ပြည်သူတွေရဲ့အားပေးမှုငွေကြေးများကို မူးရစ်ဆေးဝါးများနှင့်မီးရှို့ပစ်ခဲ့ကြသော
အနုပညာရှင်များကြောင့် နိုင်ငံနှင့်ပြည်သူအတွက်အကျိုးမဲ့သလို မိမိတို့ဘ၀ကို
လည်းလူညွှန့်တုံးစေပါတယ်။ ပြည်သူတွေရဲ့ငွေကြေးများနဲ့ မိမိတို့ဘ၀ကိုမီးရှို့
သူများအဖြစ် အချိန်ကိုမကုန်လွန်စေချင်ပါ။ ပြည်သူများသည် အတိဒုက္ခအသွယ်
သွယ်ကြားမှ ထွက်ပေါက်အဖြစ် အနုပညာရှင်များကို အားပေးခဲ့ကြပါသည်။
ထိုသည်ကို အနုပညာရှင်များဘက်မှ ဒုက္ခအသွယ်သွယ်ရောက်နေကြသော
ရဟန်းရှင်လူပြည်သူတို့အား ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်း
ဆိုင်ရာအသိဉာဏ်များ တောက်ပြောင်စေနိုင်သော ပြကွက်၊ရိုက်ကွက်၊ပြောကွက်
များဖြင့် ပြည်သူကိုကျေးဇူးဆပ်သင့်သည်ဟု အလင်းရှင်သဘောထားမိပါသည်။
မိမိနိုင်ငံနဲ့ မိမိလူမျိုးအတွက်အကျိုးရှိစေသော လုပ်ရပ်များကိုလုပ်ခြင်းသည်
အပ္ပကာဝါနည်းသည်ဟူ၍၎င်း ဗဟုံဝါများသည်ဟူ၍၎င်း မဆိုလိုပါ။ ဘုရားရှင်
ကိုယ်တော်မြတ်ကြီးသည်ပင် ဘ၀ဇာတ်အမျိုးမျိုးအဖုံဖုံအဖြစ်ကျင်လည်ရာတွင်
သူကျင်လည်သော ဘ၀ဇာတ်ရုပ်တို့၌ လောကအတွက်အကျိုးဆောင်ခဲ့ဖူးသည်။
သူဋ္ဌေးသားဘ၀တွင် သူဋ္ဌေးသားအလျှောက် ဆင်းရဲသားဘ၀တွင် ဆင်ရဲသား
အလျှောက် လောကအတွက်အလုပ်လုပ်ခဲ့ကြောင်း ပိဋကတ်စာပေတွင် ဖတ်ရှု
နိုင်ပါသည်။ သန်းကြွယ်လှူဒါန်းနိုင်မှ ဂုဏ်ရှိသည်မဟုတ်ဘဲ တစ်ထောင်တစ်
သောင်းဖြင့်လည်း လောကတာဝန်ကိုကြေပွန်အောင်ဆောင်ရွက်သင့်ပါသည်။
စာရေးဆရာ၊ဂီတသုခမအစရှိသော အတက်ပညာအသိပညာရှင်များသည်
ပြည်သူနှင့်ထိတွေ့ဆက်ဆံနေရသောသူများဖြစ်ရာကား။ ပြည်သူကို ကာယ
စွမ်းအာဖွင့်ဖြိုးမှု၊ဉာဏစွမ်းအားဖွံ့ဖြိုးမှုတို့ရရှိစေနိုင်သော action များဖြင့်တုန့်
ပြန်ကျေးဇူးဆပ်သင့်သည်ဟုမြင်ပါသည်။ ထို့ကြောင့်မူးရစ်ဆေးဝါးများနှင့်
အချိန်ကုန်အသက်ဖြုန်းနေမဲ့အစား ပရဟိတအတ္တဟိတလုပ်ငန်းများကို
လုပ်ခြင်းဖြင့် ဘ၀ကိုတောက်ပြောင်နိုင်ကြပါစေဟု အမှာစကားပါးအပ်ပါသည်။
ယခုဆောင်းပါးရေးသူ အလင်းရှင်ကိုယ်တိုင်သည်ပင် ဤဆောင်းပါးဖြင့်ပြည်သူ
ကိုကျေးဇူးဆပ်ခြင်း . . ပြည်သူကိုအလုပ်အကျွေးပြုခြင်း . . ပြည်သူကိုသူနှင့်
