.

AlinShin

Tuesday, June 17, 2014

သာသနာရေးဝန်စီးဌာန၏လုပ်နည်းလုပ်ဟန်များ

ယခုတင်ပြမယ့်အတွေးသတင်းကိုရေးမယ်ဆိုပြီးအားခဲထားတာ(၁)ကျော်
ကြောခဲ့ပါပြီ သို့သော်လည်းအခြားဦးစားပေးရာအကြောင်းအရာများကို
ဖေါ်ပြနေရသောကြောင့် မရေးဖြစ်ခဲ့တာပါ။ ပုံပါဓာတ်ပုံဟာ (၂၀၁၂-၂၀၁၃)
ခုနှစ် ၊ ကမ္ဘာအေးတွင်ပြုလုပ်သော ဘွဲ့တံဆိပ်ဆပ်ကပ်လှူဒါန်းပွဲ
တွင် သက်တော်ရှည်ဆရာတော်ကြီးများနှင့်သာသနာရေ၀န်ကြီးဌာနရှိ
ဝန်ထမ်းများ၏ မှတ်တမ်းတင်ဓာတ်ပုံပင်ဖြစ်ပါသည်။ 
Photo: သာသနာရေးဝန်စီးဌာန၏လုပ်နည်းလုပ်ဟန်များ
☤✩☤✩☤✩☤✩☤✩☤✩☤✩☤✩☤
ယခုတင်ပြမယ့်အတွေးသတင်းကိုရေးမယ်ဆိုပြီးအားခဲထားတာ(၁)ကျော်
ကြောခဲ့ပါပြီ သို့သော်လည်းအခြားဦးစားပေးရာအကြောင်းအရာများကို
ဖေါ်ပြနေရသောကြောင့် မရေးဖြစ်ခဲ့တာပါ။ ပုံပါဓာတ်ပုံဟာ (၂၀၁၂-၂၀၁၃)
ခုနှစ် ၊ ကမ္ဘာအေးတွင်ပြုလုပ်သော ဘွဲ့တံဆိပ်ဆပ်ကပ်လှူဒါန်းပွဲ
တွင် သက်တော်ရှည်ဆရာတော်ကြီးများနှင့်သာသနာရေ၀န်ကြီးဌာနရှိ
ဝန်ထမ်းများ၏ မှတ်တမ်းတင်ဓာတ်ပုံပင်ဖြစ်ပါသည်။  
ဓာတ်ပုံကြည့်ရ၍ ယခုစာဖတ်သူများသာ ဝေဖန်ဓိကပြုကြပါတော့ စာရေး
သူမိမိအနေဖြင့် ဝေဖန်ရလျှင် “မကောင်းရှိတော့မယ်” တကယ်တော့ ဒီ
ကနေ့ခေတ် ဗုဒ္ဓဘာသာတွင် သာသနာရေးဝန်ကြီးဌာနဟူသည် သာသ
နောတော်ရေးအရာကောင်းစားတိုးတက်ရေးကိုအလေးပေးဆောင်ရွက်
နေသည်မဟုတ်၊ “ သာသနာ့ဝန်ကိုထမ်းသော” “ သာသနာရေးဝန်ကြီး
ဌာနမဟုတ်ဘဲ သာသနာရေးဝန်စီးဌာနသာ” ဖြစ်ကြောင်း . . ။
သာသနာတော်တွင် ပုထုဇဉ်ရှင်ရဟန်းများကြောင့် အမူအခင်းအရာများ
သည်လည်း ဖြစ်ပေါ်တက်မြဲဖြစ်သည်။ ဘုရားရှင်ငုတ်တုတ်ကြီးရှိစဉ်က
တည်းကလည်း ပြဿနာဆိုတာဖြစ်ခဲ့ဖူးပါသည်။ သို့သော်ယင်းပြဿနာ
ဖြစ်ရာတွင် ကြီးသောအမှုကိုငယ်စေ ငယ်သောအမှုကိုပပျောက်စေဆိုတဲ့
သူတော်ကောင်းဓလေ့ကိုမကျင့်သုံးခဲ့ဘူးဆိုတာ“မဟာသန္တိသုခကျောင်း”
ကသက်သေခံနေသည်မဟုတ်ပါလား။
ဒါက အများအမြင်ပါ ကမ္ဘာ့အမြင်ပါ။ ယင်း မဟာသန္တိသုခကျောင်းကဲ့သို့
ဖြစ်ပေါ်ခံစားခဲ့ရသော သံဃာတော်များ ကျောင်းတိုက်တာကြီးများသည်
မြန်မာနိုင်ငံတွင် မြောက်များစွာရှိခဲ့ဖြစ်ခဲ့ဖူးပါသည်။ 
ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ပြောသလို “ တရားဥပဒေစိုးမိုးမှုမရှိ”
သောကြောင့် အရပ်လောက ဘုန်းကြီးလောကတွင် အဓမ္မမှုများနေ့စဉ်
တိုးပွားလာခြင်းဖြစ်ပါသည်။ မကြာခင်ကကျင်းပပြီးခဲ့သော ဂိုဏ်းပေါင်းစုံ
အစည်းအဝေးဆိုတာကလည်း သံဃာထုကို စစ်အာဏာရှင်အရေခွံကျွတ်
တွေက “ နားလှည့်ပါးရိုက်” လိုက်သော နိုင်ငံရေးကစားကွက်ပင်ဖြစ်ပြီး
သာသနာတော်အတွက် ဓမ္မ၀ိနယများကို မည်သို့မည်ပုံအလေးကရုပြု
ဆောင်ရွက်လိုက်နာရမည့်ထက် စစ်အစိုးရထုတ်ပြန်ရေးဆွဲထားခဲ့သော
(မဟန)ညွှန်ကြားလွှာကိုသာ ဆက်လက်အသက်သွင်းလိုက်ခြင်းပင်ဖြစ်
ပါသည်ဟု သုံးသပ်မိပါသည်။
█ ░ အလင်းရှင် ░ █

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget