by U Ko Vi Da on Sunday, 4 November 2012 at 18:03 ·
ကြာခဲ့ပါပြီ . . . .
ကျွန်တော်စာမရေးဖြစ်ခဲ့တာပေါ့ . . . .
ကြာခဲ့ပါပြီ . . . . .
ကျွန်တော်စာမဖတ်ဖြစ်ခဲ့တာပေါ့ . . . .
အရမ်းစိတ်ပျက်အားငယ်ဖို့ကောင်းတဲ့ အင်တာနက်လိုင်းတွေကြောင့် ကျွန်တော်အရမ်း ချစ်တဲ့ Facebook ကိုလည်း မေ့ခဲ့ရတယ်။ အဟာရမျိုးစုံငတ်ပြတ်သတ်နေတဲ့ မြန်မာပြည်မှာ ဒီကနေ့အထိ ဒီမိုကရေစီသံတွေ နဲ့ အာသာဖြေနေရတုန်း . . . ဘယ်မှာလဲ . . . မြန်မာပြည်ရဲ့ ဒီမိုကရေစီ . . . ဘယ်မှာလဲ မြန်မာပြည်ရဲ့အရာသာ . . . . ဒါ့ကြောင့် ကျွန်တော် အင်တာနက်ကို မဖွင့်ဖြစ်လို့ အရမ်းတပ်မက်ရပါသော Facebook နဲ့ ခွဲခဲ့ရတယ်။ ညီလေး မောင်ကျော်စိုးသိန်းက ဒီကနေ့ပဲ ကျွန်တော့ facebook အကောင့်ကို တောင်းတာနဲ့ ဒီကနေ့ပဲ ကျွန်တော့ရင်တုန်သံကို အခုလိုကြားကြရတာပါ။ တကယ် ဆိုရင်အချစ်ပဲလိုတယ်လို့ ချမ်းချမ်းကပြောခဲ့တယ်။ မြန်မာပြည်သူပြည်သားတွေကိုယ်စား တကယ်လိုအပ်နေတာတွေ ကုဋေကုဋာထဲက မှ အင်တာနက်အဟာရကို ၀အောင်ကျွေးပါလို့ ကမ္ဘာကို တောင်းဆိုပါရစေ . . . . သိန်းစိန်ထိတ်ပြောင်ကိုပြော လည်း အဲဒီခွေးသားက ဘာမှ စောက်သုံးကျတာမဟုတ်ဘူး . . . အဲဒီတော့ ကမ္ဘာဆိုသူကိုပဲ ရင်ဖွင့်ပါရစေတော့ . . . .
အို . . . .
ကမ္ဘာကြီးရေ . . .
မြန်မာပြည်က ကျွန်တော့အတွက် အင်တာနက်အဟာရနဲ့ ဒီမိုကရေစီမုန့်ပဲသွားရည်စာတို့ကို ကို ၀လင်အောင်စားပါရစေ . . . . . . လို့သာ။
No comments :
Post a Comment