နိုင်ငံတော်အပေါ်ကိုသစ္စာစောင့်သိခြင်းသာဖြစ်ပါသည်။ (လူလည်လူတက်လူ
တွင်ကျယ်လုပ်လို၍ေ၇းသည်မဟုတ်) နိုင်ငံနဲ့ပြည်သူကို သစ္စာစောင့်သိဖို့
သေနပ်မလိုပါ။ ကလောင်တစ်ချောင်း၊ ပြကွက်တစ်ကွက်။စကားလုံးတစ်လုံး
သည်လည်း နိုင်ငံနှင့်လူမျိုးအကျိုးကို သည်ပိုးနိုင်ပါသည်ဖြစ်ကြောင်းနိဋ္ဌိတံ
အဆုံးသတ်လိုက်ပါသည်။
█ ░ အလင်းရှင် ░ █
မူးယစ်ဆေးဝါး သုံးစွဲသည့် အနုပညာရှင်များအား ၂၀၀၈ ခုနှစ်အတွင်းပြည်ထဲေ
ရးက ခေါ်ယူစစ်ဆေးခဲ့ပြီး ယဉ်ကျေးမှုဝန်ကြီးက ခေါ်ယူ သတိပေးခဲ့
မူးယစ်ဆေးဝါး သုံးစွဲခဲ့သည့် အနုပညာရှင်များအား ၂၀၀၈ ခုနှစ်က ရန်ကုန်တိုင်း
မူးယစ်ရဲတပ်ဖွဲ့က စစ်ဆေးခဲ့သည့်ဖြစ်စဉ်မှာ ဟုတ်မှန်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့
ဌာနချုပ် မှုခင်းအထူးအဖွဲ့မှ ရဲအရာရှိကြီးတစ်ဦးက အတည်ပြုပြောကြားပြီး ထိုစဉ်က
ပြည်ထဲရေးဝန်ကြီးဌာနက အရေးမယူခဲ့ဘဲ ဉ်ကျေးမှုဝန်ကြီးဌာနကသာ ဖြစ်စဉ်တွင်
ပါဝင်ခဲ့သည့် အနုပညာရှင်များအား ခေါ်ယူသတိပေးမှု ပြုလုပ်ခဲ့ကြောင်း ပြောသည်။
““ရန်ကုန်တိုင်းမူးယစ်အဖွဲ့က ပြည်ထဲရေးဝန်ကြီးဌာနရုံး (ရန်ကင်း)မှာ ဖြစ်စဉ်မှာ
ပါခဲ့တဲ့အနုပညာရှင်တွေကို ခေါ်ပြီး စစ်ဆေးခဲ့တာ။ အသေးစိတ်အချက်အလက်တော့
ဦးတို့အနေနဲ့ ပြောလို့မရပါဘူး။ မူးယစ်ဆေးသုံးစွဲတယ်ဆိုတဲ့အနုပညာရှင်တွေ
ကိုတော့ယဉ်ကျေးမှုဝန်ကြီးဌာနက ခေါ်ပြီးသတိပေးတယ်လို့ သိရပါတယ်””ဟု အဆိုပါရဲအရာရှိက ပြောသည်။
Moe Zay Nyein ဟူသော အကောင့်အမည်ဖြင့် အင်တာနက်သုံးစွဲသူတစ်ဦးက
နိုင်ငံကျော်အနုပညာရှင်များဖြစ်သည့် စိုးမြတ်သူဇာ၊ န၀ရတ်တို့၏ ရန်ကုန်အရှေ့
မူးယစ်အထူးအဖွဲ့ စစ်ဆေးချက်ကို အစစ်ခံချက်ပုံစံဖြင့် နိုဝင်ဘာ ၃၀ ရက်မှ စတင်ကာ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာပေါ် တင်ခဲ့ခြင်းဖြစ်သည်။
၂၀၀၈ ဧပြီ ၃၀ ရက်က စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအကောင့်ပိုင်ရှင်က
ရေးသားထားပြီး ယင်းဖြစ်စဉ်မှာ အမှန်တကယ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မှုခင်းရဲတပ်
ဖွဲ့(နေပြည်တော်)မှ ရဲအရာရှိကြီးတစ်ဦးက အတည်ပြု ပြောကြားခဲ့သည်။
Moe Zay Nyein အကောင့်ပိုင်ရှင်က စိတ်ကြွရူးသွပ်ဆေးဝါးများ သုံးစွဲခဲ့သည့်

အနုပညာရှင်များဖြစ်သော စိုးမြတ်သူဇာနှင့် န၀ရတ်တို့အပြင် နာမည်ကြီး အနုပညာ
ရှင်သုံးဆယ်ကျော်ကိုပါ နာမည်နှင့်တကွ ဖော်ပြထားခြင်း ဖြစ်သည်။ ၂၀၀၈ ခုနှစ်က
ဖြစ်ပေါ်ခဲ့သည့် အဆိုပါဖြစ်စဉ်တွင် အစိုးရအရာရှိကြီးအချို့၏ သားသမီးများနှင့်
ဆွေမျိုးသားချင်းများ ပါဝင်ခဲ့သောကြောင့် အစိုးရက ထိထိရောက်ရောက် အရေးမ
ယူခဲ့ခြင်းဖြစ်ကြောင်း ဆက်လက်ရေးသားထားသည်ကို တွေ့ရသည်။““အနုပညာရှင်
အချင်းချင်းလည်းရောင်းတယ်။ အပြင်ကလူတွေလည်း နာမည်ကြီးတစ်ယောက်နဲ့
ချိတ်ထားရင် သူနဲ့ဆက်စပ်တဲ့သူတွေနဲ့ ချိတ်မိသွားပြီး အရောင်းအ၀ယ်တွေ ဖြစ်ကြ
တယ်။ ဒီလူတွေကို အာဏာပိုင်တွေက အရေးယူတယ်။ လာစစ်တယ်လို့ မကြားဖူး
ဘူး။ သူတို့ဟာ အင်မတန်လွတ်လပ်စွာနဲ့ လုပ်ချင်ရာလုပ်နိုင်နေကြတယ်”” ဟု
အမည်မဖော်လိုသူ နာမည်ကြီး ရုပ်ရှင်ဒါရိုက်တာတစ်ဦးကလည်း အနုပညာရှင်များ

မူးယစ်ဆေးသုံးစွဲခြင်းနှင့် ပတ်သက်၍ ပြောသည်။
ရန်ကုန်မြို့ပေါ်တွင် ဘိန်းကို အလွယ်တကူ ၀ယ်ယူရရှိနိုင်သည့် ၁၉၉၈ခုနှစ်နောက်ပိုင်း
မူးယစ်ဆေးဝါးသုံးစွဲသည့် အနုပညာရှင် အများစုမှာ ရောင်းဝယ်ဖောက်ကားမှုတွင်

ပါဝင်ပတ်သက်မှု မရှိသလောက်နည်းပါးခဲ့ကြောင်း ယင်းကာလကို ဖြတ်သန်းခဲ့သည့်
ရုပ်ရှင်ဒါရိုက်တာ ၀ိုင်းက ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ပြောကြားခဲ့သည်။
““တချို့ရုပ်ရှင်ထုတ်လုပ်ရေးတိုက်တွေမှာ စိတ်ကြွဆေးတွေကို ဧည့်ခန်းမှာပန်းကန်နဲ့ချ
ထားပြီး ဧည့်ခံနေတာ။ မကင်းနိုင်တဲ့သူအများစုက အ၀င်အထွက်လုပ်တော့ လူစည်
တယ်။ ရိုက်ကွင်းမှာဆိုလည်း မင်းသား၊မင်းသမီးကို ဆေးဝယ်ပေးချင်တဲ့၊ ဆေးသယ်ေ
ပးချင်တဲ့လူတွေကို တစ်ပုံကြီး။ ပွဲတော်ကြီးလိုဖြစ်နေတာ”” ဟု အမည်မဖော်လိုသည့် ရုပ်ရှင်ဒါရိုက်တာတစ်ဦးက သူ၏အတွေ့အကြုံကို ပြောသည်။
နာမည်ကြီး အနုပညာရှင်များထဲတွင် မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ၂၀၁၃ခုနှစ်အ
တွင်းရုပ်ရှင်သရုပ်ဆောင် ရဲတိုက်၊ ဘုန်းလျှံနှင့် အဆိုတော် Dဖြိုးတို့ ဖမ်းဆီးထိန်း
သိမ်းခံခဲ့ရသည်။
7day Daily
Thit Htoo Lwin - Crime

No comments :
Post a Comment