.

AlinShin

Monday, March 18, 2013

ကု သိုလ် အ လွမ်း


ကု   သိုလ် လွမ်း
အမေ့ကိုလွမ်း၊ အဖေ့ကိုတမ်းတ
ငယ်ဘ၀ကအဖြစ်တွေ။
အမေ့မေတ္တာ၊ ယုယလာခဲ့
ခွန်အားမျှတဲ့သူကအဖေ။
လူငယ်အရွယ်၊ သိမကြွယ်လို့
ဆိုးခဲ့မိုက်ခဲ့အပြစ်ဘွေ။
သိလာချိန်မျာ၊အဝေးရောက်လို့
ရင်ထဲကပဲကတော့ဖြေ။
ဘ၀အတောင်၊ဆေးရောင်လှကြောင့်
ချစ်သောသူနဲ့တစ်ဝေေ၀။
ချစ်လိုသူကို၊ ချစ်နေရလို့
အမေနဲ့အဖေ့ကို မလွမ်းမိပေ။
ဘ၀ဆိုတာ၊ တိမ်ခိုးရာမို့
ပေါ်လိုက် ပျောက်လိုက်အသင်္ချေ။
လောကဓံဟုန်၊လေ၀င်ကြုံတော့
ချစ်သောသူနဲ့ ခွဲရပေ။
အဲဒီအချိန်မှာ ဘ၀မှန်သိရ
ကျေးဇူးရှင်ကအမေနဲ့အဖေ။
မေတ္တာရှင်ကို ရော်ရည်မှန်းလို့
ပြုခဲ့သမျှအပြစ်တွေ။
ကျေပါစေလို တောင်းဆိုပို၍
ကုသိုလ်ရေနဲ့ဆေးခဲ့ပေ။
အမေ့ကိုလွမ်း၊ အဖေ့ကိုတမ်းတရင်း
ကုသိုလ်အလွမ်းနဲ့ အလွမ်းတွေ။
တစ်ထောင့်ငါးရာ ချစ်ကမ္ဘာထဲက၊
ချစ်သောသူတို့ အလွမ်းတွေ။
ဒါန၊သီလ၊သမထနဲ့၊
ဖြစ်ပျက်မြင်တဲ့ ၀ိပဿနာတွေ။
ဤသို့ပါရမီ၊ ကုသိုလ်စီလို့၊
လွမ်းလိုက်ပါတော့အလွမ်းတွေ။
ကုသိုလ်ပါရမီ၊ ဂုဏ်ပေါင်းဆီမို့၊
ကုသိုလ်လွမ်းရင်း အလွမ်းပြေ။
အလွမ်းဖြေ အလွမ်းပြေ။        
မောင်ဇရာ


                               
       




       










တ ကယ့် လူ


 ကယ့်  လူ
လူဆိုတော့
စားဖို့၊ ၀တ်ဖို့၊ နေဖို့ထိုင်ဖို့
မိုးခိုဖို့ နေရာတွေ
ရှာရဖွေရ ဒုက္ခမြစ်တစ်စင်း။

လူဆိုတော့
ချစ်ဖို့ ချစ်သူကိုရဖို့၊
အနမ်းရိပ်ကွန်းခိုစရာတွေ
ခံစားမှုက ဒုက္ခ နေတစ်စင်း။

လူဆိုတော့
အမေရယ်အဖေရယ်
ညီမနဲ့အမတွေရယ်
ဝန်းကျင်နဲ့အစဉ်ပြေဖို့
မွန်းကျပ်တဲ့ဒုက္ခလေပြေ။

လူဆိုတော့
ဘုရားရယ် တရားရယ်
ဘာရယ် ညာရယ်
ဘုရားလိုလို တရားလိုလို
ဘာလိုလို ညာလိုလိုနဲ့
ဘုရားလက်ထက်က ပုတီးမပေါ်သေးလို့
တို့ကပုတီးမစိတ်ဘူးတဲ့
အတ္တမကွာသေးတဲ့
အရေခွံကို ပိတ်စပတ်ထားတာမျိုး။

ဘုရားတရားသံဃာ မြတ်ရတနာကို
ခြင်ထောင်ထဲက
ကိလေသာအနံ့ ရေမွှေးစွတ်ပြီး
ဘာသာပြန်နေတဲ့ မေထုန်သမားက
ဘုရား . . . .  တဲ့
တရား . . . . . တဲ့
သံဃာ . . . . . တဲ့ အဓိပ္ပါယ်သိနိုင်ပါ့မလား။

ဗြဟ္မဇာလသုတ် စူဋ္ဌသီလခန်းကိုရှာဖတ်
နဲနဲလေးသိပြီး စကားလုံးများများတွေဟာ အံချင်စရာတွေ။

အခိုင်အမာရှိတဲ့ ဒို့ကမ္ဘာမြေကို
အသိဉာဏ် ဆံခြည်မျှင်နဲ့ မချည်လိုက်ဘဲ
ကမ္ဘာရဲ့သည်းခံခြင်းနဲ့
ချစ်ခြင်းများစွာကို သယ်ပိုပြီး
ဒုက္ခမြစ်များကိုကျော်ဖြတ်နိုင်မှ တကယ့်လူ။
မောင်ဇရာ







ဘာ သာ ပြန်


ဘာ   သာ   ပြန  
လူစဖြစ်ခါစက                                                                
နေလတို့ကို လက်ချိုး (ရေ) ခဲ့ဖူးတယ်
လူကြီးတစ်ယောက်ဟန်နဲ့ပေါ့။
သြော် . . . .
ဇာတ်ပွဲဆို
ရုံခါ (ဖွင့်) ကိုစောင့်လိုက်ရတာ
ငါ့မှာ
နှင်းတွေတောင် စိုလို့ရွှဲပေါ့။

မောင်းနှင်ခံရာသီတွေကြောင့်
ကိုယ့်သက္ကရာဇ်ကို
တုတ်နှောင်ချင်လာတယ်
“ယမမင်း”ဆိုသူကို လှည့်စားလိုတဲ့ဟန်နဲ့ပေါ့။
သြော် . . . .
ဘ၀ပွဲဆို
ရုံခါ (ဖွင့်) ခွင့်မရ
ရာသီသုံးခုက
လက်ကိုးချောင်းနဲ့မြှောက်လိုက်ကြတာ
ငါမှာ
ချွေးတွေတောင်နီလို့ရဲပေါ့။

ဘယ်သူမှမသြိကဘူး
ဘယ်သူကိုမှလည်းမပြောမိခဲ့ဘူး
ငါတစ်ကောင်တည်;
လက်လုပ်လက်စားဘ၀ကို
ကုတ်ခြစ်ရင်း
ပုံစံရမ္မက်ခွက်မှာ . . . .  ထုံရီမူးမေ့ခဲ့ရတယ်။
                                       မောင်ဇရာ



















မု သား နေ့


မု  သား  နေ့
အရုံဦး
ရမ္မက်တို့ရဲ့အာသာဖြေရာ။
သန်းကောင်ယံ
ဆန္ဒကြားကချွေးတစ်ပေါက်ရဲ့သက်သေ။
နာရီ
အိပ်မက်သစ်တွေမျှော်ရင်းပြန်ရောက်မယ့်နေရာ။
ကမ္ဘာကြီး
နေကွယ့်တဲ့နံက်ခင်းနဲ့
လမင်းပြန်မလာတဲ့ည
အလုပ်ရှုပ်နေတယ်ပြောတဲ့
သိပ္ပံဆရာတွေအကြောင်း
သူတို့ပဲ
အသစ်ထွင်နိုင်မယ့် စာကားလုံးများနဲ့ပေါ့
ချိုင့်ခွက်လုပ်သူနဲ့စာရင်
သူတို့ကတော့ မေတ္တာရှင်ပေါ့။
တရားတော်ဆိုင်ရာ မေတ္တာဘွဲ့တွေ
ဗီရိုထဲမှာ . . . . .
ကိလေသာရဲ့ ဟန်ချက်က
ချစ်ဦးသူတို့ရဲ့ မာယာသိုင်းတစ်ကွက်။
ဟင် . . . . . .
ဘာလိုလိုနဲ့
မနက်ဖန်ဆိုရင်
(2010) ရဲ့ချစ်သူများနေ့ပါလား။
အေး . . . . . . .
လိမ်ကြဦး၊ ညာကြဦး
အိပ်မက်ထဲက မုသာဝါဒကို
ခုံတန်းရားလေးပေါ်မှာ
နှစ်ယောက်သားဝှက်ရင်း
လမင်းကို အမှတ်ပေးခိုင်းပေါ့။
                                    မောင်ဇရာ
Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget