.

AlinShin

Monday, January 28, 2013

ဗိုင်းရပ်(စ်) အကိုက်ခံရတဲ့သူ

by U Ko Vi Da on Wednesday, 14 November 2012 at 17:56 ·


ကောင်မလေးရေ . . . . .
သန္တာရောင် လေးညို့နှုတ်ခမ်းတွေကလည်း
အင်တာနက်စာမျက်နှာလောက် မချိုမြိန်ပါဘူး။
အိမ်ပြင်ထွက်တိုင်း
လှစ်လှပ်ကွဲဟ အလင်းတံခါးရဲ့ ပြသမှုတွေကလည်း
ငါ့ Aspire E1-472G-i5 ကWindow 8 တက်လာသလောက်တောင်
ကြည့်လို့မကောင်းဘူး။
တကယ်ပြောတာပါကောင်မလေး  . ..
သတ္တကမ္ဘာရဲ့ လူဆိုတာ . .
ကွန်ပြူတာတစ်လုံးထက် မပိုတဲ့ သတ္တ၀ါတစ်ကောင်ပါပဲ
ကုသိုလ်
အကုသိုလ် . . .  ဆိုတဲ့ ပရိုဂရမ်ကို
ကိုယ်ကိုယ်တိုင်ရေးဆွဲ
နောက်ဆုံးတော့
ဗိုင်းရပ်(စ်) အကိုက်ခံရတာပါပဲ။

 ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget