.

AlinShin

Monday, January 28, 2013

ကျမ်း စာ အုပ် ထဲ က ဗျာ(၃)

by U Ko Vi Da on Friday, 2 November 2012 at 20:27 ·


အလင်းရှင်ကို ၊ အလွမ်းသမားတစ်ယောက်ရယ်လို့ ပြစ်မဆိုချင်ပါနဲ့၊
ကမ္ဘာကျော် ရှင်မဟာရဋ္ဌသာရအရှင်သူမြတ်တောင်မှ ၊
" နှမလက်လျှော့နေလေတော့" ဆိုတဲ့ တကယ့်ကဗျာကြီးရေးခဲ့ဖူးပါတယ်။
ဒီနေ့ခေတ်ကတော့ မော်ဒန်ခေတ်ဆိုတော့ အလင်းရှင်ကလည်း
ခပ်ထောက်ထောက် ခပ်စပ်စပ် စကားလုံးအချွန်အတက်တွေကိုသုံးပြီး
ရေးမိပြန်တာပေါ့။
ကိုယ့်ကိုယ်ကို မသေမခြင်းလွမ်းမယ်လို့ ဆုံးဖြတ်ချက်ချထားပါတယ်။
အခြားသော တစ်စုံတစ်ရာအတွက်တော့မဟုတ်ပါဘူး  . ..
ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒကိုပါ။
ဗုဒ္ဓစာပေတွေဟာ အခြားသူအတွက်တော့မပြောတက်ဘူး အလင်းရှင်
အတွက်တော့ သံဝေဃအလွမ်းငွေ့တွေရဲ့ လွှမ်းခြုံခြင်းကိုခံစားရတယ်။
ဒါ့ကြောင့်  . .လွမ်းမိတယ်  . . . လွမ်းတက်တယ်  . . . .
စွန်းထင်းသွားတဲ့ အ၀တ်တစ်ထည်အတွက် နည်းပညာအကူအညီနဲ့
အကောင်းပကတိဖြစ်အောင်လျှော်ဖွတ်လို့ရသော်လည်း  . . .
ချစ်သူနင်းခြေခဲ့တဲ့ အစိတ်စိတ်အမွှာမွှာအတွက် ဘယ်လိုနည်းပညာတွေ
ကမှ မဖန်တည်းနိုင်ခဲ့ပါဘူး။
" ငှက်ဖြစ်ရင်တောင် တစ်ကိုင်းတည်းနားချင်တယ်" ဆိုပဲ။
သမုဒယသံယောဇဉ်တွေနဲ့ ထုထောင်းသတ်ပုတ်ခံလိုက်ရတဲ့ အသည်း
တစ်စုံတရာအတွက် အစားထိုးကုသမှုဟာ အခုအထိမအောင်မြင်သေးပါဘူး။
မယုံရင် အလင်းရှင်ရေးထားတဲ့ ကဗျာတွေ ဆောင်းပါးတွေကို ဖတ်ကြည့်ပါ။
စူးတစ်ရှ နာကျင်နေတဲ့ လူငယ်လေးတစ်ယောက်ရဲ့အသစ်စက်စက်ငိုသံတွေ
လိုပါပဲ။
" နွားအိုဟာ မက်ျနုကိုမှ ကြိုက်တာမဟုတ်ပါဘူး" အာသာမပြေတဲ့ဆန္ဒလေ၊
ဒီအတွက်ကိုယ့်ကိုယ် နွားအိုလို့ပဲနှိုင်းနှိုင်း ပုံခိုင်းသမျှတွေဟာ အချစ်ဆိုသော
အကြင်နာစက်ဝိုင်းရဲ့ အပြင်ဘက်တစ်နေရာမှာပါ။
တကယ်ပြောတာပါ  . .  ကောင်မလေးရေ  . ..
ကောင်မလေးရေ  . . . တကယ်ပြောတာပါ  . .
ငါလေ . . မင်းကိုလွမ်းလွန်းလို့ . . . . .
လွမ်းရင်းနဲလွမ်းခဲ့ဖူးတဲ့ ငါ့အလွမ်းတွေဟာ၊
ဟို . . .အဝေးဆီက အလွမ်းတွေထက်တောင်  လွမ်းတက်လွန်းလို့
ငါ့ကိုလေ အဲဒီအလွမ်းဆိုသူတွေက တိတ်တိတ်ကလေးနာမည်ပေးထားတယ်. . .
“အလွမ်းပိုတဲ့အကောင်” တဲ့။

အလွမ်းဒါဏ်တွေကို မခံနိုင်လွန်းလို့
ငါ . . . ကောင်းကင်ကြီးကို မေးကြည့်ဖူးတယ်။
ကောင်းကင်ရင်ဘတ်ကြီးတောင် . . . .  ငိုနေလိုက်တာ . . .
ကြယ် တွေတစ်ပွင့်ပြီး . . .တစ်ပွင့်။

အဲဒီတော့ မင်းကိုလွမ်းတက်တဲ့ ငါဆိုတဲ့အကာင်ရဲ့မျက်နှာပြင်မှာလည်း
တစ်စက်ခြင်း . . .  တစ်စက် . . .
တစ်ပေါက်ခြင်း  . ..  တစ်ပေါက်  . .
တစ်ပွင့်ခြင်း  . . . တစ်ပွင့်  . . .
အဲလိုမြေပေါ်ကျွေကျလာတာတောင် မျက်ရည်တွေဟာ ဒြပ်စင်တစ်မျိုးအဖြစ်
မပြောင်းလဲနိုင်သေး ဆက်ငိုနေကြသေးရဲ့ ။

ငါလေ . .
အဲဒီမျက်ရည်တွေကို သီကုံးပြီး အသဲမှတ်တမ်းအဖြစ် ကဗျည်းတင်ထားလို့ရရင်
ပြိုကျဖူးတဲ့ ငါ့ရင်ပြင်ကမျက်ရည်စတွေဟာ ဘယ်တော့မှမနွမ်းတဲ့ . . .
တကယ့်ပန်း
ဟိုးအဝေးကြီးက မင်းမပန်ဘူးသေးတဲ့ မေတ္တာပန်းပေါ့လေ။

ဒီလိုနဲ့
တစ်ယောက်ထဲနေရပါများလာလို့
ငါ့ဆီကြွေကျလာတဲ့ ကြယ်တွေကို မေးကြည့်ဖူးတယ်
မင်းကိုဘာလို့ ချစ်နေရတာလည်း . . .  လို့ပေါ့။
ငါ့ရင်ခပ်သံ ယဲ့ယဲ့က
 “. . . . . . . . . . . . .”တဲ့။

ငါ့လက်နှစ်ဘက်က
စကားပြေသော်လည်ကောင်း၊ ကဗျာသော်လည်းကောင်း
တစ်ခုမဟုတ်တစ်ပုဒ်ဖြစ်ခဲ့ရင် . . . .

ဟိုး . . .
ကောင်းကင်ကကြယ်ကျွေလေးတွေတောင်ပြန် ငိုခိုမြည်တမ်းကြဦးမယ်တဲ့။
ငါ့မျက်ရည်ပွင့်တွေလည်း . . .
လမ်းလျှောက်တက်တဲ့ ချစ်သူ နှုတ် ခမ်းလေးတွေတဲ့။

ဒီလိုနဲ့ငါဟာ
နေကိုကြောက်တက်တဲ့ . . .  လလို . . .။
မိုးကိုမကြည်ရဲတဲ့ . . . . နှင်းလို . . .။
ကြာလာတော့ . . . .  ညဥ့်ငှက်လေးတွေနဲ့ပဲ ခုံမင်တက်လာတယ်။

ငါ့ကို
မခြောက်ကြပါနဲ့ . . . .။
ပြီးတော့  . . . .  ပစ်မသွားကြပါနဲ့ . . . .။
ဒီအကြောင်းတွေကို . . .  လ „ ထွက်လာရင်တိုင်ပြောမယ် . .။
အခုတော့ . . .  ငါတွဲခိုတက်ပြီ . . . ။
ကောင်းကင်ရင်ဘတ်ဆီက ကြယ်ကြွေတွေနဲ့ပေါ့။
ကမ္ဘာကလည်း လုံးဝန်းတယ်တဲ့ . . .
နောက် . . . နဲနဲလေး တိမ်းစောင်းပြီး လည်နေတာတဲ့ . . . .။

ဟင် . . . .
ကြယ်တွေအကြောင်း . . .
လတို့အကြောင်း . . . .
ကမ္ဘာတို့အကြောင်း . . .
ငါနဲ့ မင်းရဲ့ အကြောင်း . . .
အင်း . . . .
ကြာလာတော့လည်း . . .
သင်္ခေတ တွေတောင် ငိုသံထွက်တက်လာသလို
နေလတို့နဲ့လည်း စကားပြောတက်လာတယ်
သူတို့ကပြောတယ်
"မင်းတို့လူတွေဟာ လူသားပြန်စားနေကြတာ" တဲ့။
ဟင် . . .
ဘာကြောင့်လဲလို့မေးကြည့်တော့  . . .
အာဏာရဖို့ . . .
ဓနဥစ္စာတွေရဖို့ . . .
ဘ၀ရ့ပ်တည်ဖို့ . .
တစ်ယောက်ကိုတစ်ယောက် နင်းခြေသတ်ဖြတ်နေကြတာကိုး  .. . ။
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget