ငါမှတ်မိနေသေးတယ်။ ပီမိုးနင်းတို့ခေတ်ကအကြောင်းကိုပေါ့။ အဲဒီတုန်းက
နာမည်ကျော် မန္တလေးကစာရေးဆရာတွေက ပီမိုးနင်းရဲ့ ခေတ်မီတဲ့အရေးအသား
ကို ၀ိုင်းပြီးတိုက်ခိုက်ခဲ့ကြတယ်လေ . . . ဒါပေမယ့်ဆရာကြီးပီမိုးနင်းဟာ သူ့ရဲ့ဆန်း
သစ်တဲ့ရေးကွက်တွေနဲ့ ရေးလာခဲ့တာ . . ဒီနေ့အထိ ငါတို ဖတ်နေရတုန်းပဲမဟုတ်လား
ငါလည်း အဲဒီဖြစ်စဉ်ကို ဖတ်လိုက်ရကတည်းက ။ ငါ့ကိုစာပေလောကက တိုက်ခိုက်
လာခဲ့ရင် ခံနိုင်ရမယ်ဆိုတဲ့ လောကဓံကို နှလုံးသွင်းအဓိဋ္ဌာန်ခဲ့တယ်။
ငါ့ရဲ့ ကိုယ်ပိုင်ဟန်အတွေး . . ကိုယ်ပိုင်ဟန်အရေးကို ဘယ်သူမှထောင်ချခွင့်မရှိဘူး။
ပစ္စုပ္ပန်လောကက ငါ့စကားလုံးတွေကို ဒါဏ်ခပ်ခဲ့ရင်တောင် အနာဂါတ်လောကက
ကောင်းချီးပေးနိုင်ပါသေးတယ်။ အေးကွာ။ ဘာပဲဖြစ်ဖြစ် ယုံကြည်ချက်ဆိုတာ သဒ္ဓါ
တရားတစ်ခုပေမယ့် . . .
ဆရာကြီးပီမိုးနင်းအစရှိသော စွန့်ဦးတီထွင်ခဲ့သူ အနုသုခုမပညရှင်အပေါင်းအား
ဂါရ၀ပြုမိပါသည်။
█ ░ အလင်းရှင် ░ █
— with သု ဓမ္မ and 9 others. နာမည်ကျော် မန္တလေးကစာရေးဆရာတွေက ပီမိုးနင်းရဲ့ ခေတ်မီတဲ့အရေးအသား
ကို ၀ိုင်းပြီးတိုက်ခိုက်ခဲ့ကြတယ်လေ . . . ဒါပေမယ့်ဆရာကြီးပီမိုးနင်းဟာ သူ့ရဲ့ဆန်း
သစ်တဲ့ရေးကွက်တွေနဲ့ ရေးလာခဲ့တာ . . ဒီနေ့အထိ ငါတို ဖတ်နေရတုန်းပဲမဟုတ်လား
ငါလည်း အဲဒီဖြစ်စဉ်ကို ဖတ်လိုက်ရကတည်းက ။ ငါ့ကိုစာပေလောကက တိုက်ခိုက်
လာခဲ့ရင် ခံနိုင်ရမယ်ဆိုတဲ့ လောကဓံကို နှလုံးသွင်းအဓိဋ္ဌာန်ခဲ့တယ်။
ငါ့ရဲ့ ကိုယ်ပိုင်ဟန်အတွေး . . ကိုယ်ပိုင်ဟန်အရေးကို ဘယ်သူမှထောင်ချခွင့်မရှိဘူး။
ပစ္စုပ္ပန်လောကက ငါ့စကားလုံးတွေကို ဒါဏ်ခပ်ခဲ့ရင်တောင် အနာဂါတ်လောကက
ကောင်းချီးပေးနိုင်ပါသေးတယ်။ အေးကွာ။ ဘာပဲဖြစ်ဖြစ် ယုံကြည်ချက်ဆိုတာ သဒ္ဓါ
တရားတစ်ခုပေမယ့် . . .
ဆရာကြီးပီမိုးနင်းအစရှိသော စွန့်ဦးတီထွင်ခဲ့သူ အနုသုခုမပညရှင်အပေါင်းအား
ဂါရ၀ပြုမိပါသည်။
█ ░ အလင်းရှင် ░ █
No comments :
Post a Comment