by U Ko Vi Da on Thursday, 15 November 2012 at 20:49 ·
ကဲ . . . အမေစုလို့ ပြည်သူ့လူငယ်များက ကင်ပွန်းတပ်ခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်ရေ . . . .
ပြောလေ . . . ဒေါသထွက်လေ . . . ဒေါသတရားဟာ ဘယ်ကောင်းပါ့မလဲ။ ဒါကို ကျွန်တော်တို့မြန်မာနိုင်ငံ သူနိုင်ငံသားတွေ သိကြပါတယ်။ မသိတဲ့သူကတော့ ရှေ့ကနွားဆိုးကြီးဖြစ်တဲ့ အာဏာရူးသန်းရွှေနဲ့တကွ အခု လက်ရှိထိုနွားဆိုးကြီးအမည်ခံ အာဏာရူးသန်းရွှေရဲ့ ရုပ်သေး သမ္မတအဖြစ် လက်ဝေခံ သနားစရာထိတ်ပြောင် သိန်းစိန်တို့ရဲ့ စစ်အရေခွံလဲအဖွဲ့တွေပါပဲ။
အဲဒီလို လူ့တိရိစ္ဆာန်များကြီးစိုးအာဏာရနေတဲ့အချိန်မှာ အပြစ်မဲ့ပြည်သူတွေဟာ ထောင်ဆိုတဲ့လူ့ငရဲ့ကို အပြစ်မရှိလဲရောက်ရှိလဲရောက်ကြတော့တာပါပဲ။ ကျွန်တော်ကိုယ်တိုင် ထောင်ထွက်တစ်ယောက်ပါ ။ ဘာအ ပြစ်နဲ့လဲလို့မေးရင် အာဏာရူးများရဲ့စောက်မြင်ကပ်ပုဒ်မနဲ့ပါပဲ။ အဲဒီစောက်မြင်ကပ်ပုဒ်မတွေနဲ့ ဒီကနေ့အထိ ထောင်တွင်းမှာ ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားဆိုသူတွေပါပဲ။ ။
အဲဒီလို အာဏာရူးများရဲ့စောက်မြင်ကပ်ပုဒ်မတွေနဲ့ နှစ်များစွာထောင်ထဲမှာနေနေကြရတဲ့ ထိုနိုင်ငံရေးအကျဉ်း သားများကို ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ကျွန်တော်အဆုံး လွတ်မြောက်အောင် အကူအညီမပေးနိုင်ခဲ့ တာ အခုစာရေးချိန်အထိပါပဲ။ ဥပဒေဟာ ဒီနေ့အထိ ပြည်သူ့လက်ထဲကိုမရောက်သေးခဲ့။ ပြည်သူတွေဟာ မိမိ တို့ရဲ့ ကာယစွမ်းအားဉာဏစွမ်းအားအရင်းအမြစ်များကို အခုအထိအသုံးချလို့မရသေး။
ဒီလိုနဲ့ ကျွန်တော်တို့ဟာ စစ်ဖိနပ်အောက်မှတစ်ဆင့် ခေါင်းပေါင်းစတွေအောက်မှာ ခေါင်းငုံ့နေခဲ့ရပါတယ်။ မြန် မာ့တောဓလေ့စကားပုံအတိုင်း ခေါင်မလုံတော့ တံဆက်မြိတ်ကမိုးယို ဆိုသကဲ့သို့ ဆယ်အိမ်ခေါင်းခေါ် အုပ်ချုပ် ရေးသမားကိုလဲ အပြစ်မရှိဘဲ ပြည်သူတွေကကြောက်နေရတဲ့ ကြောက်ရှိုန်ကမကုန်သေး။
တစ်ဘက်ကိုပြန်ကြည့်လိုက်ပြန်တော့ တရားမ၀င်ဥပဒေကိုချိုးဖေါက်ကာလုပ်ကိုင်စားသောက်နေတဲ့သူအချိ့ က ခေါင်းတစ်ထောင်ထောင်နဲ့ . . . . အစ်ကိုငွေလဲမလား လို့ပြောနေပြန်ရဲ့။ ဒါပေမယ့် သံတိုင်ခေါ်ထောင်တံခါးထဲ မှာကြတော့လဲ ဘာမဟုတ်တဲ့ ဒေါ်လာငွေ တစ်ဆယ်လောက်နဲ့ ထောင်သုံးနှစ်ကျခံနေရ။
ဘာလဲမြန်မာပြည်။ ဘယ်မှလဲ ဒီမိုကရေစီ၊ ဘယ်မှာလဲ ဥပဒေ။ ̏နားလည်သလိုလုပ်ကိုင်စားသောက်ခြင်းသည် ဥပဒေကိုလေးစားလိုက်နာခြင်းမည်သည်̋ ဆိုတဲ့ဆောင်ပုဒ်ကို တရားရုံး၊ရဲစခန်း၊ပြည်သူ့လွှတ်တော်တို့မှာ စာလုံး အနီကြီးရေးပြီး ကပ်ထားသင့်နေပါပြီ၊။.
အခုလည်း ကျွန်တော်ဓာတ်ပုံနဲ့တကွ ရိုက်ပြထားတာပါပဲ။ ဒီထက်ခိုင်မာသောသက်သေကမ္ဘာ့ဥပဒေမှာ ရှိပါသေး လို့လား။ ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ နေရာဌာနတိုင်းမှာ အဲဒီလို ရဲနဲ့ပေါင်းပြီးလုပ်ကိုင်စားသောက်နေကြတဲ့ သူတွေကတော့ ကားတစ်ဝီ၀ီစီးလို့ပေါ့။ အဲလိုမဟုတ်ပဲ ကောင်းရောင်းကောင်းဝယ်လုပ်ကိုင်စားသောက်ရင်း နိုင်ငံခြားငွေလေး တစ်ဆယ်နှစ်ဆယ်တွေ့လို့ကတော့ အဲဒီလူ ထောင်ကျပြီ။
ကဲ . . . ဒေါ်အောင်ဆန်းစုကြည်ရေ . . . . ကျွန်တော်တို့ပြည်သူတွေ ဘယ်လိုတိုင်တည်သစ္စာပြုရပါတော့မယ် . . . . . .
No comments :
Post a Comment