.

AlinShin

Wednesday, June 18, 2014

“နေ” တစ်ဆူ ၊ “လ”တစ်ပါး

နံက်စောစော သံဃရုဏ်ရည်ကိုပူဇော်ခြင်းဖြင့် ..
ဤဆေင်းပါးကိုရေးသားတင်ပြလိုက်ရပါသည် ကမ္ဘာလောကကြီးတွင်
မိုက်မဲသားကောင် အာဏာရူးများအမြန်ဆုံးပျောက်ကွယ်ပါစေသတည်း .. ။
“နေ” တစ်ဆူ ၊ “လ”တစ်ပါး
Photo: နံက်စောစော သံဃရုဏ်ရည်ကိုပူဇော်ခြင်းဖြင့်   .. 
ဤဆေင်းပါးကိုရေးသားတင်ပြလိုက်ရပါသည် ကမ္ဘာလောကကြီးတွင်
မိုက်မဲသားကောင် အာဏာရူးများအမြန်ဆုံးပျောက်ကွယ်ပါစေသတည်း  .. ။
 “နေ” တစ်ဆူ ၊ “လ”တစ်ပါး
☤✩☤✩☤✩☤✩☤✩☤
ဗုဒ္ဓဘာသာသမိုင်းမှာ ဘယ်တော့မှမပျောက်ပျက်နိုင်တဲ့ ထေရ်သံဃာများ
ဟာ ခေတ်အဆက်ဆက်ပေါ်ထွက်လာခဲ့ပါတယ်၊နောက်လည်းပေါ်ထွက်
နေဦးမှာပါ။ အဲဒီအထဲကမှ “ နေတစ်ဆူ” ကတော့ လယ်တီဆရာတော်
ဘုရားကြီးပေါ့။ သိတယ်နော်၊ ဟိုးတစ်လောဆီက စစ်ခွေးတွေ ဖြိုဖျက်
ပစ်ခြင်းကိုခံခဲ့ရတဲ့ လယ်တီသိမ်နဲ့ စေတီတော်ဆိုတာပေါ့။ ထိုကျေးဇူးရှင်
လယ်တီဆရာတော်ဘုရားကြီးရဲ့ခေတ်သစ်“ဒီပနီ” ကျမ်းတွေကို အာဏာ
ရူးများ သေခါနီးမှာ အမြဲဖတ်လေ့ရှိပါတယ်။ အဲဒီလောက်ကိုသမိုင်းတွင်
ခေတ်မီနေတဲ့ လယ်တီဒီပနီကျမ်းများဟာကျောက်ထက်အက္ခရာအဖြစ်
သို့တိုင်အောင် ရောက်ခဲ့ပါတယ်။
ဘ၀အတွက်နေ၀င်လုဆဲဆဲများဟာ လက္ခဏာရေးသုံးပါးတင်ပြီး “ဒီပနီ”
ကျမ်းများကိုဖတ်ရှု့မယ်ဆိုပါက “ဘုရားတစ်ဆူကိုယ့်ရှေ့တွင်လာရောက်
ဟောကြားနေသကဲ့သို့” အဓိပ္ပါယ်အနှစ်သာရကိုသိရှိနားလည်ခွင့်ရပါ
တယ်။ 
အာဏာရှင်နေ၀င်းသည် နောက်ဆုံအချိန် လယ်တီဒီပနီကျမ်းများကိုဖတ်
သွားပြီး “လယ်တီဆရာတော်ဘုရားကြီးရဲ့ဂုဏ်ကျေးဇူးကို”တမ်းတအော
က်မေ့မိခဲ့သည်။ ဂဠုန်ဦးစောသည်လည်း ကြိုးမိန့်မချမီ “ လယ်တီဒီပနီ
ကျမ်းများဖြင့် အချိန်ကုန်ခဲ့ရသည်” ဤမျှလောက် နေတစ်ဆူကဲ့သို့ ဂုဏ်
ကျေးဇူးရှိလှသောလယ်တီဆရာတော်ဘုရားကြီး၏ စေတီတော်နှင့်သိမ်
တော်မြတ်တို့သည် မြန်မာ့မြေပေါ်မှ ကွယ်ပချုပ်ငြိမ်း၍ ပရိနိဗ္ဗာန်စံဝင်ရန်
(မဟန)ဥက္ကဌခေါ်ဗန်းမော်ဆရာတော်က သိမ်နှုတ်သြ၀ါဒပေးခဲ့သည်။
စစ်ခွေးတို့က ဒိုဇာဖြင့်ထိုးကော်ဖျက်ဆီးပစ်ခဲ့သည်။ 
အို  ..  နေမင်းသည် ကွယ်ပခဲ့ရပါတော့သည်တကား  .. .  ။
ထိုရှင်နေမင်းတည်းဟူသော လယ်တီဆရာတော်ဘုရားကြီးတွင် လတစ်
စင်းကဲ့သို့ အဖိုးမဖြတ်နိုင်သော တပည့်တစ်ပါးပေါ်ထွက်ခဲ့ဖူးသည် ထိုအ
ရှင်သည်ကား  ..သေက္ချတောင်ဆရာတော်ဟု သမုတ်ထသော ဘဒ္ဒန္တတိ
လောကမထေရ်မြတ်ပင်တည်း . . ။
ပရိယတ်ကို မျက်လုံးအိမ်တွင် ဟင်္သပဒါးကဲ့သို့ ဖူးယောင်နီမြန်းသည့်အ
ထိ ကျိုးစားခဲ့သူ  .. . ။
ဒါကို လယ်တီဆရာတော်ဘုရားကြီးအား အခြားတပည့်များက . . .
 “ ဦးတိလောကသည်ဒီအတိုင်းဆက်ထားပါက
သူ့မျက်လုံးကွယ်ပါတော့မည်ဘုရား” 
ဟုလျှောက်ထားကြသောကြောင့်ဦးတိလောကသီတင်းသုံးရာ တစ်ပါး
ကျောင်းအတွင်းရှိ ပါဠိတော်အစရှိသောကျမ်းများအား တစ်ကျောင်း
တစ်ဂါထာမျှမထားရဘဲ လယ်တီဆရာတော်အမိန့်ဖြင့် သိမ်းယူထား
လိုက်ရသည်။”
ဤမျှလောက်  . . . . . .
“ ပိဋကတ်မီးခဲကြီး”  
“ ပိဋကတ်မီးတောက်ကြီး”
“ ပိဋကတ် သူရဲကြီး” ဖြစ်သော အရှင်တိလောကမထေရ်မြတ်သည် 
သက်တော် (၂၅) နှစ်သိက္ခာတော် (၅)၀ါအရမှာပင် သေက္ချတောင်
အမည်ရှိသော တောသို့ တစ်ပါးတည်း ခိုအောင်တော်မူခဲ့ရာက 
“သေက္ချတောင်ဆရာတော်” ရယ်လို့လတစ်ဆူ လတစ်ပါးပေါ်ထွက်
လာခဲ့ပါသည်။ ထိုပိဋကတ်မီးတောက်မီခဲကြီးဖြစ်သော သေက္ချတောင်
ဆရာတော်ကြီးရေးသားပြုစုတော်မူခဲ့သော“ပဏ္ဍိတဝေဒနိယ” မြန်မာ
ပြန်ကျမ်းတော်ကြီးမှာ  .. . . 
“ ၀ိဇ္ဇာဓိုရ် ချင်သော ယောက်ျား ”
“မြေသျှိုးမိုးသို့ ပျံချင်သော ယောက်ျား”
“ ကိုယ်ဖျောက်လို့ပျောက်၊ ကိုယ်ပြလျှင်မြင် အထောင်ရာပင်ဖန်ဆင်း
လိုသော ယောက်ျား ”
“သိဒ္ဓိပါး(၃၀)ကိုဆေးမလို အင်းမချ ၊ ဖိုလ်မထိုးရပဲပြီးသောယောက်ျား
အဖြစ်ကို ရလိုပါ  .. ဖတ်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ 
(မှတ်ချက်။) ယင်းကျမ်းစာအုပ်မှ ကသိုဏ်းကျင့်စဉ်ကို ဝေမျှရန်ရေး
သားဖို့စိတ်ကူးရှိပါတယ်ပြီးလျှင် ပိုစ့်တင်၍ ဓမ္မဒါနပြုပါမယ်။
“ဣဒံ ပုညံ ဗောဓိဉာဏဿ ပစ္စယောဟောတု”
█ ░ အလင်းရှင် ░ █

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget