.

AlinShin

Wednesday, June 18, 2014

“ ပြည်ဒေသသည်သာ” “ပျူဒေသမဟုတ်”

အသိဉာဏ်ကာရက အားကောင်းကြတဲ့ မြန်မာ့ဗုဒ္ဓဘာသာဝင်အချို့
ကြောင့် မြန်မာနိုင်ငံနဲ့မြန်မာလူမျိုးများအတွက်အဖိုးမဖျက်နိုင်သော ယဉ်
ကျေးကျေးမှု့အမွေအနှစ်များကို ဖေါ်ထုတ်နိုင်ခဲ့ပါတယ်။ စစ်အစိုးရလက်
ထက်ကတော့“ လက်သင့်ရာစားတော်ခေါ်” ဆိုတဲ့စကားပုံလိုစစ်ဗိုလ်ချုပ်
ကြီးတွေနဲ့ နီးစပ်ရာပတ်သက်မှုရှိတဲ့ သမိုင်းအမွေအနှစ်တွေကိုသာပြုပြင်
ရှာဖွေဖေါ်ထုတ်ခဲ့ကြတာပါ။ နောက် သူတို့ရဲ့ပရောဟိတ်ကြီးများရဲ့ဗေဒင်
ကိန်းခန်းအလိုအရ ဘုရားစေတီသစ်တည်ခြင်းအဟောင်းပြင်ဆင်ခြင်း
များကိုသာပြုလုပ်တက်ကြတာပါ။ 
Photo: “ ပြည်ဒေသသည်သာ” “ပျူဒေသမဟုတ်”
☤♥☤♥☤♥☤♥☤♥☤☤♥☤♥☤♥☤♥☤♥☤
အသိဉာဏ်ကာရက အားကောင်းကြတဲ့ မြန်မာ့ဗုဒ္ဓဘာသာဝင်အချို့
ကြောင့် မြန်မာနိုင်ငံနဲ့မြန်မာလူမျိုးများအတွက်အဖိုးမဖျက်နိုင်သော ယဉ်
ကျေးကျေးမှု့အမွေအနှစ်များကို ဖေါ်ထုတ်နိုင်ခဲ့ပါတယ်။ စစ်အစိုးရလက်
ထက်ကတော့“ လက်သင့်ရာစားတော်ခေါ်” ဆိုတဲ့စကားပုံလိုစစ်ဗိုလ်ချုပ်
ကြီးတွေနဲ့ နီးစပ်ရာပတ်သက်မှုရှိတဲ့ သမိုင်းအမွေအနှစ်တွေကိုသာပြုပြင်
ရှာဖွေဖေါ်ထုတ်ခဲ့ကြတာပါ။ နောက် သူတို့ရဲ့ပရောဟိတ်ကြီးများရဲ့ဗေဒင်
ကိန်းခန်းအလိုအရ ဘုရားစေတီသစ်တည်ခြင်းအဟောင်းပြင်ဆင်ခြင်း
များကိုသာပြုလုပ်တက်ကြတာပါ။ 
အခုလို။ ခေတ်ပြောင်း ဒီမိုကရေစီရေဦးမှာတော့ ရှေးဟောင်းသ၀င်ဦးစီးဌ
ာန ၀န်ထမ်းများသည် မိမိတို့ကိုယ်အားဉာဏ်အားရှိသရွေ့ ကြိုးစားရှာဖွေ
ဖေါ်ထုတ်ကုသိုလ်ယူနိုင်ခွင့်များရသင့်သလောက်ရကြလေပြီ။
ထို့ကြောင့် ယခင်ကဆိုလျှင် ပျူဒေသဟူသည် ပြည်ဒေသတစ်ဝိုက်ကိုသ
ာဆိုလိုသည်ဟု မိမိတို့မြန်မာနိုင်ငံသားများထင်မှတ်ထားကြသည်။ ယင်း
အယူအဆသည် ယခုအခါ၌ ပျက်ပျယ်သွားလေပြီ။ 
အဘယ့်ကြောင့်ဆိုသော် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သတခရိုင် ထူးကြီး
ဒေသတွင် ပျူခေတ်လက်ရာစေတီတော်များဗုဒ္ဓရုပ်ပွားဆင်းတုတော်များ
ကိုတွေ့ရှိရကြောင်း ၎င်းအပြင် ရှမ်းပြည်ဒေသတွင်လည်း ယင်းပျူခေတ်
လက်ရာစေတီတော်များကိုတွေ့ရကြောင်း ရှေးဟောင်းသမိုင်းဝင်ဦးစီးဌာ
နနှင့်အင်တာဗျူးထားသော သတင်းကို ဒီမိုကရက်မြန်မာ့အသံတွင်ကြည့်
လိုက်ရသည်။
အလယ်ပိုင်း၊ အောက်ပိုင်းတွေမှာပါ “ ပျူခေတ်ယဉ်ကျေးမှု” လက်ရာတွေ
ကိုရှာဖွေဖေါ်ထုတ်နိုင်ခဲ့ပါတယ်။ 
အရင် ဦးဇင်းတို့မြန်မာလူမျိုးတွေသိထားတာက “ ပြည်ဒေသသည်သာ
ပျူဒေသ” လို့သိထားကြတာပါ။ အခုတော့ မြန်မာနိုင်ငံအောက်ပိုင်းမှာလဲ
ပျူခေတ်လက်ရာစေတီပုထိုးများကိုရှာဖွေတွေ့ရှိရသလို ရှမ်းပြည်နယ်မှာ
လည်း ပျူခေတ်လက်ရာတူများတွေ့ရှိရကြောင်း ရှေးဟောင်းသမိုင်းဝင်ဦး
စီးဌာနက DVD မြန်မာသတင်းဌာနတွင် တင်ပြသွားသည်ကိုတွေ့ရပါ
၍ ဗုဒ္ဓဘာသာဝင်သူတော်စဉ်များ . . . . 
“ တိဋ္ဌန္တေ နိဗ္ဗူတေ စာပိ ၊ သမေ စိတ္တေ သမံ ဖလံ။
    စေတောပနိဓိဟေတုမှိ ၊ သတ္တာ ဂစ္ဆန္တိ သုဂတိံ။
ဆိုသောပါဠိတော်အတိုင်း ယခုလို ဗုဒ္ဓရုပ်ပွားတော်များ ၊စေတီတော်များ
ကိုရှာဖွေတွေ့ရှိခြင်း၊ ဖူးမြှော်ကြည်ညိုရခြင်းသည် နတ်ရွာသုဂတိသို့
လားရောက်စေနိုင်ကြောင်း အသိပေးရင်း သရဏဂမဏခေါ် သရဏဂုံ
သီလများ စောင့်ထိမ်းနိုင်ကြပါစေဟု ဆန္ဒပြုပါသည်။
►ဣဒံ ပုညံ ဗောဓိဉာဏဿ ပစ္စယော ဟောတု◄
Refenerces
သုတ္တန်ပိဋက်၊ ခုဒ္ဒကနိကာယ်၊
ဝိမာန၀တ္ထုပါဠိတော်၊
█ ░ အလင်းရှင် ░ █

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget