.

AlinShin

Tuesday, December 3, 2013

ဝိစိတ္တနယ ၀ါစကာ

အချို့ဆရာတော်တွေပြောနေရေးနေတဲ့စကားလေးတစ်ခွန်းရှိတယ်။
သာသာဆိုတာ နှလုံးသားမှတည်တဲ့။ ဒါက ပရမတ္ထအမြင်နဲ့ပြောတာ
ပါ ။ မမှန်ဘူးလို့မဆိုလိုပါဘူး။ သို့သော် ဘုရားရှင်တောင် အသင်္ချေ
(၂၀)နဲ့ ကမ္ဘာတစ်သိန်းမှာ သာသာနာနဲ့ကြုံခဲ့ရတာ (၁၀)ဘ၀မပြည့်
ခဲ့ဘူးတဲ့။ သာသနာဆိုတာအဲလိုကြုံခဲတယ်ဆိုတဲ့အထောက်အထား
တွေရှိပါတယ်။ဒါ့ကြောင့်နှလုံးသားထဲမှာသာသနာရှိဖို့ဆိုတာအပြင်
မှာလည်းသာသာနာရှိနေဦးမှ။ အပြင်မှာ သာသနာမရှိရင်ရင်ဘတ်
ထဲမှာသာသနာဘယ်ရှိနိုင်ပါမလဲ။ သာဓကပြောရင် ကျောင်းသား
တစ်ယောက်ကို ဆရာက စာအလွတ်ပြန်ခိုင်းဖို့အတွက် ထိုကျောင်း
သားကျက်မှတ်ဖို့အတွက် စာအုပ်ပေးရမယ်လေ . .။ ကျက်စရာစာ
အုပ်မရှိဘဲ ကျောင်းသားကဘယ်လိုလုပ်စာကို နှလုံးသားထဲထည့်
ပ့ါမလဲ။ မထည်နိုင်ရင် ဆရာကိုစာဘယ်လိုလို ပြန်ဆိုနိုင်ပါ့မလဲ။ ကဲ
နောက်ထပ်ဥပမာလေးတစ်ခုပြောမယ်။ အမေမရှိဘဲအဖေမရှိဘဲခ
လေးတစ်ယောက်ဘယ်လိုလုပ်မွေးမလဲကွာ။တော်တော်ချာတူးလံ
တဲ့အတွေးသမားတွေပဲ ။ နတ်ရေကန်ထဲကမွေးပေးနိုင်မလား။
ဒါ့ကြောင့် အစ္ဇျတ္တနှလုံးသားဝယ်ဘုရားတည်နိုင်ဖို့ဆိုတာအပြင်ဗာ
ဟိဒ္ဓသဏ္ဍာန်မှာလည်း ဘုရားတည်နိုင်တဲ့သာသနာရှိဦးမှ။
ဒါ့ကြောင့် ဘုရားရှင်ကိုတိုင် . . .
►►တိဋ္ဌန္တေ နိဗ္ဗူတေစာပိ၊ သမေစိတ္တေ သမံ ဖလံ။
►►စေတောပဏီဓိဟေတုမှိ ၊ သတ္တာ ဂစ္ဆန္တိ သုဂတိံ။
ဆိုပြီး ၀ိမာန၀တ္ထုပါဠိတော်မှာဟောခဲ့တယ်ကွ။ ဒီတော့က မင်းတို့ရင်
ဘတ်ထဲမှာကိလေသထကြွသောင်းကျန်းလာဖို့ ရူပါရုံဆိုတဲ့မိန်းမပုံ
တွေအရုပ်တွေအသံတွေရှိမှဒီတော့မှကိလေသာစိတ်များနှိုးကြွလာပြီး 
ရာဂပုတ္တာဝိဇာရတိဖြစ်လာတာ။ ဒါ့ကြောင့်ကံသုံးကံမှာကိလေသာ
ရုပ်၊ကိလေသာအသံ၊ကိလေသာအဆင်းတွေမတွေ့သမျှမင်းတို့ရင်
ထဲမှာ ကိလေသာဝင်မလာဘူး။ အေးဒီလိုပဲ သာသာနာဆိုတာ နှလုံး
သားထဲမှာလို့ပြောတာမှန်တယ် သို့သော် အဲဒီနှလုံးသားထဲကို
ရောက်အောင် သာသနာစိတ်တွေပေါ်ပေါက်စေဖို့အတွက် alarm
လိုတယ်။ အဲဒီ alarm တွေကိုဖြစ်စေဖို့ ဓါတုစေတီ၊ ဓမ္မစေတီ၊
ဥဒိဿစေတီ၊ပရိဘောဂစေတီ ဆိုတဲ့ဗုဒ္ဓရဲ့အငွေ့အသက်တွေ
လိုတယ်ဒါ့ကြောင့်ရှေးဆရာတော်ဘုရားကြီးတွေက စာတွေအရမ်း
ရေးခဲ့ကြတာ။ဘာလို့လည်းဆိုတော့ တို့တွေမင်းတို့တွေရဲ့ နှလုံးသား
ထဲကို ဘုရားတည်နိုင်အောင်ဆိုပြီးသူတို့ခမျာကြိုးစားပြီးရေးခဲ့ကြရ
တာ။သူတို့ရေးခဲ့မှတ်ခဲ့ပြောခဲ့လို့တို့အခုအဝေကလှမ်းမြင်နေရတဲ့
စေတီတော်များသံဃာတော်များ စတာတွေကိုကြည့်ညိုနေမိတာ။
ဒီသဒ္ဓါစိတ်မရှိဘဲ နှလုံးသားထဲဘယ်လိုလုပ်ဘုရားတည်နိုင်မှာလည်း
မင်္ဂလာဆောင်တာသတို့သမီးနဲ့သတို့သားရှိမှလေ။ မင်းတို့ငါတို့လို
ကောင်တွေကိုမဆိုထားနဲ့ ဘုရားအလောင်းကြီးများတောင်သာသ
နာပမှာ တရားရှာရတာခက်လို့ သိကြားမင်းက ဆင်းဆင်းပြီးကူညီ
ပေးရတယ်ဆိုတာပိဋကတ်စာပေးမှအောတိုက်ပါကွာ။ဒီတော့က
အတွင်းသာသနာတည်ဖို့ အပြင်သာသနာလိုအပ်တယ် အရေးကြီး
တယ်နှလုံးသားဝယ် ဘုရားတည်နိုင်ဖို့ မင်းတို့ရဲ့ နှလုံးသားအပြင်
ဘက်မှာလည်း ဘုရားတွေရှိနေဦးမှဆိုတာလေး သဘောပေါက်ပါ
သင့်ပါတယ်။ ဒီလိုကုသိုလ်အတွေးတွေနဲ့ ရှေးသူတော်ကောင်းကြီး
များဟာ ဗုဒ္ဓရုပ်ပွားတော်ပုံတွေကိုသော်လည်းကောင်း၊ဓမ္မပိဋကတ်
တွေကိုသော်လည်းကောင်း ကျောက်တောင်ကျောက်သားတွေမှာ
ထွင်းထုပူဇော်ကြတယ်။ ရွှေငွေသံကြေးဘော် စတဲ့ ကြာရှည်ခံတန်
ဘိုးကြီးဓာတ်သတ္ထုတွေနဲ့လည်းသွန်းလောင်းပူဇော်ကြတယ်။ ဒီလို
ပူဇော်မှုကိုပဲ ဘုရားရှင်က ဂစ္ဆန္တိသုဂတိံ။ နိဗ္ဗနတ်ရွာကိုလား
ရောက်နိုင်ပါတယ်လို့ပြောထားခဲ့ပါတယ။် ပါဠိအနက်ကိုအချိန်
ကြောင့်မရေးနိုင်တော့ဘူး။ ကိုယ့်အနားကကျောင်းဘုန်းကြီး
တွေသာမေးကြတော့။
ဒါကြောင့်နှလုံးသားမှလည်း . .ဘုရားတည်ပါ အပြင်မှာလည်း
ဘုရားတည်ပါ။လုံးသားထဲမှာဘုရားတည်နိုင်ဖို့အတွက် အပြင်က
ဘုရားတွေကအထောက်အကူပေးပါလိမ့်မယ်။အပြင်ကဘုရား
တွေကိုသဒ္ဓါယိုဖိတ်တဲ့စိတ်ကိုပွားနိုင်ဖို့နှလုံးသားထဲကဘု၇ားက
အထောက်အကူပေးပါလိမ့်မယ်။ အဲလိုလေး အတွင်းအပြင်မျှမျှတ
တလေး တွေးကြပါဦးကွာ။
►►►ဤတရားအလှူတော်ကို
►►► ကျေးဇူးရှင်ဖခင်ကြီးနှင့်တကွအားလုံးကိုဝေငှပါတယ်။
သာဓု . . သာဓု . . သာဓု
█ ░ အလင်းရှင် ░ █
 
Photo: ၀ိစိတ္တနယ ၀ါစကာ
☀ ☀ ☀ ☀ ☀ ☀ ☀ ☀ ☀ ☀ ☀ ☀
အချို့ဆရာတော်တွေပြောနေရေးနေတဲ့စကားလေးတစ်ခွန်းရှိတယ်။
သာသာဆိုတာ နှလုံးသားမှတည်တဲ့။ ဒါက ပရမတ္ထအမြင်နဲ့ပြောတာ
ပါ ။ မမှန်ဘူးလို့မဆိုလိုပါဘူး။ သို့သော် ဘုရားရှင်တောင် အသင်္ချေ
(၂၀)နဲ့ ကမ္ဘာတစ်သိန်းမှာ သာသာနာနဲ့ကြုံခဲ့ရတာ (၁၀)ဘ၀မပြည့်
ခဲ့ဘူးတဲ့။ သာသနာဆိုတာအဲလိုကြုံခဲတယ်ဆိုတဲ့အထောက်အထား
တွေရှိပါတယ်။ဒါ့ကြောင့်နှလုံးသားထဲမှာသာသနာရှိဖို့ဆိုတာအပြင်
မှာလည်းသာသာနာရှိနေဦးမှ။ အပြင်မှာ သာသနာမရှိရင်ရင်ဘတ်
ထဲမှာသာသနာဘယ်ရှိနိုင်ပါမလဲ။ သာဓကပြောရင် ကျောင်းသား
တစ်ယောက်ကို ဆရာက စာအလွတ်ပြန်ခိုင်းဖို့အတွက် ထိုကျောင်း
သားကျက်မှတ်ဖို့အတွက် စာအုပ်ပေးရမယ်လေ . .။ ကျက်စရာစာ
အုပ်မရှိဘဲ ကျောင်းသားကဘယ်လိုလုပ်စာကို နှလုံးသားထဲထည့်
ပ့ါမလဲ။ မထည်နိုင်ရင် ဆရာကိုစာဘယ်လိုလို ပြန်ဆိုနိုင်ပါ့မလဲ။ ကဲ
နောက်ထပ်ဥပမာလေးတစ်ခုပြောမယ်။ အမေမရှိဘဲအဖေမရှိဘဲခ
လေးတစ်ယောက်ဘယ်လိုလုပ်မွေးမလဲကွာ။တော်တော်ချာတူးလံ
တဲ့အတွေးသမားတွေပဲ ။ နတ်ရေကန်ထဲကမွေးပေးနိုင်မလား။
ဒါ့ကြောင့် အစ္ဇျတ္တနှလုံးသားဝယ်ဘုရားတည်နိုင်ဖို့ဆိုတာအပြင်ဗာ
ဟိဒ္ဓသဏ္ဍာန်မှာလည်း ဘုရားတည်နိုင်တဲ့သာသနာရှိဦးမှ။ 
ဒါ့ကြောင့် ဘုရားရှင်ကိုတိုင် . . . 
►►တိဋ္ဌန္တေ နိဗ္ဗူတေစာပိ၊ သမေစိတ္တေ သမံ ဖလံ။
►►စေတောပဏီဓိဟေတုမှိ ၊ သတ္တာ ဂစ္ဆန္တိ သုဂတိံ။
ဆိုပြီး ၀ိမာန၀တ္ထုပါဠိတော်မှာဟောခဲ့တယ်ကွ။ ဒီတော့က မင်းတို့ရင်
ဘတ်ထဲမှာကိလေသထကြွသောင်းကျန်းလာဖို့ ရူပါရုံဆိုတဲ့မိန်းမပုံ
တွေအရုပ်တွေအသံတွေရှိမှဒီတော့မှကိလေသာစိတ်များနှိုးကြွလာပြီး ရာဂပုတ္တာဝိဇာရတိဖြစ်လာတာ။ ဒါ့ကြောင့်ကံသုံးကံမှာကိလေသာ
ရုပ်၊ကိလေသာအသံ၊ကိလေသာအဆင်းတွေမတွေ့သမျှမင်းတို့ရင်
ထဲမှာ ကိလေသာဝင်မလာဘူး။ အေးဒီလိုပဲ သာသာနာဆိုတာ နှလုံး
သားထဲမှာလို့ပြောတာမှန်တယ် သို့သော် အဲဒီနှလုံးသားထဲကို
ရောက်အောင် သာသနာစိတ်တွေပေါ်ပေါက်စေဖို့အတွက် alarm 
လိုတယ်။ အဲဒီ alarm တွေကိုဖြစ်စေဖို့ ဓါတုစေတီ၊ ဓမ္မစေတီ၊
ဥဒိဿစေတီ၊ပရိဘောဂစေတီ ဆိုတဲ့ဗုဒ္ဓရဲ့အငွေ့အသက်တွေ
လိုတယ်ဒါ့ကြောင့်ရှေးဆရာတော်ဘုရားကြီးတွေက စာတွေအရမ်း
ရေးခဲ့ကြတာ။ဘာလို့လည်းဆိုတော့ တို့တွေမင်းတို့တွေရဲ့ နှလုံးသား
ထဲကို ဘုရားတည်နိုင်အောင်ဆိုပြီးသူတို့ခမျာကြိုးစားပြီးရေးခဲ့ကြရ
တာ။သူတို့ရေးခဲ့မှတ်ခဲ့ပြောခဲ့လို့တို့အခုအဝေကလှမ်းမြင်နေရတဲ့ 
စေတီတော်များသံဃာတော်များ စတာတွေကိုကြည့်ညိုနေမိတာ။
ဒီသဒ္ဓါစိတ်မရှိဘဲ နှလုံးသားထဲဘယ်လိုလုပ်ဘုရားတည်နိုင်မှာလည်း
မင်္ဂလာဆောင်တာသတို့သမီးနဲ့သတို့သားရှိမှလေ။ မင်းတို့ငါတို့လို
ကောင်တွေကိုမဆိုထားနဲ့ ဘုရားအလောင်းကြီးများတောင်သာသ
နာပမှာ တရားရှာရတာခက်လို့ သိကြားမင်းက ဆင်းဆင်းပြီးကူညီ
ပေးရတယ်ဆိုတာပိဋကတ်စာပေးမှအောတိုက်ပါကွာ။ဒီတော့က
အတွင်းသာသနာတည်ဖို့ အပြင်သာသနာလိုအပ်တယ် အရေးကြီး
တယ်နှလုံးသားဝယ် ဘုရားတည်နိုင်ဖို့ မင်းတို့ရဲ့ နှလုံးသားအပြင်
ဘက်မှာလည်း ဘုရားတွေရှိနေဦးမှဆိုတာလေး သဘောပေါက်ပါ
သင့်ပါတယ်။ ဒီလိုကုသိုလ်အတွေးတွေနဲ့ ရှေးသူတော်ကောင်းကြီး
များဟာ ဗုဒ္ဓရုပ်ပွားတော်ပုံတွေကိုသော်လည်းကောင်း၊ဓမ္မပိဋကတ်
တွေကိုသော်လည်းကောင်း ကျောက်တောင်ကျောက်သားတွေမှာ
ထွင်းထုပူဇော်ကြတယ်။ ရွှေငွေသံကြေးဘော် စတဲ့ ကြာရှည်ခံတန်
ဘိုးကြီးဓာတ်သတ္ထုတွေနဲ့လည်းသွန်းလောင်းပူဇော်ကြတယ်။ ဒီလို
ပူဇော်မှုကိုပဲ ဘုရားရှင်က ဂစ္ဆန္တိသုဂတိံ။ နိဗ္ဗနတ်ရွာကိုလား
ရောက်နိုင်ပါတယ်လို့ပြောထားခဲ့ပါတယ။် ပါဠိအနက်ကိုအချိန်
ကြောင့်မရေးနိုင်တော့ဘူး။ ကိုယ့်အနားကကျောင်းဘုန်းကြီး
တွေသာမေးကြတော့။
ဒါကြောင့်နှလုံးသားမှလည်း . .ဘုရားတည်ပါ အပြင်မှာလည်း
ဘုရားတည်ပါ။လုံးသားထဲမှာဘုရားတည်နိုင်ဖို့အတွက် အပြင်က
ဘုရားတွေကအထောက်အကူပေးပါလိမ့်မယ်။အပြင်ကဘုရား
တွေကိုသဒ္ဓါယိုဖိတ်တဲ့စိတ်ကိုပွားနိုင်ဖို့နှလုံးသားထဲကဘု၇ားက
အထောက်အကူပေးပါလိမ့်မယ်။ အဲလိုလေး အတွင်းအပြင်မျှမျှတ
တလေး တွေးကြပါဦးကွာ။
►►►ဤတရားအလှူတော်ကို
►►► ကျေးဇူးရှင်ဖခင်ကြီးနှင့်တကွအားလုံးကိုဝေငှပါတယ်။
သာဓု . . သာဓု . . သာဓု
█ ░ အလင်းရှင် ░ █

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget