဓုပါဒကာရယ် . . ဒီလိုမင်္ဂလာစကားများ ကြားရခဲ့
ပါဘိ။ ကံပွင့်ပုံလေးများ တိုထိလိုမိလေးလျှောက်ထားပါဦးဗျာ။
“ ပြောရရင်တော့ဘုရား ’’
ဒီကိစ္စကအရှင်ဘုရားကစတာပဲ။ ပြီးခဲ့တဲ့အပတ်က အရှင်ဘုရားထံ
လာတုန်းက တပည့်တော်ကို တောင်မြို့မဟာဂန္ဓာရုံဆရာတော်ဘု
ရားကြီးရဲ့ ကျမ်းစာအုပ်တွေကို သိမ်းထားတဲ့ အရှင်ဘု၇ားရဲ့
Blog Link တပည့်တော်ကိုပေးလို့ တပည့်တော် ၀င် Downတယ်
ဘုရား အဲဒီကဒေါင်းလို့ရတဲ့ ကျမ်းစာအုပ်တွေကို တပည့်တော်ရဲ့
ယောက်ခမကြီးကို ပေးဖတ်လိုက်တယ်ဘုရား ။ ယောက်ခမကြီးက
သဘောတွေကျပြီး တပည့်တော်ကို
(မင်းဒီစာအုပ်တွေ ဖတ်တာကြာပြီလား?) တဲ့။
တပည့်တော်လည်း . . .
(ဟုတ်ကဲ့ အားရင်အားသလိုဖတ်ပါတယ်) လို့ပြန်ဖြေလိုက်တယ်။
အဲဒီမှာယောက်ခမကြီးက .
(ဟ . . မင်းကဒါဆိုဘယ်ဆိုးမလဲကွာ။ တို့တုန်းကမင်းအရွယ် ဒါ
တွေမသိသေးဘူးကွ . . အေး ငါမင်းကို ချီးကျူးတယ်ကွာ) တဲ့
အဲဒီလိုယောက်ခမကြီးရဲ့ ဥဒါန်းစကားကြောင့် အိမ်မှာတပည့်
ပြီးရင် ပြီးသလောက်ဖြစ်နေတယ်ဘုရား .. ဒါ့ကြောင့်အရှင်ဘုရား
ပေးသနားတဲ့ ကျမ်းစာအုပ်များက တပည့်တော်ရဲ့ နောင်ဘ၀ကို
မဆိုထားသေးဘူး အခုဘ၀တင် အခွင့်အရေးကုသိုလ်ကံကောင်း
များရရှိပါတယ်ဘုရား ။ ဒါ့ကြောင့် အခုတပည့်တော် အားတာနဲ့
အရှင်ဘုရားထံက စကားလေးများနာကြားရင်း စိတ်ပြေလက်
ပျောက်ထွက်လာတာပါဘုရား .. ။
“ သြော် ’’ တယ်လည်း ဓမ္မသတ္တိက ထူးပါပေ့လား? ဒါ့ကြောင့်
ဓမ္မဂုဏ်တော်က . . (အကာလိကော- အခါ၊အချိန်၊မလင့်
အကျိုးပေးတယ်) ဆိုတာဒါပဲဒကာရဲ့။ ဓမ္မကိုကိုယ်ကပေါင်း
သင်းရင်ပေါင်းသင်းသလောက် ဓမ္မကကိုယ့်ကိုပြန်ပြီး ဓမ္မသုခ
ကိုပေးတယ်ကွ။ ဘယ်လိုပဲ လောကဓံတွေနဲ့ဆုံဆုံ ကြုံကြုံ
ဓမ္မနဲ့ပေါင်းလို့ ဓမ္မနဲ့များယဉ်ပါးပြီဆိုရင်ဖြင့် ထိုသူမှာ အဆိုးလော
ကဓံလေးပါးက ရိုက်လိုက်ပုတ်လိုက်တဲ့ ဒဏ်တွေဟာပါးလျှား
ဖြေလျှော့သွားတာပါပဲ။ ဥပမာကွာ။
လင်ကိုမြွေကိုက်၊
သားငယ်ကိုစွန်ချီ၊
သားကြီးကရေနစ်
မိဘနှစ်ပါးကအိမ်မီးလောင်သူတောင်းစားဘ၀နဲ့သေ .. အဲဒီ
လောကဓံအဆိုးလောက် ကြီးတာကြမ်းတာရမ်းတာရှိဦးမလား
ကွ။ အေး ၊ အဲဒီလောက်တာတေလံတဲ့လောကဓံလူဆိုးကြောင့်
အ၀တ်မ၀တ်နိုင်အောင် ရူးနှမ်းသွားတဲ ပဒါစာရီမိန်းမငယ်ဟာ
ဓမ္မနဲ့တွေ့လို့ ဓမ္မကိုပေါင်းမိပြန်တော့ အသဝေါကုန်ခမ်းတဲ့
ရဟန္တာထေရီမကြီးတောင်ဖြစ်သွားတယ်မဟုတ်လား . .
“မှန်ပါ့ဘုရား’’
တပည့်တော် အဲလို အသံလေးတွေကိုကြားချင်လို့အရှင်ဘုရားထံ
လာတာဘုရား။ ဒီနေ့လည်း တပည့်တော်အတွက် အတွေးဉာဏ်
အသိဉာဏ် အကျင့်ဉာဏ်လေးတွေ ရလိုက်ပါတယ်ဘုရား။
“အင်း .. အင်း . . သာဓုပါဒကာ’’
ပါရမီဆိုတာ ဒီလိုပဲ ဖြည့်တာပဲ ဒကာရဲ့။ နောက်တော့တစ်ဖြေးဖြေး
ပြည့်တော့လျှံတော့တာပဲလေ . . ။
“မှန်ပါ့ဘုရား’’
ဒါနဲ့ဆရာတော် ရဟန်းတော်များဟာ ရွှေတို့ငွေတို့ကိုအလှူမခံမသုံး
ကောင်းဘူးဆိုတာ ဟိုတစ်နေ့က အရှင်ဘုရားရေးသားတဲ့
‘ပျိုတို့မောင်ဝါ၀ါဝတ်ကို ဒေါင်းခွပ်ချီလေး’ ဆို့တဲ့ဆောင်းပါးလေးမှာ
ဖတ်ရတယ်ဘုရား။ အရှင်ဘုရားနဲ့တပည့်တော်တို့က ဆရာရင်းဒ
ကာရင်းမို့ ခပ်ရဲရဲမေးလျှောက်ပါရစေ ..
‘ အရှင်ဘုရားရောဒေါင်းခွပ်ခံရသေးလားဘုရား’
“ အင်း .. အင်း ..’’
ဒကာမေးတော့မှပဲ အလင်းရှင်ဆိုတဲ့အညတရဟန်းလည်း
‘ကိုယ့်ရူးကိုယ်ပတ်’ ပြီပေါ့ .. ကွာ။
“ ဟား ဟား ဟား’’ ဒီလိုလည်းမဟုတ်ပါဘူးဆရာတော်ရယ် တပည့်
တော်တို့မှာက အရှင်ဘုရားကိုမှမမေးရင် မေးဖို့နီးစပ်ရာဆရာတော်
များကမရှိဘဲကိုဘုရား။ ဒီလိုမေးမှလည်း တပည့်တော်တို့အတွက်
ဒီလိုအသိများ တိုးပွားမှာပေါ့ဘုရား ။
“ ဟုတ်ပါပြီဒကာရယ်’’
ဦးဇင်းတော့ ဒေါင်းခွပ်တာမခံဘူးသေးပါဘူး ခြင်္သေ့ကိုက်တာတော့
သုံးနှစ်လောက် ထောင်ထဲမှာခံလိုက်ရတယ်လေ
“ ဟော ’’
အရှင်ဘုရားစကားက တပည့်တော်အမေးအတွက် အဖြေထူးတွေ
လာပြန်တယ်ဘုရား။ ခြင်္သေ့ကိုက်ခံရတာတယ်ဆိုတာဘာကိုဆို
လိုတာလဲဘုရား ။
“တွေးကြည့်လေ . . ဒါကာရဲ့’’
ခြင်္သေ့ပုံအမှတ်တံဆိပ်ကို မြန်မာနိုင်ငံစစ်တပ်ကသုံးတာလေ . .
ဦးဇင်းကို အဲဒီစစ်တပ်က ကြံ့ဖွတ်တွေကပဲ အကွက်ဆင်ထောင်ချ
လို့ .. ခြင်္သေ့ကိုက်ခံရတယ်လို့ပြောတာပေါ့ ..ဒကာရယ်။
“ ဟုတ်သားပါလား ဆရာတော်’’
တကယ်ကို ထိမိတဲ့ အဖြေပါလားဘုရား . .အတိတ်အကြောင်းတစ်
လွှာကလည်း မသက်သာခဲ့ပဲကိုဘုရား ’’
“အင်း .. ’’
ထားပါတော့လေ ..
ဒကာမေးတာကို ဦးဇင်းက အပြစ်ရယ်ဆိုတာမဟုတ်ဘူးလေ အခု
ဖြစ်နေတာကိုယ်က ဦးဇင်းပြောတဲ့ ‘ကိုယ့်ရူးကိုယ့်ပတ်’ ကိုယ်ရေး
တဲ့စာနဲ့ ကိုယ်ပြန်အပစ်ခံရတာကို၊ ဒါ့ကြောင့် ဒီစကားပုံလေးက
တိုက်ဆိုင်နေလို့ ပြောမိတာပါ ဒကာရာ။
“မှန်ပါ့ဘုရား ’’
ဒါ့ကြောင့် တပည့်တော်အမေးစကားလေးများ မိန့်တော်မူပါဦးဘုရား
“အေး . .ဒကာရ’’
ဒကာတို့က ဦးဇင်းရေးတဲ့စာကို သေချာမဖတ်ကြတော့ ဒီလိုမေးခွန်း
တွေ ဖြစ်လာတာပေါ့။ ဇာတရူပရဇတ ဆိုတဲ့သိက္ခာပုဒ်တော်က ရဟန်းတော်များဘ၀ကိုမဆိုထားနဲ့ဦး၊ လူသားတွေတောင်မှာ
‘အိပ်ဖောင်းရင် စိတ်ပြောင်းတယ်’ ဆိုပဲ။ ဒါ့ကြောင့် ငွေဟာပေါများ
လာပြီဆိုရင် အသုံးအတက်ရင်ဘေးနဲ့တူတယ် သုံးတက်ရင်တော့
ဆေးနဲ့တယ်တယ်ဒကာရဲ့ .။ ဒါကိုသိမြင်တော်မူတဲ့ ဘုရားရှင်ဟာ
ရဟန်းတော်များအား ရွေငွေအလှူမခံရဆိုတဲ့ သိက္ခာပုဒ်ကိုပညတ်
ခဲ့တာပဲ။
ဒါကိုသိချင်ရင်တော့ ဒီlink . . ..
http://aungminkhoung.blogspot.com/2014/01/blog-post_5965.html#.UuajBWcVTIU

ကိုသာ ဒါကာအိပ်ပြန်ရောက်ရင်ဝင်သာဖတ်ကြည့်ပေတော့နော်
အခုတော့ ဒကာမေးတဲ့မေးခွန်းကိုပဲဖြေပါ့မယ်။ ဒါကလည်းအထူး
ဖြေစရာမလိုပါဘူး .. အရင်ဆောင်းပါးတွေမှာရေးခဲ့သလိုပါပဲ
(မဟန) ခေါ် သံဃာခေါင်းဆောင်ကြီးတွေကိုယ်တိုင်ကိုယ်က
ဒီသိက္ခာပုဒ်ကို သူတို့ကိုယ်တိုင် စံပြအနေနဲ့စောင့်ထိမ်းရမယ်။
နောက်မြန်မာနိုင်ငံအ၀ှမ်းလုံးရှိ သံဃာတော်များကို သူတို့အရင်
လုပ်နေကြပုံစံအတိုင်း ညွှန်ကြားလွှာနဲ့ ဆပ်ကပ်ပြီးညွှန်ကြားမယ်
ဆိုရင် ခေါင်ထွဋ်လုံတဲ့အိမ်မှာ တံစက်မြိတ်မလုံတာလောက်က
တော့ ဖာလိုက်ထေးလိုက် အသစ်အစားထိုးလိုက်ရင် လုံခြုံသွား
တာပဲမဟုတ်လား .. ဒကာရဲ့။
“သြော် . . မှန်လှပါဘုရား’’
ဆရာတော်အခုလိုရှင်းပြလိုက်တော့လည်း လင်းသွားတာပဲဘုရား။
တပည့်တော်အိမ်ရောက်မှပဲ အရှင်ဘုရားပေးတဲ့ Link လေးထဲဝင်
ပြီး ဖတ်ကြည့်ပါဦးမယ်ဘုရား . . အရှင်ဘုရားများလည်း အနားယူ
ပါဦးဘုရား .. တပည့်တော် ပြန်ပါရစေဘုရား။
“အင်း .. သာဓုပါဒကာရယ် ’’
ဒကာလာတော့လည်း ဓမ္မဒေသနာ ဓမ္မသာကစ္ဆာ ဓမ္မဿဝနာ မင်္ဂ
လာများက တန်းစီပြီးရကြတော့တာပါပဲလား . .
ကဲ ..ကဲ .. ကဲ .
ဒီကုသိုလ်ကမ္မပထများအား . . တို့ကျေးဇူးရှင်ဖခင်ကြီးနဲ့တကွ
သုံးဆယ်တစ်ဘုံသားများ ဝေငှသုံးဆောင်နိုင်ကြပါစေ ဒကာရာ။
“သာဓု .. သာဓု .. သာဓု . . ပါအရှင်ဘုရား’’
█ ░ အလင်းရှင် ░ █

No comments :
Post a Comment