“ဟဲ့ ’’. . ဒါကလေး .. ဘယ်ကလှည့်လာတုန်း
“မှန်ပါ့ ’’
ဆရာတော့ထံလာတာပါဘုရား အလုပ်ဒီနေ့ပိတ်တယ်လေ ဆရာတော်ရဲ့ .။
“ သြော် ’’ ဟုတ်သားပါလား ၊ ဦးဇင်းတို့လည်း နိစ္စဓူဝ စာနဲ့နပန်းလုံး
နေရတော့ . . နေ့တွေလည်းသတိမထားမိတော့ပါ ဒကာရယ်။
ဒကာမကြီးရော နေကောင်းရဲ့လား ကွ .. ။
“မှန်ပါ့’’ ကောင်းပါတယ်ဘုရား။
“အေးကွာ’’
ရိုးရာဓလေ့နှုတ်ဆက်စကားဆိုရတာပါကွာ တကယ်တော့ ‘ရူပံ’
ဆိုတဲ့ဒီရုပ်တရားကြီးဟာ အပျက်ကြီးပါကွာ။
ဒါနဲ့စကားမစပ် မင်းသားရော လိမ္မာရဲ့လားကွ
“မှန်ပါ့ဆရာတော်’’ ဒီကောင်ပဋိသန္ဓေနေတဲ့အခိုက် သူ့အမေက
ဘာသာရေးလုပ်လို့လားမသိဘူးဘုရား အခြားကလေးနဲ့မတူဘူး
နူးညံ့တယ်ဘုရား။
“အေး ’’ မင်းပြောတာမှန်တယ်ကွ။ တို့ ဘုရားလက်ထက်က
ဗောဓိကုမာရမင်းသားလေးရဲ့ မိခင်ကလည်း ဗောဓိကုမာရမင်းသား
လေး ပဋိသန္ဓေတည်ပြီဆိုကတည်းက ဘုရားရှင်ထံမှာ (တပည့်တော်၏
ကိုယ်ဝန်သူငယ်သည် ဘုရားတရားသံဃာတော်ကို ကိုကွယ်ပါ၏)
လို့လျှောက်ထားပြီး
ကိုယ်ဝန်သရဏဂုံယူဖူးတယ်ကွ။ အဲဒီနောက် တစ်ခါ နေ့စေ့လို့ဖွား
မြင်တဲ့အခါမှာလည်းပဲ ဖွားဖွားခြင်းကိုပင် အထိန်းတော်တွေနဲ့အတူ
ဖွားမြင်စပူတူးတူးလေးကိုပါ ကျောင်းလာပြီး
(ရင်ခွင်၌ရှိသောဗောဓိမင်းသားလေးသည် ဘုရားတရားသံဃာ
ကိုကိုးကွယ်ပါ၏) လို့ သရဏဂုံယူဖူးတယ်ကွ။
“မှန်လှပါ့ဘုရား’’ တပည့်တော်များ ဒီဇာတ်ကြောင်းမသိဘူးပါဘုရား
အရှင်ဘုရားမိန့်မှပဲ သိတော့တယ်ဘုရား ၊ အဲဒါကြောင့် ဆရာတော်
ထံအားရင်လာချင်တာဘုရား တစ်ခါတစ်ခါကျရင် မိန်းမက တပည့်
တော်ဘုန်းကြီးကျောင်းသွားပါတယ်ဆိုတာမယုံချင်ဘူးဘုရား။
“အေး လေ ’’ ဒကာကလည်း မယုံချင်အောင်ကို လုပ်ကွက်
မြုပ်ကွက်လေးများရှိလို့နေမှာပ ။
“အောက်မလေး ’’ ဆရာတော်ရယ် ရှေ့နေခေါ်ကာမှ
ထောင်လုံးလုံးကျ ဆိုတဲ့ကိန်းတော့ ဆိုက်ပြီဘုရား ..
အဓိကကတော့ ဆရာတော်မယုံတာထက် တပည့်
တော်မိန်းမယုံဖို့သာလိုတာဘုရား ဟဲ .. ဟဲ . . ဟဲ့ . .။
ဆရာတော် စကားပြတ်သွားတယ် စောစောက ဗောဓိမင်း
သားတို့လို ဇာတ်ကြောင်းလေးများ တပည့်တော်ဖတ်ဖို့
ချီးမြင့်ပါဦးဘု၇ား . .
“ အင်း ’’ ဒါကလွယ်ပါကွ။ အဓိကက မင်းသားလေးလူလား
မြောက်လာရင် လိမ္မာရေးခြားရှိရအောင် အခြေခံဘာသာရေး
စာအုပ်လေးကို မြန်မာလိုလေးရေးထားတာရှိတယ်။ အဲဒါမင်း
ဦးဇင်းရဲ့ဘလော့ထဲဝင်ဆွဲလိုက်ချီ။
“မှန်ပါ့’’ ရေငတ်တုံးရေတွင်းထဲကျသလိုပါပဲဘုရား။ ဒါ့ကြောင့်
တပည့်တော်က အားရင် ဆရာတော်ထံလာချင်တာပါဘုရား။
“ ကဲ . .ကဲ . .ကဲ .. ဒကာ’’
ဟုတ်မှလည်းပြော . . စိတ်ထဲပါမှလည်းပြော . .
အောက်က Link မှာ ၀င်ပြီး Download ဆွဲသွား ။
အဲဒီကျမ်းစာအုပ်လေးက အတော်ကို ဗုဒ္ဓဘာသာအတွှက်
အခြေခံပါတယ်ကွ။ ကဲ .. ဒကာလည်းပြန်လိုက်ဦး အိမ်တန်းပြန်
နော် .. သဝေထိုးထိုးမနေနဲ့ဦး ..
ဦးဇင်းလည်း မျက်စေ့အနားပေးလိုက်ဦးမယ် ..
“မှန်လှပါဘုရား’’
ဆရာတော်ဆထက်တိုး၍ အလင်းရောင်များဝေငှနိုင်ပါစေဘုရား။
Download Here ☛ မူလတန်းဘာသာရေး. - 111 MB
█ ░ အလင်းရှင် ░ █
Monday, January 27, 2014
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment