ကာလ၀ိပတ္တိ၊ ဆိုတဲ့ ပါဠိစကားလေးက ခေတ်အခါပျက်တဲ့တဲ့
အနေအထားမျိုးမှာသုံးတာ။ အင်း တကယ်တော့ ခေတ်ပျက်တယ်
ဆိုတာ ကမ္ဘာအနေအထထားပြောင်းလဲမှုကနေ စပြီး ဥတုတွေ
ဖေါက်ပြန်ရာကနေဖြစ်တက်သလို ကမ္ဘာကိုအမှီပြုတဲ့လူသားတို့စိတ်
ဓာတ်ပျက်ယွင်းမှုကနေပြီတော့လည်း ကာလ၀ိပတ္တိတရားတွေဖြစ်
တက်တယ်။ ဒါ့ကြောင့် ကမ္ဘာပျက်ရတဲ့အကြောင်းအရင်းက သက်မဲ့
ဖြစ်တဲ့ ကမ္ဘာရဲ့ တည်နေမှုပုံသဏ္ဍာန် ချွတ်ချော်တိမ်းပါးမှုတွေ
ကြောင့်ဖြစ်သလို လူသားများရဲ့ အလိုဆိုးကြီးမားခြင်းကြောင့်လည်း
ဖြစ်နိုင်ပါတယ်။
ဒီတော့က အခြားကိုမလေ့လာနဲ့ဦး ကိုယ့်အရှေ့မှာရှိနေတဲ့ဗုဒ္ဓဘာ
သာကိုပဲ ဥပမာပြုလေ့လာကြည့်ပါ။ ဒီနေရာမှာလည်းပဲ ဟိုးအိန္ဒိယ
နဲ့ သီဟိုဠ်ကို အလှမ်းဝေးလွန်းလို့အသာထားပါဦး။ အခုကိုယ်ရပ်
တည်နေတဲ့ ကိုယ်ပစ္စုပ္ပန်တည့်တည့်က သံဃာအစဉ်အဆက်ကို
လေ့လာကြည့်ပါ။ ဒါဆိုရင် ကာလ၀ိပတ္တိရဲ့ သဘောကိုထင်သာမြင်
သာရှိပါလိမ့်မယ်။
ဟိုးရှေးကဆို ရဟန်းတော်များ ၀တ္ထုငွေခေါ်ပိုက်ဆံများကို တွင်
ကျယ်စွာမကိုင်ကြပါဘူး။ ဟော့ ခုခေတ်ခေါ် တောင်မြို့မဟာဂန္ဓာ
ရုံဆရာတော်ဘုရားကြီးများခန္ဓာဝန်ချပြီးတဲ့နောက်ပိုင်းမှာ ရဟန်း
တော်များဟာ ငွေများကိုပြောင်ပြောင်တင်းတင်းကိုင်လာကြတယ်။
ဒါတွေဟာ ၀ိနည်းတရားတော်များ ဆုတ်ယုတ်လာမှုကိုတိုက်ရိုက်
ဖေါ်ပြနေတာပါပဲ။
ဒါကို (မဟန)ခေါ်သံဃအကြီးအကဲများက ပြောင်ပြောင်တင်းတင်း
ခွင့်ပြုထားတယ်။ ဒီလိုခွင့်မပြုသင့်တဲ့ အမှုကိစ္စတွေကိုတော့ ခွင့်ပြု
ပြီး ခွင့်ပြုထိုက်တာတွေကိုတော့ ညွှန်ကြားလွှာဆိုတဲ့ စကားလုံးလှ
လှယဉ်ယဉ်လေးကိုသုံးပြီး ဖမ်းဆီးထောင်ချပစ်တယ်။
ဒီနေရာမှာသိသာမြင်သာအောင်ပါဠိတော်လေး ထုတ်ပြရရင် . .
“န သာဒိယန္တိ သမာ သကျပုတ္တိယာ ဇာတရူပရဇတံ၊ နပ္ပဋိဂ္ဂဏှန္တိ
သမဏာ သကျပုတ္တိယာ ဇတရူပရဇတံ၊ နိက္ခိတ္တဏသုဝဏ္ဏာ
သမဏာ သကျပုတ္တိယာ။ အပေတဇာတရူပရဇတံ။ ယဿ ခေါ
ဂါမဏိ ဇတရူပရဇတံ ကပ္ပတိ ၊ ပဉ္စပီ တဿ ကာမဂုဏာ ကပ္ပန္တိ၊
ယဿ ပဉ္စ ကာမဂုဏာ ကပ္ပန္တိ တဿပိ ဇာတရူပရဇတံ ကပ္ပတိ ’’
ဆိုပြီးဘုရားရှင်က ဂါမဏိရွာသူကြီးကိုမိန့်ကြားခဲ့တာပါ။
ဂါမဏိ၊ ဂါမဏိ။ ဟိသစ္စံ၊မှန်၏။ သကျပုတ္တိယာနံ၊ သာကီဝင်မင်း
သားဖြစ်ကုန်သော။ သမဏာနံ၊ ရဟန်းတို့အား။ ဇာတရူပရဇတံ၊
ရွှေငွေသည်။ နကပ္ပတိ၊မအပ်။ သကျပုတ္တိယာ၊ သာကီဝင်မင်းသား
ဖြစ်ကုန်သော။ သမဏာ၊ရဟန်းတို့သည်။ ဇာတရူပရဇတံ၊ ရွှေငွေ
ကို။ နပဋိဂ္ဂဏှန္တိ၊ မခံကုန်။ သကျပုတ္တိယာ၊သာကီဝင်မင်းသားဖြစ်
ကုန်သော။ သမဏာ၊ ရဟန်းတို့သည်။ နိက္ခတ္တမဏိသုဏ္ဏာ၊ ချအပ်
သော ပတ္တမြားရွှေရှိကုန်၏။ အပေတဇာတရူပရဇတာ၊ ပယ်အပ်
သော ရွှေငွေရှိကုန်၏။ ဂါမဏိ၊ ဂါမဏိ။ ယသ၊အကြင်သူအား။
ဇာတရူပရဇတာ၊ ရွှေငွေသည်။ ကပ္ပတိ၊အပ်ငြားအံ့။ တဿ၊ထိုသူ
အား။ ပဉ္စ၀ိ၊ငါးပါးသည်လည်းဖြစ်ကုန်သော။ ကာမဂုဏာ၊ကာမဂုဏ်
တို့သည်။ ကပ္ပန္တိ၊ အပ်ကုန်၏ ။
ဒီတော့က . . ရဟန်းသံဃာခေါ် ဘုရားသားတော်များဟာ ငွေကို
ကိုင်သုံးစွဲနေတာကို အပ်စပ်တယ်ဆိုပါက မိန်းမကိုပါ သုံးစွဲလိုရ
တယ်လို့ ဘုရားရှင်မိန့်ကြားလိုက်တာပါပဲ။
ဇာတရူပရဇတခေါ်ရွှေငွေကိုအပ်တယ်ဆိုရင်တဲ့ . ကာမဂုဏာခေါ်
ကာမဂုဏ်မှန်သမျှကိုခံစားသုံးစွဲအပ်တယ် လို့ဘုရားကပြောတာ။
ဒီတော့ မျက်မှောက်ခေတ် (မဟန)ဟာ ဒီဝိနည်းဓမ္မကို ထုတ်ပြကာ
ကိုယ်တိုင်လည်းငွေကိုအလှူမခံစေပဲ ရှေ့ကနေပြီးဦးဆောင်ကာ
ဝိနယဓမ္မကို စောင့်ထိမ်းကြမယ်ဆိုရင် နောက်ပါရဟန်းငယ်သီတင်း
ငယ်များမှာလည်း အတုလိုက်ပြီး စောင့်ထိမ်းကြမှာပါ။
အခုတော့ .. ယင်း(မဟန)ကိုယ်တိုင် ၀ိနည်းဓမ္မခဏ်ကို လိုသလို
ရှောင်တိမ်းပြီး မိမိတို့အသုံးလိုတာကို ထုတ်သုံးတယ် ညွှန်ကြား
တယ် နောက်ဆုံး တစ်နိုင်ငံလုံးရှိလှည်းနေလှေအောင်းမြင်းစောငင်း
မကျန် (နိုင်ငံတော်သံဃမဟာနာယကမှ ညွှန်ကြားလွှာ) ဆိုပြီး
တော့ မလိုက်နာတဲ့ရဟန်းသံဃာကို ထောင်ချတယ်။ အဲ .. မိမိတို့
အသုံးလိုတဲ့ အခုပြောတဲ့ ဇာတရူပရဇတသိက္ခာပုဒ်တွေကိုတော့
မသိကျိုးဟန်ပြု၍ နေကြတယ်။ မိမိတို့ (မဟန)ဘုန်းတော်ကြီး
များက ဘဏ်တွေမှာပါ ကိုယ့်နာမည်ဘွဲ့တော်တွေနဲ့ ငွေတွေ
မြောက်များစွာအပ်နှံတက်ကြတာကိုလည်း ကြားသိရပါတယ်။
ဒါ့ကြောင့် အလင်းရှင်သည် မည်သူ့ကိုမျှ မည်သည့်ဂိုဏ်းကိုမျှ ထိပါး
ပုတ်ခတ်လိုသည်မဟုတ်ပါ။ မထိပါးမပုတ်ခတ်သည်မှာလည်း
အထင်အရှားပါ ။
ခေါင်လုံရင် တံစက်မြိတ်အပေါက်အသေးများကတော့ဖာထေးရုံနှင့်
ရပါသည်ဆိုသောဥပမာအတိုင်း ..
နိဿဂ္ဂိပါစိတ်အာပတ်လောက်သာဆိုသော်လည်း ယင်းအာပတ်
မှတဆင့် ဆင့်ပွားဖြစ်ပေါ်လာတက်သည့် အခြားသော အပြစ်များ
ကို မဖြစ်ပွားစေရန် အိမ်ခေါင်ထွဋ်နှင့်တူသော (မဟန)ခေါ်ဘုန်း တော်ကြီးများသည်ကိုယ်တိုင်လူကြီးများပီပီ
ဦးဆောင်၍ ယင်း
သိက္ခာပုဒ်ကို ကိုယ်တိုင်လည်းကျင့်သုံးစေသကဲ့သို့ နိုင်ငံအ၀ှမ်း
ရှိသံဃာတော်များအားလည်း စေတနာကရုဏာထားကာ ညွန်
ကြားပြသ အတုယူသင့်ပါတယ်။
ယင်းသို့မဟုတ်လျှင် သာသနာတော်သည် ဒီထက် ရွံရှာဖွယ်ရာ
ကောင်းတော့သည် ရွှံရှာဖွယ်ရာများကိုလည်း အလင်းရှင်မှထုတ်
ပြပါက ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသည်နှင့်တူပါသည်။ လောက
ဝယ် ခေါင်းဆောင်ဟူသည်ပဓာနကျသည် ထို့ကြောင့်လည်းပဲ ကျမ်း
ပြုအကျော်မထေရ်မော်တို့က “ ရှေ့ကားနွားလားအဖြောင့်သွား
သော် နောက်နွားတစ်သိုက်အဖြောင့်လိုက်၏ ’’ လို့ ဆုံးမထားတော်
မူပါတယ်။
ယင်းသြ၀ါဒအတိုင်း ရှေ့ဆောင်နွားလားကြီးများမှ ၀ိနည်းဓမ္မများကို
မတိမ်းအစောင်း တူ့ရှုမောင်းကြပါက နောက်လိုက်များဖြစ်ကြသော
အလင်းရှင်တို့လို နွားငယ်သားငယ်တို့သည် အတုလိုက်၍ကျင့်မည်
မှာမလွဲဧကန်ပင်ဖြစ်ပါသည်။
ထို့ကြောင့် ကာလ၀ိပတ္တိတရားများ မတိုးပွားစေပဲ ကာလသမ္ပတ္တိ
တရားများသာ ကြီးပွားတိုက်တက်စေရန် သာသနာရေးအရပြုပြင်
သင့်သည်ဖြစ်ကြောင်း အသိပေးတိုက်တွန်းနှိုးဆော်အပ်ပါသည်။
ဤဓမ္မဒါနကုသိုလ်ကို ကြာမြင့်သောကာလဆီမှလွန်တော်မူခဲ့သော
ဖခင်ကြီးနှင့် (၃၁)ဘုံသားများအား ဝေငှသုံးဆောင်လိုက်ပါသည်။
█ ░ အလင်းရှင် ░ █
ကျမ်းကိုး . .
၁၀ - မဏိစူဠကသုတ်၊ ၈- ဂါမဏိသံယုတ်၊
သဠာယတန၀ဂ္ဂသံယုတ်ပါဠိတော်။

No comments :
Post a Comment