ဗုဒ္ဓကတော့ပြောတယ်။
လောကကကောင်းကျိုးကိုမသည်ပိုးနိုင်ရင်တောင်မှ
မိမိကောင်းကျိုးကိုတော့သည်ပိုးနိုင်ပါစေတဲ့။
သမ္မတဖြစ်မှ လောကကောင်းကျိုးကိုသည်ပိုးနိုင်သည်မဟုတ် ဆိုက်ကားသမား တစ်ယောက်သည်လည်းလောကကောင်းကျိုါ်ကိုသည်ပိုးနိုင်ပါသည်။ ယုတ်စွအဆုံး
ဖာသည်မတစ်ယောက်သည်ပင် လောကကောင်းကျိုးကိုသည်ပိုးနိုင်ကြောင်း
ဗုဒ္ဓပိဋကတ်တွင်လေ့လာနိုင်ပါက တွေ့နိုင်ပါသည်။ ယခုအလင်းရှင်သည်ပင်
ဒကာဒကာမတို့လှူဒါန်းထားသော အသုံးအဆောင်များဖြင့် ယခုကဲ့သို့စာရေး
နေခြင်းသည် သမ္မတစ်ယောက်ကဲ့သို့ ကမ္ဘ့ာမသိသော်လည်းကုသိုလ်အကျိုး
ဝိပါကသည် အပ္ပါကာနည်းသည်ဟူ၍ ဘယ်ဘုရားမှမပြောခဲ့ပါဘူး။
ဒါ့ကြောင့် ဘယ်သူမဆို ရာထူးမရလည်း လောကကောင်းကျိုးကိုသည်ပိုးဆောင်
ရွက်နိုင်သည်ဖြစ်ကြောင်း လောကတ္ထစရိယာဟူသောကမ္ဘာလောကလူသား
ကောင်းကျိုးသည် သမ္မတစ်ယောက်ဖြစ်မှလုပ်ခွင့်ရသည်မဟုတ် . . .
►►►
ယံ ဂဏိကာ၊ အကြင် ဖာသည်မတစ်ယောက်လည်း
(၀ါ)ပြည့်တန်ဆာမတစ်ယောက်သည်လည်း။
ဆန္ဒ၀တော၊ ပြည်သူ့အကျိုးလောကအကျိုးကိုသည်ပိုးလိုပါက။
တံကိံ၊ထိုလောကတ္ထစရိယာအကျင့်ဟုဆိုအပ်သော ပြည်သူ့အကျိုးကို။
သိဇ္ဈတိ၊ပြီးစီးအောင်မြင်အောင်လုပ်နိုင်ရသည်။ ဟုအသိပေးအပ်ပါတယ်။
မှတ်ချက်။
ယင်းဖေါ်ပြပါပါဠိသည် ဒေသနာတော်မှတိုက်ရိုက်မလာ၊အလင်း
ရှင်၏ အတ္တနော်မတိသာဖြစ်သည်။
█ ░ အလင်းရှင် ░ █

No comments :
Post a Comment