.

AlinShin

Wednesday, June 18, 2014

အမှာစာရဲ့မူလဇာတိ

Photo: အမှာစာရဲ့မူလဇာတိ

ဒကာလေးတစ်ယောက်က ချက်ဘောက်ကနှုတ်ဆက်စကားပြောရင်း
(အရှင်ဘုရားရေးသားသောဆောင်းပါးများဟာ အမှားစာလေးများကပင်
ဖတ်၍ကောင်းနေပါတယ်၊နောက်များအချိန်ရလျှင် အမှားစာလေးများပါ
ရေးတင်ပေးပါဘုရား) ဦးတင်ပါသည်  . .. တဲ့။
ဟုတ်ပါတယ် ဒကာလေးရေ  .. . 
အမှာစာဆိုတာ ထိုစာမူရဲ့အနှစ်လိုရင်းကိုကြော်ငြာဝင်တာပါ။ တနည်းပြော
ရရင် ခံစားမှုပုံစံအသစ်ပေါ့။ ဒါ့ကြောင့် စာအုပ်များကို ထုတ်ဝေတိုင်းအဲဒီ
စာအုပ်တွေမှာ (ပ -အမှာစာ ) (ဒု -အမှာစာ)ဆိုပြီး ရိုက်နှိပ်လေ့ရှိတယ်လေ။
ပထမအကြိမ်ထုတ်ဝေစဉ်က စာရေးသူရဲ့ရင်ထဲကခံစားမှုနဲ့ ဒုတိယအကြိမ်
ထုတ်ဝေစဉ်က ခံစားမှုကတစ်မျိုး၊ဒါကို ပြန်လည်ခံစားပြရာကနေ  .. 
စာရေးသူရဲ့အမှာစာ ဆိုတာဖြစ်လာတာပါပဲ။
ဘဒ္ဒန္တကောဝိဒ (အလင်းရှင်)

2015 အတွက်၊ကမ္ဘာကြီးပါ သီလစောင့်ဖို့လိုတယ် . . .။

အမှာစကား . . .
ဒီဆောင်းပါးဟာ နိုင်ငံရေးကိုဝေဖန်ဓိကပြုထားတဲ့ဆောင်းပါမဟုတ်ပါ
ဘူး။ နိုင်ငံရေးသမိုင်းစာမျက်နှာပေါ်က အာဏာရှင်များရဲ့နောက်ဆုံး
နေ၀င်ချိန်ခရိးမှာ သံဝေဃရသွားကြတဲ့သဘောလေးတွေကိုဖေါ်ပြထား
တာပါ။ ၊ အားလုံး အလင်းမှန်လေးတွေရစေချင်လို့ ကြိုးစားတင်ဆက်လိုက်
တာပါ။ ဖေ့ဘွတ်ပေါ်မှာစာရေးရတာ ၊ ငွေထက် အချိန်တွေပါပေးဆပ်
လိုက်ရတာပါ။ ဆောင်းပါးတိုင်းအပေါ်စာရေးသူမည်မျှပင်ပန်းသည်ဟု
ဝန်ခံနေစရာမလိုပါ။စာရေးသူရေးသားသောဆောင်းပါးနှင့်လိုက်ဖက်
ဆီလျှော်မည့် ဓာတ်ပုံများကို ဖန်တီးရသည်ပင် ခက်ခဲလှပါသည်။
မည်သို့ပင်ဆိုစေကာမူ ၊ ဓမ္မကိုချစ်၍ ဓမ္မကိုပူဇော်ခွင့်ရခြင်းကြောင့်
ပင်ပန်းသည်ဆိုတာထက်ကိုယ့်ဆေင်းပါးလေးကိုတင်လိုက်၇၍ ကြည်နူး
လိုက်ရသော ပသန္နစိတ်ကလေးနှင့်ပင် အသက်ရှည်စေခဲ့ပါသည်။
ကျေးဇူးတင်ပါသည်။
ဘဒ္ဒန္တကောဝိဒ (အလင်းရှင်)
2015 အတွက်၊ကမ္ဘာကြီးပါ သီလစောင့်ဖို့လိုတယ် . . .။
Photo: အမှာစကား  . . .

☤♥✩☤♥✩☤♥✩☤♥✩☤♥✩☤♥
ဆင်းရဲလေလေ  .. သံဝေဂရလေလေ . . 
အထက်ပါစကားရပ်ကို ဤအရှင်အနေဖြင့် ငယ်ကတည်းကမာတာမိခင်
ရွတ်ရွတ်နေ၍ နားယဉ်ခဲ့ပါသည်။အခုလည်း နေ့စဉ်ဆိုသလို facebook 
စာမျက်နှာပေါ်မှ သံဝေဃဖြစ်ဖွယ်ရာများကို ဖတ်ရှု့ရ၍ ဘ၀ကိုခေါင်း
ညိတ်တက်မိပါသည်။ မိမိရေးတင်နေသော  ဆောင်းပါး၊ ကဗျာ၊စသည်
များဟာလည်း ယင်းသံဝေဃသို့သာရည်ညွှန်းလိုပါသည်။ သို့သော်လည်း
နိုင်ငံရေးရုပ်ရှင်ပိတ်ကားထက်တွင် စစ်ခွေးအရေခွံကျွတ်တိုက်ပုံဝတ်တွေ
ရဲ့ သန်းခြောက်ဆယ်ကိုမဟာဒုက္ခထဲသွပ်သွင်းရေးအစီအမံများကိုသိရ၍
တန်ပြန်ဆောင်းပါးများကိုရေးမိပါသည်။ 
ထိုသို့ရေးနေရသော်လည်း ဤအရှင်ရင်ထဲတွင်မူ ရတနာသုံးပါး၏ဂုဏ်
သတ္တိကို မမေ့လျှော့ခဲ့ပါ။ ယင်းဂုဏ်ဟိတ်တို့၏ “ပဿန္န” တရားဖြင့်ပင်
ယခုကဲ့သို့ ဆောင်းပါးကဗျာဝတ္ထုတိုများကို အင်တိုက်အားတိုက်ရေးနိုင်ခဲ့
ခြင်းဖြစ်သည်ဟု ယုံကြည်ပါသည်။ 
ယခုလို ဤအရှင်ကဲ့သို့ ငယ်ရွယ်နုပျိုစဉ်ကပင် ဘုရား၊တရား၊သံဃာ၊ ရ-
တနာမြတ်သုံးပါးအား လူအပေါင်းကိုကြည်ညိုတက်စေချင်ပါသည်။ ဘာ့
ကြောင့် ဒီစကားကိုပြောရသလည်းဆိုရင် ၊ လူတိုင်းလူတိုင်း သေဘေး
ဒုက္ခကို မလွဲမသွေတွေ့ကြုံရမည်ဖြစ်သည်ကိုဤဆောင်းပါးတွင်အထူးတ
လယ်ဖေါ်ပြရန်မလိုပေ၊ facebook စာမျက်နှာတွင်ပင် နိစ္စဓူဝနည်းမျိုးစုံ
ဖြင့်လူ့လောကအသိုင်းအ၀ိုင်းကို စွန့်ပယ်ခဲ့ကြရသောသူများမှာ လက်ချိုး
၍ပင်မရသာ။
ယင်းသေးဘေးဒုက္ခကို ရင်ဆိုင်ရသူတိုင်းစိတ်ထဲတွင် ဘယ်သို့ရှိမည်ဟု
ဤအရှင်ရေးသားခြင်းထက်စာဖတ်သူကိုယ်တိုင် တခဏမျှ ပြန်ပြောင်း
ခံစားကြည့်ကြည့်ပါ။ အလေ့အထမရှိ၍ မခံစားနိုင်လျှင် “ သေဒါဏ်ပေး
ခံရသူ ကြိုးမိန့်စီရင်ချက်ချမှတ်ခံရသူ” များရဲ့နောက်ဆုံး စာတမ်းများကို
ရှာဖွေဖတ်ရှု့ကြည့်ပါ။ 
ထိုအခါ  .. . လူ့ဘ၀ဟူသည် အားကိုးရာကင်းမဲ့သောအခြေအနေတစ်ခု
အဖြစ်နားလည်မိမည်  .. မိမိတို့ ပြုလုပ်လာခဲ့သောAction  မှန်သမျှသည်
အနှစ်သာရကင်းမဲ့သောအဖြစ်ကို သိနားလည်လာလိမ့်မည်  . . လူသည်
သေးငယ်သော အနတ္တသားကောင်ထက်မပိုတဲ့သူအဖြစ် မြင်လိမ့်မည် . ။
ကဲ  ..  ဒီစာလေးကိုဆက်ဖတ်ကြည့်ပါဦး  ..  ။ ရေးသားခဲ့သူသည် သူ
ကြိုးဒါဏ်မခံရမီ တစ်ရက်အလိုက သူ့သမီးထံသို့ ရေးခဲ့သော စာလေး
ပင်ဖြစ်ပါသည်။ 
 “ ချစ်သမီးသို့ ” 
ချစ်သမီးအတွက် အနည်းငယ် ရေးရဦးမည်။ သမီးသည် ငယ်စဉ်ကစ၍ 
သူတပါးအသတ်ကို မသတ်ဘဲ အမြဲရှောင်ကြဉ်လာခဲ့သလို၊ မိမိ၏ အ-
သက်ထက်ဆုံး မည်သည့်အခါမှ သူတပါးအသက်ကို မသတ်ပါဟူ၍မြတ်
စွာဘုရားရှေ့တော်၌ နေ့စဉ်နေ့တိုင်း အဓိဌာန်ပြုပါ။
နောက် အရေးကြီးတာတခုက သမီးအား မှာခဲ့ဦးမည်။ ဒယ်ဒီတို့အမျိုးသည် 
အဖေမျိုး၊ အမေ မျိုးတို့သည်စိတ်အလွန်ထက်ကြ
သည်၊ စိတ်ကောင်းရှိကြသည်။ သို့သော် သူတပါးစော်ကားလာလျှင် မခံ-
သောစိတ်ထားက အလွန်အားကြီးကြ၏၊ စိတ်ပြင်းထန်၏။ သူများတကာ
က တချက်ရိုက်လျှင် ကိုယ်က အချက် ၂၀ ပြန်ရိုက်ချင်သည်။လက်စား
ပြန်မချေရလျှင် တသက်လုံး မမေ့နိုင်၊ မစားနိုင်၊ မနေနိုင်သလို ရှိကြ
သည်။ ငါ့သမီး ဤသို့သဘော မရှိလေနှင့်။ အကယ်၍ တစုံတယောက်က
ရန်မူလာလျှင် သည်းခံပါ။ သည်းခံခြင်းသည်ပင်လျှင် ကုသိုလ်ရေးဖြစ်
တော့၏။အရေးအကြီးဆုံး၊ အဖိုးတန်ဆုံး၊ နောက်ဆုံးအမွေတခု ပေးရဦး
မည်။ ထိုအမွေကား အခြားမဟုတ်။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး
ကို အမြဲဆည်းကပ်ရမည်။
လူ့ဘဝကိုရဖို့ အလွန်ခဲယဉ်း၏။ ဘုရားသာသနာနှင့် ကြုံကြိုက်ဖို့ရာအ
လွန်ခဲယဉ်း၏။ ယခု သမီးတို့မှာ လူ့ဘဝကို ကံအားလျော်စွာ ရောက်လာ
၏။အလွန်အဖိုးတန်သည့် မြတ်စွာဘုရားသာသနာတော်ကြီးနှင့်ကြုံကြိုက်
လျက်ရှိ၏။ မသေမနေရသမျှ အချိန်ကလေးအတွင်းမှာ ရတနာ သုံးပါးကို
နေ့ရောညဥ့်ပါ ဆည်းကပ်ကိုးကွယ်ပါ။ ဝိပဿနာတရား အားထုတ်ပါ။
မြန်မာပြည်၌ ဘုန်းတော်ကြီးတွေ များနိုင်သလောက်များအောင် ပဉ္စင်းခံ၊ 
ရှင်ပြုတို့ကို ငါ့သမီး တတ်နိုင်သလောက် လုပ်ပါ။ သူတော်ကောင်းများ
သော နိုင်ငံအဖြစ်နှင့် မြန်မာပြည်သည် ကမ္ဘာတွင် ထင်ရှားပါစေ။ ဤသို့
ဖြစ်ရန် ငါ့သမီးသည် တတ်နိုင်သမျှ ပါဝင်ကူညီပါ။ ဆောင်ရွက်ပါ။ ဘုရား
သာသနာတော် အကျိုး၊ သတ္တဝါများ၏ အကျိုး၊ မိမိကိုယ်ကျိုးအတွက်
ဖြစ်ပေမည်ဟူ၍ တသက်လုံး မှတ်ထားပါ။သမီးသည် ဆရာတော်၊သံဃာ
တော်အရှင်မြတ်များကို အမြဲကိုးကွယ်ပါ။ ဆည်းကပ်ပါ။ လှူဒါန်းပါ။ ဒါန၊
သီလ၊ ဘာဝနာ၊ ကုသိုလ်ကောင်းမှုများကို အမြဲအားထုတ်ပါ။ ဤကား- 
ငါ၏ ချစ်သမီး အား ပေးအပ်ခဲ့သော အမွေပင်တည်း”
◄►လိမ္မာစွာနေရစ်ပေတော့ ချစ်သမီး◄►
“မောင်စော”
✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ 
ကဲ  ..  စာဖတ်သူ ၊ ဘယ်လောက်များသံဝေဃဖြစ်ဖွယ်ရာကောင်းသလဲ?
ဦးစောသည် ကြီးစွာသောသံဝေဃကိုရ၍ သမီးဖြစ်သူအား ဗုဒ္ဓ၊ဓမ္မ၊သံဃ၊
လမ်းစဉ်ကိုချပေးခဲ့သည်ကိုယင်းစာကသက်သေခံနေသည်။ ယင်းစာတွင်
ဗုဒ္ဓဘာသာ၏ အနှစ်သာရရှိပုံကိုညွှန်းဆိုထားသည်။ တန်ဘိုးမဖြတ်နိုင်
သော အမွေအဖြစ်တင်စားထားသည်။ ဒါ့အပြင် ထို ဗုဒ္ဓဘာသာအား စွမ်း
နိုင်သည်ထက် လွန်၍ ရဟန်းသံဃာများအား ပြုစုလုပ်ကျွေးရန်တိုက် -
တွန်းထားသည်။ ဘ၀တွင် ဒါန၊သီလ၊၀ိပဿနာသည်သာ ပဓာနကြ
ကြောင်း သမီးဖြစ်သူကို ဆုံးမထားသည်။ ပါဏာတိပါတာရဲ့ ဆိုးဒါဏ်ဆိုး
ကျိုးကိုမိမိကိုယ်တိုင်ဒိဋ္ဌဓမ္မမြင်တွေ့ရသောကြောင့် သမီးဖြစ်သူအားယင်း
သီလကို အသက်ထက်ဆုံးမကျိုးမပေါက်ရန် ဆုံးမထားသည်။ 
ကဲ . .  ဒါ့ကြောင့် ဤအရှင်တို့နှင့် စာဖတ်သူတို့သည် သေဘေးဆိုးကြီးမ
ကြုံခင် အခုလို ဓမ္မသဘောသိကြရသည်မှာ အလွန်ပင်ကံကြီးပေ၏ ၊ ကံ
ထူးပေ၏ ၊ စစ်ခွေးဆိုးကြီးတို့ အဓမ္မပိုင်ဆိုင်ထားကြသော သန်းပေါင်း
မီလျံထက်ပင် အဖိုးတန်လှပါ၏ ။ 
ရွှေတောင် ၊ ငွေတောင် ၊ ဒေါ်လာဘီလျံနာတို့သည် limitation များစွာရှိ
သည်။ အိုနာသေဓမ္မသံဝေဃတို့သည်ကား limitless ကန့်သတ်ချက်လုံး
ဝမရှိပါဘူး။ဤမြတ်ဓမ္မဒုက္ခသစ္စာ၊သမုဒယသစ္စာ၊ မဂ္ဂသစ္စာ၊ နိရောဓသစ္စာ
တို့၏ တန်ဘိုးသည်ကား မရေတွက်မရတုမဲ့လှပါသည်။ 
ထို့ကြောင့် မိမိတို့၏သတ်တည်သမျှ  ပါဏာတိပါတာအစရှိသောသီလတ
ရားများကို အတက်နိုင်ဆုံးစောင့်ထိမ်းသင့်သည်။ ရှောင်ကျဉ်ခြင်းသည်
လောကအတွက် ငြိမ်းအေးစေသလို မိမိအနာဂတ်အတွက်လည်း အေး
ငြိမ်းစေတော့သည်။
“ ရန်အောင်ခြင်းထက် ၊ ရန်မရှိသည်သာ”
►မောင်ဇရာ◄
စကားလေးအတိုင်း လူသားသည် ရန်အောင်ရန်မလို ရန်မရှိရန်သာလို
သည်။ ရန်မရှိခြင်းသည် ရန်အောင်ခြင်းထက်သာလွန်သော သုခရသ
ကိုရပေသည်။ ရန်မရှိဖို့အတွက် မိမိ၌ ရန်မထားဖို့လိုသည် ၊ မိမိမှာရန်
မထားလျှင် ရန်အောင်ရန်မလိုတော့။
ထိုသဘောအတိုင်းပင်လျှင် မိမိသီလကိုစောင့်ခြင်းဖြင့် မိမိလော့ကနှင့်
လောကအပြင်ဘက်သည် အလိုလို ငြိမ်းအေးနေတော့သည်။ 
မြန်မာပြည်သည် နှစ်ပေါင်း ရာချီ၍ အတိဒုက္ခရောက်ခဲ့ကြသည်။ ဒီအ
ဖြစ်ဆိုးဟာ မြန်မာပြည်တွင်ခေါင်းဆောင်ခဲ့သောသူတို့ “ မိမိသီလကို
မိမိချိုးဖေါက်ခဲ့ကြသောကြောင့်” ဖြစ်သည်။ 
ပစ္စုပ္ပန်သာဓကဆောင်ရခြေသော်  .. . . 
ဦးသန်းရွှေသည် စစ်ဗိုလ်ချုပ်ဘ၀ဖြင့် မိမိသီလကိုမစောင့်စည်းခဲ့သော
ကြောင့်  .. . 
(၁) စက်တင်ဘာရွှေဝါရောင်တော်လှန်ရေး
(၂) ရခိုင်တွင်ဘင်္ဂါလီများဝင်ရောက်သတ်ဖြတ်ခြင်း
(၃) လယ်တီသိမ်၊စေတီစသောရှေးဟောင်းသာသနိကများဖျက်ဆီးခြင်း
(၄) ပြည်သူများ ထမင်းငတ်ခြင်း၊ စစ်ဘေးဒါဏ်ကြောင့်အတိဒုက္ခရောက်။
စသည့် စသည့် ဘေးထွက်ဆိုးကျိုး အတိဒုက္ခအမျိုးမျိုးတို့သည် နေ့စဉ်
တိုးပွားနေခဲ့ပါသည်။
အခုရက်ပိုင်းတွင်းမှာပဲ မဟာသန္တိသုခကျောင်းကို ဥပဒေမဲ့ညအချိန်ဝင်စီး
တာဟာ မျက်မြင်ကိုယ်တွေ့ပဲ။ အကယ်၍ ယင်းသံဃာတို့သည် ဥပဒေ
ကိုချိုးဖေါက်လျှင် ဥပဒေအတိုင်းစီမံသင့်သော်လည်း ဘုန်းကြီးကျောင်း
အား သူပုန်စခန်းတစ်ခုလိုဝင်စီးနေတာဟာ စစ်အာဏာရှင်တစ်လျှောက်
လုံးပါ။ ဤအရှင်ကိုယ်တိုင်လည်း ကိုယ်တွေ့ခံစားခဲ့ရပြီးပါပြီ။
ဒါမျိုးဖြစ်စဉ်တွေဟာ အခုမှမဟုတ်ပါဘူး။ ဦးဥတ္တရလို ကမ္ဘာသိဘုန်းကြီး
မို့ ဒီကနေ့ ကမ္ဘာကသိသွားတာပါ။ မြန်မာနိုင်ငံအ၀ှမ်း ဟိုးအရင်ကတည်း
ကဒီလိုမျိုးစစ်ဆင်ရေးတွေ အများကြီးပါ။ မှတ်မှတ်ရရပြောရရင် ၂၀၁၃
ကပဲ ရှမ်းပြည်တောင်ကြီးမှာလည်း ဦးဥတ္တရတို့လို ကျောင်းပိုင်ဆိုင်မှုကိစ္စ
နဲ့ပဲ ဘုန်းကြီးတွေကိုသင်္ကန်းချွတ်ထောင်ချလိုက်သေးတာပါပဲ။
ဒါဟာ ခေါင်းဆောင်ပိုင်းတွေရဲ့ သီလချို့ယွင်းမှုကြောင့်ပါပဲ။ သီလသည်
မဆောက်တည်သူကိုလည်း ဆိုးကျိုးပေးစေသကဲ့သို့ ယင်းရဲ့အနီးအပါး
ပတ်ဝန်းကျင်ကိုလည်းပဲ အတိဒုက္ခဆိုးကျိုးများဖြစ်စေပါတယ်။
အကုသိုလ်သမားသည် ပူလောင်သည်၊ ယင်းကိုမှီ၍ မိမိတို့တွင်လည်း
အပူဓာတ်ကိုကူးစက်စေသည်။တောရိပ်တောင်ရိပ်ဘုရားကျောင်းကန်
ရိပ်တို့သည် ထိုအရိပ်ကိုခိုနားမိသူအား အအေးဓာတ်ကိုရစေသည်။
ထို့ကြောင့်မည်သည့်ဘာသာဝင်ပင်ဖြစ်ပါစေ မည်သည့်ဘာသာကိုပဲ
ကိုးကွယ်ပါစေ အဓိကသည် ပါဏာတိပါတာအစရှိသော အကုသိုလ်
အကြောင်းတရားကိုရှောင်ကျဉ်နိုင်ရန်သာလိုအပ်ပါသည်။ သူ့အသက်
ကိုသတ်ခြင်းဖြင့် ကုသိုလ်ရသည်ဟူသော အယူအဆသည် ဘုရားစစ်
ဘုရားမှန်တို့၏ ၀ါဒမဟုတ်ကြောင်းမှာခိုင်လုံပါသည်။ သူသတ်သမား
သည် အေးမြသောသူမဖြစ်နိုင်ခြေ။ထို့ကြောင့် ဘာသာတရားထက် 
ကိုယ်ကျင့်သီလသည်ပဓာနကျသည်၊ ယင်းကိုယ်ကျင့်သီလကို မှန်၏
မှား၏ဟူသော ဆုံးဖြတ်နိုင်သော ၀ိဘဇ္ဇဉာဏ်သည်လည်း လိုအပ်သည်
နွားကိုလည်လှီးခြင်းဖြင့် ကုသိုလ်တရားရသည်ဆိုသော အယူအဆကို
လွဲမှားသည်ဟု ဆုံးဖြတ်နိုင်သော ဉာဏ်သည် သာမညဉာဏ်မျိုးမဟုတ်
ပေ။ မိမိ၏အသက်ကို မိမိနှမြောသကဲ့သို့ သူတစ်ပါးတို့သည်လည်းနှမြော
ကြပေလိမ့်မည်။ မိမိ၏အမိကိုမိမိချစ်သကဲ့သို့ သူတစ်ပါးတို့သည်လည်း
သူတစ်ပါးတို့၏အမိကိုချစ်ပေလိမ့်မည်။ ယင်းကိုယ်ချင်းစာတရားသည်
ဘာသာတရားအဆုံးအမတွင်ပါဝင်သော်လည်း နှလုံးသွင်းဆင်ခြင်ကျင့်
သုံးနိုင်ဖို့ရန် ခက်ခဲ့သည်။ ထို့ကြောင့်ပဲ မြန်မာနိုင်သည် အင်္ဂလိပ်လက်
ထက်မှစ၍ ယခုတိုင်အောင် ပြည်သူပိုင်တို့သည် တစ်ဦးတစ်ယောက်
ပို်င်အဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။ 
ဒါ့ကြောင့် သေအံ့ဆဲဆဲအချိန်ကာလရောက်မှ အကုသိုလ်တရားတွေကို
မပြုလုပ်သင့်ကြောင်းသိခြင်း၊ရှောင်ကျဉ်ခြင်းထက်  .. ။
အခုလိုငယ်ရွယ်စဉ်ကပင်လျှင် ပါဏာတိပါတာအစရှိသော သီလတရား
များကိုစောင့်ထိန်းနိုင်ကြပါစေကြောင်း  .. . . ။
█ ░ အလင်းရှင် ░ █

“နေ” တစ်ဆူ ၊ “လ”တစ်ပါး

နံက်စောစော သံဃရုဏ်ရည်ကိုပူဇော်ခြင်းဖြင့် ..
ဤဆေင်းပါးကိုရေးသားတင်ပြလိုက်ရပါသည် ကမ္ဘာလောကကြီးတွင်
မိုက်မဲသားကောင် အာဏာရူးများအမြန်ဆုံးပျောက်ကွယ်ပါစေသတည်း .. ။
“နေ” တစ်ဆူ ၊ “လ”တစ်ပါး
Photo: နံက်စောစော သံဃရုဏ်ရည်ကိုပူဇော်ခြင်းဖြင့်   .. 
ဤဆေင်းပါးကိုရေးသားတင်ပြလိုက်ရပါသည် ကမ္ဘာလောကကြီးတွင်
မိုက်မဲသားကောင် အာဏာရူးများအမြန်ဆုံးပျောက်ကွယ်ပါစေသတည်း  .. ။
 “နေ” တစ်ဆူ ၊ “လ”တစ်ပါး
☤✩☤✩☤✩☤✩☤✩☤
ဗုဒ္ဓဘာသာသမိုင်းမှာ ဘယ်တော့မှမပျောက်ပျက်နိုင်တဲ့ ထေရ်သံဃာများ
ဟာ ခေတ်အဆက်ဆက်ပေါ်ထွက်လာခဲ့ပါတယ်၊နောက်လည်းပေါ်ထွက်
နေဦးမှာပါ။ အဲဒီအထဲကမှ “ နေတစ်ဆူ” ကတော့ လယ်တီဆရာတော်
ဘုရားကြီးပေါ့။ သိတယ်နော်၊ ဟိုးတစ်လောဆီက စစ်ခွေးတွေ ဖြိုဖျက်
ပစ်ခြင်းကိုခံခဲ့ရတဲ့ လယ်တီသိမ်နဲ့ စေတီတော်ဆိုတာပေါ့။ ထိုကျေးဇူးရှင်
လယ်တီဆရာတော်ဘုရားကြီးရဲ့ခေတ်သစ်“ဒီပနီ” ကျမ်းတွေကို အာဏာ
ရူးများ သေခါနီးမှာ အမြဲဖတ်လေ့ရှိပါတယ်။ အဲဒီလောက်ကိုသမိုင်းတွင်
ခေတ်မီနေတဲ့ လယ်တီဒီပနီကျမ်းများဟာကျောက်ထက်အက္ခရာအဖြစ်
သို့တိုင်အောင် ရောက်ခဲ့ပါတယ်။
ဘ၀အတွက်နေ၀င်လုဆဲဆဲများဟာ လက္ခဏာရေးသုံးပါးတင်ပြီး “ဒီပနီ”
ကျမ်းများကိုဖတ်ရှု့မယ်ဆိုပါက “ဘုရားတစ်ဆူကိုယ့်ရှေ့တွင်လာရောက်
ဟောကြားနေသကဲ့သို့” အဓိပ္ပါယ်အနှစ်သာရကိုသိရှိနားလည်ခွင့်ရပါ
တယ်။ 
အာဏာရှင်နေ၀င်းသည် နောက်ဆုံအချိန် လယ်တီဒီပနီကျမ်းများကိုဖတ်
သွားပြီး “လယ်တီဆရာတော်ဘုရားကြီးရဲ့ဂုဏ်ကျေးဇူးကို”တမ်းတအော
က်မေ့မိခဲ့သည်။ ဂဠုန်ဦးစောသည်လည်း ကြိုးမိန့်မချမီ “ လယ်တီဒီပနီ
ကျမ်းများဖြင့် အချိန်ကုန်ခဲ့ရသည်” ဤမျှလောက် နေတစ်ဆူကဲ့သို့ ဂုဏ်
ကျေးဇူးရှိလှသောလယ်တီဆရာတော်ဘုရားကြီး၏ စေတီတော်နှင့်သိမ်
တော်မြတ်တို့သည် မြန်မာ့မြေပေါ်မှ ကွယ်ပချုပ်ငြိမ်း၍ ပရိနိဗ္ဗာန်စံဝင်ရန်
(မဟန)ဥက္ကဌခေါ်ဗန်းမော်ဆရာတော်က သိမ်နှုတ်သြ၀ါဒပေးခဲ့သည်။
စစ်ခွေးတို့က ဒိုဇာဖြင့်ထိုးကော်ဖျက်ဆီးပစ်ခဲ့သည်။ 
အို  ..  နေမင်းသည် ကွယ်ပခဲ့ရပါတော့သည်တကား  .. .  ။
ထိုရှင်နေမင်းတည်းဟူသော လယ်တီဆရာတော်ဘုရားကြီးတွင် လတစ်
စင်းကဲ့သို့ အဖိုးမဖြတ်နိုင်သော တပည့်တစ်ပါးပေါ်ထွက်ခဲ့ဖူးသည် ထိုအ
ရှင်သည်ကား  ..သေက္ချတောင်ဆရာတော်ဟု သမုတ်ထသော ဘဒ္ဒန္တတိ
လောကမထေရ်မြတ်ပင်တည်း . . ။
ပရိယတ်ကို မျက်လုံးအိမ်တွင် ဟင်္သပဒါးကဲ့သို့ ဖူးယောင်နီမြန်းသည့်အ
ထိ ကျိုးစားခဲ့သူ  .. . ။
ဒါကို လယ်တီဆရာတော်ဘုရားကြီးအား အခြားတပည့်များက . . .
 “ ဦးတိလောကသည်ဒီအတိုင်းဆက်ထားပါက
သူ့မျက်လုံးကွယ်ပါတော့မည်ဘုရား” 
ဟုလျှောက်ထားကြသောကြောင့်ဦးတိလောကသီတင်းသုံးရာ တစ်ပါး
ကျောင်းအတွင်းရှိ ပါဠိတော်အစရှိသောကျမ်းများအား တစ်ကျောင်း
တစ်ဂါထာမျှမထားရဘဲ လယ်တီဆရာတော်အမိန့်ဖြင့် သိမ်းယူထား
လိုက်ရသည်။”
ဤမျှလောက်  . . . . . .
“ ပိဋကတ်မီးခဲကြီး”  
“ ပိဋကတ်မီးတောက်ကြီး”
“ ပိဋကတ် သူရဲကြီး” ဖြစ်သော အရှင်တိလောကမထေရ်မြတ်သည် 
သက်တော် (၂၅) နှစ်သိက္ခာတော် (၅)၀ါအရမှာပင် သေက္ချတောင်
အမည်ရှိသော တောသို့ တစ်ပါးတည်း ခိုအောင်တော်မူခဲ့ရာက 
“သေက္ချတောင်ဆရာတော်” ရယ်လို့လတစ်ဆူ လတစ်ပါးပေါ်ထွက်
လာခဲ့ပါသည်။ ထိုပိဋကတ်မီးတောက်မီခဲကြီးဖြစ်သော သေက္ချတောင်
ဆရာတော်ကြီးရေးသားပြုစုတော်မူခဲ့သော“ပဏ္ဍိတဝေဒနိယ” မြန်မာ
ပြန်ကျမ်းတော်ကြီးမှာ  .. . . 
“ ၀ိဇ္ဇာဓိုရ် ချင်သော ယောက်ျား ”
“မြေသျှိုးမိုးသို့ ပျံချင်သော ယောက်ျား”
“ ကိုယ်ဖျောက်လို့ပျောက်၊ ကိုယ်ပြလျှင်မြင် အထောင်ရာပင်ဖန်ဆင်း
လိုသော ယောက်ျား ”
“သိဒ္ဓိပါး(၃၀)ကိုဆေးမလို အင်းမချ ၊ ဖိုလ်မထိုးရပဲပြီးသောယောက်ျား
အဖြစ်ကို ရလိုပါ  .. ဖတ်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ 
(မှတ်ချက်။) ယင်းကျမ်းစာအုပ်မှ ကသိုဏ်းကျင့်စဉ်ကို ဝေမျှရန်ရေး
သားဖို့စိတ်ကူးရှိပါတယ်ပြီးလျှင် ပိုစ့်တင်၍ ဓမ္မဒါနပြုပါမယ်။
“ဣဒံ ပုညံ ဗောဓိဉာဏဿ ပစ္စယောဟောတု”

၂၀၁၅ အတွက် ဒဲ့တစ်ပေါက်တည်း

ခေတ်အဆက်ဆက်ကို ကြေညက်အောင်ဝါးစားလာခဲ့တဲ့သူဆိုတော့ မြန်
မာပြည်ရဲ့ နောက်နေ့နံက်ခင်းကို ညကတည်းကမြင်နေရတယ်။ ဒီလိုအ
ကြောင်းတရားတွေဟာ ခေါင်းသုံးလုံးရှိသော သက်တော်ရှည်ဆရာတော်
ဘုရားကြီးများအား “ အန္တေ၀ါသိက” အဖြစ်၎င်း“ဂိလာနုပဋ္ဌက”အဖြစ်၎င်း
ပြုစုလုပ်ကျွေးခွင့်ရဲ့အကျိုးတရားပါ။
Photo: ၂၀၁၅ အတွက် ဒဲ့တစ်ပေါက်တည်း
☤✩☤✩☤✩☤✩☤✩☤✩☤✩✩☤✩☤✩
ခေတ်အဆက်ဆက်ကို ကြေညက်အောင်ဝါးစားလာခဲ့တဲ့သူဆိုတော့ မြန်
မာပြည်ရဲ့ နောက်နေ့နံက်ခင်းကို ညကတည်းကမြင်နေရတယ်။ ဒီလိုအ
ကြောင်းတရားတွေဟာ ခေါင်းသုံးလုံးရှိသော သက်တော်ရှည်ဆရာတော်
ဘုရားကြီးများအား “ အန္တေ၀ါသိက” အဖြစ်၎င်း“ဂိလာနုပဋ္ဌက”အဖြစ်၎င်း
ပြုစုလုပ်ကျွေးခွင့်ရဲ့အကျိုးတရားပါ။
ဒါ့ကြောင့် မြန်မာ့နိုင်ငံရေးရုပ်ရှင်ရုံထဲမှာ  .. .
(၁) ဒေါ်အောင်ဆန်းစုကြည်ကို ကုလားနဲ့ပုံမှားရိုက်မယ် ၊ 
(၂) သံဃာကိုသတ်ခဲ့တဲ့စွမ်းအားရှင်အဖွဲ့ကို(၉၆၉)အဖြစ်အသွင်ပြောင်း။
(၃) သံဃာသတ်ခဲ့တဲ့ ကြံ့ဖွတ်ကဦးနုအကွက်နင်းပြီး သတ္တမသင်္ဂါယနာ
တင်မယ့် ရုပ်ရှင်အစား ဂိုဏ်းပေါင်းစုံသံဃညီလာခံကိုအစားထိုးပြသမယ်။
(၄)ပြည်သူ့အကျိုးဆို စတေးဝံ့သောသံဃာထုကို မျက်လှည့်ပြမယ်။
စသည်ဖြင့်စသည်ဖြင့် ဒါတွေဟာ စစ်ခွေးအာဏာရူးများ လုပ်လေ့လုပ်ထ
ရှိတဲ့ ပြဇာတ်များဖြစ်ကြောင်း မသိသေးသူများသိဖို့ ဝေမျှလိုက်ပါတယ်။ 

“ ပြည်ဒေသသည်သာ” “ပျူဒေသမဟုတ်”

အသိဉာဏ်ကာရက အားကောင်းကြတဲ့ မြန်မာ့ဗုဒ္ဓဘာသာဝင်အချို့
ကြောင့် မြန်မာနိုင်ငံနဲ့မြန်မာလူမျိုးများအတွက်အဖိုးမဖျက်နိုင်သော ယဉ်
ကျေးကျေးမှု့အမွေအနှစ်များကို ဖေါ်ထုတ်နိုင်ခဲ့ပါတယ်။ စစ်အစိုးရလက်
ထက်ကတော့“ လက်သင့်ရာစားတော်ခေါ်” ဆိုတဲ့စကားပုံလိုစစ်ဗိုလ်ချုပ်
ကြီးတွေနဲ့ နီးစပ်ရာပတ်သက်မှုရှိတဲ့ သမိုင်းအမွေအနှစ်တွေကိုသာပြုပြင်
ရှာဖွေဖေါ်ထုတ်ခဲ့ကြတာပါ။ နောက် သူတို့ရဲ့ပရောဟိတ်ကြီးများရဲ့ဗေဒင်
ကိန်းခန်းအလိုအရ ဘုရားစေတီသစ်တည်ခြင်းအဟောင်းပြင်ဆင်ခြင်း
များကိုသာပြုလုပ်တက်ကြတာပါ။ 
Photo: “ ပြည်ဒေသသည်သာ” “ပျူဒေသမဟုတ်”
☤♥☤♥☤♥☤♥☤♥☤☤♥☤♥☤♥☤♥☤♥☤
အသိဉာဏ်ကာရက အားကောင်းကြတဲ့ မြန်မာ့ဗုဒ္ဓဘာသာဝင်အချို့
ကြောင့် မြန်မာနိုင်ငံနဲ့မြန်မာလူမျိုးများအတွက်အဖိုးမဖျက်နိုင်သော ယဉ်
ကျေးကျေးမှု့အမွေအနှစ်များကို ဖေါ်ထုတ်နိုင်ခဲ့ပါတယ်။ စစ်အစိုးရလက်
ထက်ကတော့“ လက်သင့်ရာစားတော်ခေါ်” ဆိုတဲ့စကားပုံလိုစစ်ဗိုလ်ချုပ်
ကြီးတွေနဲ့ နီးစပ်ရာပတ်သက်မှုရှိတဲ့ သမိုင်းအမွေအနှစ်တွေကိုသာပြုပြင်
ရှာဖွေဖေါ်ထုတ်ခဲ့ကြတာပါ။ နောက် သူတို့ရဲ့ပရောဟိတ်ကြီးများရဲ့ဗေဒင်
ကိန်းခန်းအလိုအရ ဘုရားစေတီသစ်တည်ခြင်းအဟောင်းပြင်ဆင်ခြင်း
များကိုသာပြုလုပ်တက်ကြတာပါ။ 
အခုလို။ ခေတ်ပြောင်း ဒီမိုကရေစီရေဦးမှာတော့ ရှေးဟောင်းသ၀င်ဦးစီးဌ
ာန ၀န်ထမ်းများသည် မိမိတို့ကိုယ်အားဉာဏ်အားရှိသရွေ့ ကြိုးစားရှာဖွေ
ဖေါ်ထုတ်ကုသိုလ်ယူနိုင်ခွင့်များရသင့်သလောက်ရကြလေပြီ။
ထို့ကြောင့် ယခင်ကဆိုလျှင် ပျူဒေသဟူသည် ပြည်ဒေသတစ်ဝိုက်ကိုသ
ာဆိုလိုသည်ဟု မိမိတို့မြန်မာနိုင်ငံသားများထင်မှတ်ထားကြသည်။ ယင်း
အယူအဆသည် ယခုအခါ၌ ပျက်ပျယ်သွားလေပြီ။ 
အဘယ့်ကြောင့်ဆိုသော် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သတခရိုင် ထူးကြီး
ဒေသတွင် ပျူခေတ်လက်ရာစေတီတော်များဗုဒ္ဓရုပ်ပွားဆင်းတုတော်များ
ကိုတွေ့ရှိရကြောင်း ၎င်းအပြင် ရှမ်းပြည်ဒေသတွင်လည်း ယင်းပျူခေတ်
လက်ရာစေတီတော်များကိုတွေ့ရကြောင်း ရှေးဟောင်းသမိုင်းဝင်ဦးစီးဌာ
နနှင့်အင်တာဗျူးထားသော သတင်းကို ဒီမိုကရက်မြန်မာ့အသံတွင်ကြည့်
လိုက်ရသည်။
အလယ်ပိုင်း၊ အောက်ပိုင်းတွေမှာပါ “ ပျူခေတ်ယဉ်ကျေးမှု” လက်ရာတွေ
ကိုရှာဖွေဖေါ်ထုတ်နိုင်ခဲ့ပါတယ်။ 
အရင် ဦးဇင်းတို့မြန်မာလူမျိုးတွေသိထားတာက “ ပြည်ဒေသသည်သာ
ပျူဒေသ” လို့သိထားကြတာပါ။ အခုတော့ မြန်မာနိုင်ငံအောက်ပိုင်းမှာလဲ
ပျူခေတ်လက်ရာစေတီပုထိုးများကိုရှာဖွေတွေ့ရှိရသလို ရှမ်းပြည်နယ်မှာ
လည်း ပျူခေတ်လက်ရာတူများတွေ့ရှိရကြောင်း ရှေးဟောင်းသမိုင်းဝင်ဦး
စီးဌာနက DVD မြန်မာသတင်းဌာနတွင် တင်ပြသွားသည်ကိုတွေ့ရပါ
၍ ဗုဒ္ဓဘာသာဝင်သူတော်စဉ်များ . . . . 
“ တိဋ္ဌန္တေ နိဗ္ဗူတေ စာပိ ၊ သမေ စိတ္တေ သမံ ဖလံ။
    စေတောပနိဓိဟေတုမှိ ၊ သတ္တာ ဂစ္ဆန္တိ သုဂတိံ။
ဆိုသောပါဠိတော်အတိုင်း ယခုလို ဗုဒ္ဓရုပ်ပွားတော်များ ၊စေတီတော်များ
ကိုရှာဖွေတွေ့ရှိခြင်း၊ ဖူးမြှော်ကြည်ညိုရခြင်းသည် နတ်ရွာသုဂတိသို့
လားရောက်စေနိုင်ကြောင်း အသိပေးရင်း သရဏဂမဏခေါ် သရဏဂုံ
သီလများ စောင့်ထိမ်းနိုင်ကြပါစေဟု ဆန္ဒပြုပါသည်။
►ဣဒံ ပုညံ ဗောဓိဉာဏဿ ပစ္စယော ဟောတု◄
Refenerces
သုတ္တန်ပိဋက်၊ ခုဒ္ဒကနိကာယ်၊
ဝိမာန၀တ္ထုပါဠိတော်၊

Tuesday, June 17, 2014

ခွေးကြာကြာရေးမကူးနိုင်ပါဘူး။

မနေ့က DVB သတင်းဌာနမှာ သတင်းလေးတစ်ခုကြည့်လိုက်ရတယ်။
နေမျိုးဝေ ဟာ “အမျိုးဘာသာသာသနာကိုခုတုံးလုပ်ပြီး” အခြေခံဥပဒေ
၄၃၆ မပြင်ဆင်ရေးကို ပြောသွားတယ်။ ဒါကို ဒေသခံပြည်သူတွေက
၎င်းနေမျိုးဝေ ပြောနေတုန်းပင် ၀င်ရောက်ကန့်ကွက်ခြင်းမေးခွန်းများကို
မေးမြန်းခဲ့ပြီး ။ ဗုဒ္ဓဘာသာကိုအယောင်ပြ နိုင်ငံရေးဟောပြောမှုကိုပြုလုပ်
ခဲ့သော နေမျိုးဝေအား နောက်နောင်ဒီလိုမပြုလုပ်ရန်တားဆီးခဲ့တဲ့အပြင်
ယင်းဟောပြောပွဲကို စီမံပေးခဲ့သော ဆရာတော်အား မူလအဓိပ္ပါယ်ပျက်
ပြယ်ပြီ ဘာသာေ၇းကိုခုတုံးလုပ်သော နိုင်ငံရေးဟောပြောပွဲကို နောက်
နောင်မပြုလုပ်၇န် ဆရာတော်အားပန်ကြားခဲ့တာကိုလည်းတွေ့လိုက်
ရပါတယ်။
နှလုံးသားနူးညံ့သိမ်မွေ့တက်ကြသော သံဃာတော်များကို ဘာသာရေး
ကိုအကြောင်းပြုပြီး ဗုဒ္ဓဘာသာသာသနာတော်တိုးတက်ပြန့်ပွားစေဖို့ဆို
သော စကားနှင့် နေမျိုးဝေတို့ အာဏာရှင်တစ်ခန်းရပ်ဇာတ်လမ်းတွေ
ဖန်တီးနေပါတယ်။ ကြောင်ကြာကြာရေမငုတ်နိုင်သလို ခွေးဟာလဲပဲကြာ
ကြာရေးမကူးနိုင်ပါဘူး။။
Photo: ခွေးကြာကြာရေးမကူးနိုင်ပါဘူး။ 
♥☤♥☤♥☤♥☤♥☤♥☤♥

ဒါ့ကြောင့် ဒီကနေ့မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ ဘာသာရေးအသွင်
ဆောင်ထားတဲ့ စစ်ခွေးတွေရဲ့ အာဏာရေးလမ်းစဉ်ကို ဖေါ်ဆောင်နေ
တဲ့ နေမျိုးဝေကဲ့သို့သော လူများ၊ ဦးဝီရသူကဲ့သို့သော ရဟန်းသံဃာများ
ကိုသတိထားမိဖို့လိုပါတယ်။  
ဒီဖြစ်စဉ်တွေဟာ စစ်ခွေးကြံ့ဖွတ်ရဲ့ (၂၀၁၅)အတွက် ပြင်ဆင်မှုတွေလုပ်
နေတာပါပဲ။ ဒါကိုပြည်သူတွေဟာ လိမ္မာပါးနပ်စွာသိမှသာလျှင် အနာဂတ်
ကာလမှာ စစ်ခွေးတွေရဲ့နိုင်ငံရေးအခန်းကဏ္ဍပြုတ်ကျသွားမှာဖြစ်ပါ
တယ်။ ဒေါ်အောင်းဆန်းစုကြည်ပြောသလို ပြည်သူတွေစာဖတ်ကြပါ။
စာပေကပေးသောအသိဉာဏ်ကို ပစ္စုပ္ပန်မျက်မှောက်ကာလနဲ့လျှော်ညီ
အောင်အသုံးချတက်ဖို့လိုပါတယ်။
ပြည်သူတွေ အခုလိုစာမတက်သရွေ့ စစ်ခွေးအရေခွံကျွတ်တွေက
(၂၀၁၅)အတွက်မျှော်လင့်ချက်တွေရှိနေဦးမှာဖြစ်ပါတယ်။ အခု
ဆောင်ပါးပါသတင်းမှတ်တမ်းများကဲ့သို့ ဒေသခံပြည်သူများအနေဖြင့်
အခြေခံဥပဒေကိုနားလည်ပြီး ဘာသာရေးကိုခြေယောင်ပြတက်သော
အရေခွံကျွတ်လော်ဘီများရဲ့ ဘာသာရေးဝါဒမှိုင်းကိုသိရှိနားလည်ဆန့်
ကျင်နိုင်ပါက နောက်လာလတ္တံ့သော (၂၀၁၅) သည် နေ၀င်းပြုတ်ကျ
သကဲ့သို့ သန်းရွှေသိန်းစိန်တို့ပြုတ်ကျသွားမှာဖြစ်ကြောင်း  .. . 

4k သိရင် ၊အော်ရီဒူးကိုလည်းသိမယ်၊ဒါဆိုရင်စစ်ခွေးဆိုးတွေရဲ့ ကုလားဖန်ကွက်ကိုလည်းသိမယ်။

Photo: 4k သိရင် ၊အော်ရီဒူးကိုလည်းသိမယ်၊ဒါဆိုရင်စစ်ခွေးဆိုးတွေရဲ့
ကုလားဖန်ကွက်ကိုလည်းသိမယ်။ 
☤♥☤♥☤♥☤♥☤☤♥☤♥☤♥☤♥☤♥☤
တို့နိုင်ငံမှာ Full HD နဲ့တောင် အခုမှသမီးရီးစားစကားပြောမယ်ကြံတုန်း
ရှိသေးတယ်။ သူများနိုင်ငံတွေမှာ 4K နဲ့တောင်လင်ခန်းမယားခန်းပေါင်း
နေကြလို့ 8k တွေတောင်မွေးနေပြီဆိုပဲ။အိမ်တိုင်းမှာ ၊ TV လေးတစ်လုံး
တော့ရှိသလို andrive ဖုန်းလေးတစ်လုံးလည်းရှိတာပါပဲ။သို့သော် 4kဆို
တာဘာမှန်းမသိဘူးဆိုရင် ခက်ပြီ။
 “ဘကြီးအောင်မောင်းအိမ်က စီးလာတဲ့မြင်းအထီးမှန်းအမမှန်းမသိတဲ့
ကိန်း” ပဲကွ။ အဲလို ဂလယ်အူကြောင်ကောင်တွေ နာမည်ကြီးနေတဲ့
ခေတ်မှာကြောင်းကျိုးသိမြင်ပညာရှင်တွေ ပုန်းလျှိုနေရတယ်။
အခုလည်းပဲ “အော်ရီဒူးကိုတိုက်မယ်” တဲ့။ ဖြစ်ပုံကဘာနဲ့အလားသဏ္ဍာန်
သူနေသလဲဆော့တော့  .. က။
  “ ခွေးဆိုတဲ့တိရိစ္ဆာန်ကို လူကရိုက်ရင် ၊ ရိုက်တဲ့သူကိုမကိုက်ဘဲ ၊ တုတ်
ကိုသာကိုက်တယ်” 
အဲလိုကြီးဖြစ်နေတယ်။ စစ်ခွေးတွေက သန်း(60)ဆယ်ကို ဒုက္ခရောက်
စေဖို့အတွက် ကုလားအော်ရီဒူးကို မြန်မာပြည်ထဲကိုရက်ရက်ရောရော
ပေးသွင်း၊ နောက်ဘင်္ဂါလားကုလားတွေကို အဖြူကဒ်ပေးတယ်။အဲဒီ စစ်
ခွေးတွေဖန်တီးလိုက်တဲ့ action ကို ဦးပါမောက်စတဲ့သူတွေက “ အော်ရီ
ရီဒူးဆန့်ကျင်ရေး” ဆိုတဲ့ reaction ကိုဖန်တီးတယ်။ ဒါ  “ တုတ်ကိုကိုက်
တဲ့ခွေးပဲ”  ရိုက်တဲ့သူကိုက်ရမှာကို ၊ မြန်မာပြည်ထဲကို တိုင်းရင်းသားအ
ဖြစ်လက်ခံခဲ့တဲ့စစ်ခွေးကို ကိုက်ရမှာ။ မြန်မာပြည်ထဲမှာ စီးပွားရေးအရ
ဗိုလ်ကျစိုးမိုးခွင့်ပေးတဲ့ စစ်ခွေးတွေကို ကိုက်ရမှာ။ ဒီတော့အသိဉာဏ်ကာ
ရကချို့တဲ့ခွေးဟာ “ တုတ်ကိုပဲ တွင်တွင်ကိုက်နေတဲ့ ဥပမာကြီး”အတိုင်း
ဖြစ်နေတယ်။ ဒီ program ဟာ၊ systematically မဖြစ်ဘူး။ “ တုတ်ကို
ကိုက်တဲ့ ခွေးတစ်ကောင်ရဲ့knowledge ဖြစ်နေတယ်” ဒါ့ကြောင့်သူတို့ရဲ့
အမျိုးသားရေးဟာ ပညာမပါတဲ့အမျိုးသားရေးပဲ။“တုတ်ကိုကိုက်တဲ့အမျိုး
သားရေးပဲ”။တို့ဖြစ်စေချင်တာမျိုးက “တုတ်ကိုဖမ်းဆွဲပြီး အဲဒီလူကိုပြန်
ရိုက်တဲ့အမျိုးသားရေးမျိုး” ဖြစ်စေချင်တာ။ ဒါမှ  ပြဿနာကိုဖြေရှင်းတဲ့
Very good Systemဖြစ်မှာ၊ ဘုရားရှင်ရဲ့ဝါဒနဲ့လည်းဆီလျှော်တယ်လေ။
ဘုရားရှင်ရဲ့ဝါဒဟာ “ အကြောင်းကြောင့်အကျိုးဖြစ်ရခြင်း” ကိုသာလက်
ခံတဲ့ဝါဒ ၊ တစ်စုံတစ်ဦးရဲ့ဖန်တီးမှုပယောဂမပါဘူး။ ဒါကို “ပဋိစ္စသမုပ္ပါဒ”
 “chain of causation”  တဲ့။ ဒါကို ဦးပါမောက်အစရှိတဲ့ အမျိုးသားရေးကို
ဆောင်ရွက်သူများ သိစေချင်တယ်။ နောက်တစ်ချက်က ၊ စာပေမသိတဲ့
ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒကိုနားမလည်တဲ့ လူငယ်လူရွယ်များအတွက် လမ်းကြောင်း
အမှားကြီးပေါ် လျှောက်နေမိမှာစိုးလို့၊ “ ဒေ၀ဒတ်ရဟန်းနောက်လိုက်တဲ့
မင်းသားလေး အဇတသတ်ဟာ အခု ငရဲမှာပဲမဟုတ်လား။ ဘုရားဟော
တွေနဲ့ ဒီဘုန်းကြီးဦးပါမောက်တို့လုပ်နေတာနဲ့ကလုံးဝ difference 
ဖြစ်နေတယ်နော်။
ဒါ့ကြောင့် problem တစ်ခုကိုကိုင်တွယ်ရာမှာ . . . . .
(၁) အကြောင်းတရားကို စဦးစွာကြည့်ပါ။
(၂) အကျိုးတရားကို မြင်ပါစေ ။
(၃) ယင်းအကြောင်းတရားအား လောဘမငဲ့၊ ဒေါသမတွက်ဘဲ၊ဖြေရှင်းပါ။
ဒါ ဗုဒ္ဓအလိုတော်ကျ ploblem တစ်ခုကိုဖြေရှင်းနည်းပါပဲ။ 
ကဲ  .. 4k ဆိုတာဘာကြီးလည်းဆိုတာကိုသိဖို့ အခုချိပ်ပေးလိုက်တဲ့လင့်
မှာ ဖတ်လို့ရတယ်၊ photo ကို copy ယူသွားလို့ရတယ်။
http://aungminkhoung.blogspot.com/2014/06/4k.html 
ကိုးကား
ပါဠိ၊မြန်မာ၊အင်္ဂလိပ်၊အဘိဓာန်၊
ဆရာကြီးဦးဟုတ်စိန်၊

သာသနာရေးဝန်စီးဌာန၏လုပ်နည်းလုပ်ဟန်များ

ယခုတင်ပြမယ့်အတွေးသတင်းကိုရေးမယ်ဆိုပြီးအားခဲထားတာ(၁)ကျော်
ကြောခဲ့ပါပြီ သို့သော်လည်းအခြားဦးစားပေးရာအကြောင်းအရာများကို
ဖေါ်ပြနေရသောကြောင့် မရေးဖြစ်ခဲ့တာပါ။ ပုံပါဓာတ်ပုံဟာ (၂၀၁၂-၂၀၁၃)
ခုနှစ် ၊ ကမ္ဘာအေးတွင်ပြုလုပ်သော ဘွဲ့တံဆိပ်ဆပ်ကပ်လှူဒါန်းပွဲ
တွင် သက်တော်ရှည်ဆရာတော်ကြီးများနှင့်သာသနာရေ၀န်ကြီးဌာနရှိ
ဝန်ထမ်းများ၏ မှတ်တမ်းတင်ဓာတ်ပုံပင်ဖြစ်ပါသည်။ 
Photo: သာသနာရေးဝန်စီးဌာန၏လုပ်နည်းလုပ်ဟန်များ
☤✩☤✩☤✩☤✩☤✩☤✩☤✩☤✩☤
ယခုတင်ပြမယ့်အတွေးသတင်းကိုရေးမယ်ဆိုပြီးအားခဲထားတာ(၁)ကျော်
ကြောခဲ့ပါပြီ သို့သော်လည်းအခြားဦးစားပေးရာအကြောင်းအရာများကို
ဖေါ်ပြနေရသောကြောင့် မရေးဖြစ်ခဲ့တာပါ။ ပုံပါဓာတ်ပုံဟာ (၂၀၁၂-၂၀၁၃)
ခုနှစ် ၊ ကမ္ဘာအေးတွင်ပြုလုပ်သော ဘွဲ့တံဆိပ်ဆပ်ကပ်လှူဒါန်းပွဲ
တွင် သက်တော်ရှည်ဆရာတော်ကြီးများနှင့်သာသနာရေ၀န်ကြီးဌာနရှိ
ဝန်ထမ်းများ၏ မှတ်တမ်းတင်ဓာတ်ပုံပင်ဖြစ်ပါသည်။  
ဓာတ်ပုံကြည့်ရ၍ ယခုစာဖတ်သူများသာ ဝေဖန်ဓိကပြုကြပါတော့ စာရေး
သူမိမိအနေဖြင့် ဝေဖန်ရလျှင် “မကောင်းရှိတော့မယ်” တကယ်တော့ ဒီ
ကနေ့ခေတ် ဗုဒ္ဓဘာသာတွင် သာသနာရေးဝန်ကြီးဌာနဟူသည် သာသ
နောတော်ရေးအရာကောင်းစားတိုးတက်ရေးကိုအလေးပေးဆောင်ရွက်
နေသည်မဟုတ်၊ “ သာသနာ့ဝန်ကိုထမ်းသော” “ သာသနာရေးဝန်ကြီး
ဌာနမဟုတ်ဘဲ သာသနာရေးဝန်စီးဌာနသာ” ဖြစ်ကြောင်း . . ။
သာသနာတော်တွင် ပုထုဇဉ်ရှင်ရဟန်းများကြောင့် အမူအခင်းအရာများ
သည်လည်း ဖြစ်ပေါ်တက်မြဲဖြစ်သည်။ ဘုရားရှင်ငုတ်တုတ်ကြီးရှိစဉ်က
တည်းကလည်း ပြဿနာဆိုတာဖြစ်ခဲ့ဖူးပါသည်။ သို့သော်ယင်းပြဿနာ
ဖြစ်ရာတွင် ကြီးသောအမှုကိုငယ်စေ ငယ်သောအမှုကိုပပျောက်စေဆိုတဲ့
သူတော်ကောင်းဓလေ့ကိုမကျင့်သုံးခဲ့ဘူးဆိုတာ“မဟာသန္တိသုခကျောင်း”
ကသက်သေခံနေသည်မဟုတ်ပါလား။
ဒါက အများအမြင်ပါ ကမ္ဘာ့အမြင်ပါ။ ယင်း မဟာသန္တိသုခကျောင်းကဲ့သို့
ဖြစ်ပေါ်ခံစားခဲ့ရသော သံဃာတော်များ ကျောင်းတိုက်တာကြီးများသည်
မြန်မာနိုင်ငံတွင် မြောက်များစွာရှိခဲ့ဖြစ်ခဲ့ဖူးပါသည်။ 
ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ပြောသလို “ တရားဥပဒေစိုးမိုးမှုမရှိ”
သောကြောင့် အရပ်လောက ဘုန်းကြီးလောကတွင် အဓမ္မမှုများနေ့စဉ်
တိုးပွားလာခြင်းဖြစ်ပါသည်။ မကြာခင်ကကျင်းပပြီးခဲ့သော ဂိုဏ်းပေါင်းစုံ
အစည်းအဝေးဆိုတာကလည်း သံဃာထုကို စစ်အာဏာရှင်အရေခွံကျွတ်
တွေက “ နားလှည့်ပါးရိုက်” လိုက်သော နိုင်ငံရေးကစားကွက်ပင်ဖြစ်ပြီး
သာသနာတော်အတွက် ဓမ္မ၀ိနယများကို မည်သို့မည်ပုံအလေးကရုပြု
ဆောင်ရွက်လိုက်နာရမည့်ထက် စစ်အစိုးရထုတ်ပြန်ရေးဆွဲထားခဲ့သော
(မဟန)ညွှန်ကြားလွှာကိုသာ ဆက်လက်အသက်သွင်းလိုက်ခြင်းပင်ဖြစ်
ပါသည်ဟု သုံးသပ်မိပါသည်။

4k အကြောင်း

Monday, June 16, 2014

လိုလိုသမျှ နတ်မ’မ၊ ကိုယ်တိုင်ကြံအုံးဟ

စာကြည့်နုတဲ့သူတွေဟာ အတ္တအနတ္တကို သိဖို့ခဲယဉ်းလှသလိုအကြောင်း
အကျိုးလည်းသိဖို့ဝေးပြီပေါ့ ။ တို့များဒါ့ကြောင့် စာများဖတ်ကြပါလို့တိုက်
တွန်းရတယ်နော်။ စာဖတ်ပြန်တော့လည်း ကိုယ်ဖတ်တဲ့စာက အကြောင်း
နဲ့အကျိုးကိုသုံးသပ်နိုင်တဲ့စာမျိုးဖြစ်ဦးမှ။ ဗုဒ္ဓ၀ါဒဆိုတာ အစွန်းလွတ်တယ်
ဘာကိုဖြစ်စေ ၊ action ကြောင့် reaction ဖြစ်တယ်ဆိုတာ ဗုဒ္ဓမြတ်စွာ
ကမ္ဘာကိုဦးဆုံးချပြနိုင်ခဲ့ပါတယ်။ အိုင်ဆက်နယူတန်တို့ ပြောခဲ့တယ်ဆို
တာနှစ်နှစ်ရာကဏန်းပဲနော် ၊ ဗုဒ္ဓက ထောင်ကဏန်းတော်ကျော်ခဲ့ပြီ။
ဒါ့ကြောင့် ဥဒါန်းပါဠိတော်ကိုကြည့်ရင် အာသဝေါကုန်ခမ်းသွားတဲ့ရဟန္တာ
မထေရ်မြတ်များ ကျူးရစ်တော်မူခဲ့တဲ့ ပါဠိတော်များ ဖတ်လေမှတ်လေ
စိတ်ထဲ ကြည်ညိုစရာကောင်းလေပဲ။ ဘယ်အရာမှ အကြောင်းလွတ်တဲ့
အကျိုးရယ်လို့ ဘုရားဟောခဲ့ဘူး။ သာဓကလေးတစ်ခု စိတ်ထဲပေါ်လာ
တာလေးထောက်ရရင် .. . .။
Photo: လိုလိုသမျှ နတ်မ’မ၊ ကိုယ်တိုင်ကြံအုံးဟ

ရှင်ဒေ၀ဒတ်က ဂိဇ္ဈကုဋ်တောင်ပေါ်ကနေ ကျောက်တုံးကြီးကိုအနေအ
အထားချိန်စပြီး ဗုဒ္ဓရှင်တော်ဆွမ်းခံထွက်ရင် ဒဲ့ကြဖို့ ဒဲ့ထိဖို့ ဒဲ့သေဖို့ ဖန်
တီးပြင်ဆင်ထားတယ်။ ဗုဒ္ဓရှင်တော်ဆွမ်းခံကြွလာတဲ့အခါ အနေတော်
လောက်မှာ သူတွက်ချက်ချိန်ကိုက်ထားတဲ့ကျောက်တုံးကိုလှိမ့်ချလိုက်
တယ်။ ကံကောင်းခြင်တော့က သူချလိုက်တဲ့ကျောက်တုံးရဲ့လမ်းမှာ အ
ခြားကြီးတဲ့ကျောက်တုံးကြီးကခံနေတယ်။ အဲဒီမှာတင်ကျောက်တုံးနှစ်ခု
တို့ တိုက်မိကြပြီး အစိတ်စိတ်အမွှာမွှာကွဲသွားတယ်။ ကွဲသွားတဲ့ကျောက်
တုံးအစိတ်အမွှာလေးတွေထဲက ကျောက်တစ်စဟာ ဘုရားရှင်ရဲ့ခြေ
တော်ဖျားကို ထိသွားတယ်။ စာထဲမှာတော့ အတော်ကိုဒါဏ်ရာဟာပြင်း
ထန်သွားတယ်လို့ဆိုတယ်။ အဲဒီညမှာပဲ နတ်တွေရောက်လာကြတယ်။
ဒါပေမယ့် ဘယ်နတ်ကမှဆေးကုပေးတယ်ဆိုတာ မပါဘူး။ ဒါပိဋကတ်ကို
ဖတ်ရင် အခုလိုဂရုတစိုက်လေး သတိထားမိရတယ်။ ဒါ့ကြောင့်တို့ ပတ်
ဝန်းကျင်မှာလူတွေ အစွန်းထွက်တဲ့စကားတွေပြောကြတယ်နော်။ နတ်က
ဖန်တီးပေးတယ်။ နတ်ကမဖန်တီးပေးဘူး။ ဒါနှစ်ခုစလုံးဟာ အစွန်းတစ်
ဘက်ဆီကပဲနော်။ ကဲ ၊ အခုဘုရားရှင်ကို ခံစားနေရတဲ့ ဝေဒနာ ၊ဘယ်
နတ်က နတ်တန်ခိုးနဲ့ ကုသပေးသလဲ။ မပေးဘူးနော်။ ပေးတယ်လို့ စာမှာ
မပါဘူး။ စာမှာက . . .
★ “ အာဇာနေယော ၀တ ဘော သမဏော ဂေါတမော” ★
►❝ ရဟန်းဂေါတမသည် တကဲ့အာဇာနည် ယောက်ျားပါတကား၊
အာဇာနည်ယောက်ျားဖြစ်သောကြောင့်သာ ဤမျှလောက်ပြင်းပြ
သောဝေဒနာကို ဣနြေ္ဒမပျက် ခံနိုင်ပါပေသည်❞◄လို့ပဲပါတယ်နော်။
 “နတ်တွေကတော့ဖြင့် ဘုရားရှင်ခံစားနေရသော ကာယိကဒုက္ခဝေဒနာ
ကို ပျောက်ကင်းအောင်ကုသပေးသွားသည်” ဆိုတဲ့ပါဠိမပါဘူးဒါကိုအချို့
က မသိတော့ နတ်တွေကိုတင်မြောက်ပသတိုင်း ကိုယ့်ဘ၀ဒုက္ခငြိမ်းလိမ့်
မယ်လို့အထင်ရောက်နေတဲ့သူရှိသလို တင်မြောက်စရာမလိုဘူးဒီနတ်ဆို
တဲ့ကောင်တွေဘာမှမလုပ်ပေးနိုင်ဘူး ၊ ဒီအစွန်းနှစ်ဘက်မှာပဲရပ်နေကြ
တယ်။ အလယ်မှမရပ်မိကြဘူးနော်။ 
ဒါ့ကြောင့် စာဖတ်နုရင်ဖြစ်စေ ၊ ကိုယ်ဖတ်တဲ့စာကိုယ်တိုင်ကိုယ်ကအစွန်း
တစ်ဘက်ဘက် ကပ်နေတဲ့စာဆိုရင် ကိုယ်လည်းအစွန်းကပ်တက်တယ်။
(၁) နတ်တွေဟာကိုယ့်အတွက်ကောင်းကျိုးမဆောင်ရွက်နိုင်ဘူး။
(၂) ဆောင်ရွက်နိုင်တယ်။ 
ဒီအစွန်းနှစ်ဘက်ကနေ အလယ်ကိုလျှောက်နိုင်ရပ်နိုင်ဖို့ရန်အတွက် ဒီ
ဆောင်းပါးလေးဖတ်ရုံလောက်နဲ့မရဘူး။ ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူး။
အခြားကျမ်းတွေဖတ်ရမယ်။ ကျမ်းညွှန်းပေးလိုက်မယ် ။ အဲဒီကျမ်း
စာအုပ်ရှိတဲ့နေရာကိုပါ အတိအကျပေးမယ်။ ကိုယ်ဘက်က Download
ဆွဲရုံပဲ။ အဲဒါမှမဆွဲခြင်ရင်တော့ မဖတ်ရုံပေါ့ကွာ။ အခုဖတ်လက်စဆောင်း
ပါးပါ ဖတ်မနေနဲ့ အကျိုးမရှိနိုင်တော့ဘူး။ အကယ်၍ ကိုယ်က အလယ်
လမ်းကိုလိုက်လိုတယ် ရပ်လိုတယ် ဆိုရင် . . .
http://ungminkhoun.blogspot.com မှာ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒဆိုတဲ့အခန်းရှိ
တယ် အဲဒီလင့်မှာဝင်ဒေါင်းပါ။ ဒေါင်းရမယ့် ကျမ်းစာအုပ်က  .. 
(၁) ဒါနဒိဒီပနီကျမ်း။(၂)သီလ၀ိနိစ္ဆယကျမ်း။(၃) ရောဂန္တဒီပနီကျမ်း။
အေး အဲဒီသုံးကျမ်းလောက်ဖတ်လိုက်ရင် မင်းတို့ အလယ်လောက်မှရပ်
တက်သွားမယ်။အခြား ခေတ်ပေါ်ပင်စာအုပ်တွေဖတ်လို့ကတော့ ရူးသွား
မယ်။ မင်းတို့ အလယ်မှာရပ်နိုင်မှာမဟုတ်ဘူး၊ဒါတောင်နောက်ထပ်တစ်
ကျမ်းရှိသေးတယ် ၊ ငါကိုယ်တိုင်တောင်ရှာလို့မရတော့လို့ကွ။ငါထောင်က
ထွက်တော့ စာအုပ်တွေ ယူလိုသူတွေယူသွားကြတယ်။ဒါ့ကြောင့်ကျမ်းမ
ညွှန်းနိုင်တော့ဘူး။
အေးကွယ်  .. ။ လောကထဲ မစ္ဇျိမပဋိပဒါကြဖို့  ..  တို့ညွှန်းလိုက်တဲ့စာ
များသာဖတ်ကြပါစို့လို့ နိဂုံးချုပ်ပါတယ်။
REFENERCES
သုတ္တန်ပိဋကတ်၊ဒေ၀တာသံယုတ်၊
သကလိကသုတ်။
█░အလင်းရှင် ░█
မှတ်ချက်။ ဤဆောင်းပါးတင်ချန် (၂)ရီခန့်ကြာသည်။ မြန်မာကျပ်ငွေ
(၈၀၀)ကျပ်ကုန်ကျသည်။

http://ungminkhoun.blogspot.com/ မှာ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒဆိုတဲ့အခန်းရှိ
တယ် အဲဒီလင့်မှာဝင်ဒေါင်းပါ။ ဒေါင်းရမယ့် ကျမ်းစာအုပ်က ..
(၁) ဒါနဒိဒီပနီကျမ်း။(၂)သီလ၀ိနိစ္ဆယကျမ်း။(၃) ရောဂန္တဒီပနီကျမ်း။
အေး အဲဒီသုံးကျမ်းလောက်ဖတ်လိုက်ရင် မင်းတို့ အလယ်လောက်မှရပ်
တက်သွားမယ်။အခြား ခေတ်ပေါ်ပင်စာအုပ်တွေဖတ်လို့ကတော့ ရူးသွား
မယ်။ မင်းတို့ အလယ်မှာရပ်နိုင်မှာမဟုတ်ဘူး၊ဒါတောင်နောက်ထပ်တစ်
ကျမ်းရှိသေးတယ် ၊ ငါကိုယ်တိုင်တောင်ရှာလို့မရတော့လို့ကွ။ငါထောင်က
ထွက်တော့ စာအုပ်တွေ ယူလိုသူတွေယူသွားကြတယ်။ဒါ့ကြောင့်ကျမ်းမ
ညွှန်းနိုင်တော့ဘူး။
အေးကွယ် .. ။ လောကထဲ မစ္ဇျိမပဋိပဒါကြဖို့ .. တို့ညွှန်းလိုက်တဲ့စာ
များသာဖတ်ကြပါစို့လို့ နိဂုံးချုပ်ပါတယ်။
REFENERCES
သုတ္တန်ပိဋကတ်၊ဒေ၀တာသံယုတ်၊
သကလိကသုတ်။
█░အလင်းရှင် ░█
မှတ်ချက်။ ဤဆောင်းပါးတင်ချန် (၂)ရီခန့်ကြာသည်။ မြန်မာကျပ်ငွေ
(၈၀၀)ကျပ်ကုန်ကျသည်။

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget