ယနေ့ကာလတွင် ရွှေတိဂုံ စေတီတော်မြတ်ကြီး အနီး၌ လူနေ အဆော
က်အဦးများ၊ ရှော့ပင်းမောလ်များ တည်ဆောက်မည့် စီမံကိန်းများ အတွက်စေတီတော်ကြီး တည်ရှိရာ သိင်္ဂုတ္တရ ကုန်းတော်၏ မြေသားများ ပြောင်းလဲသွားနိုင်မှု၊ စေတီတော်ကြီး အောက်ခြေရှိ ဆံတော်တွင်း ဌာပနာတိုက်ရှိ မြေအောက်ရေကြောများ ထိခိုက်လာနိုင်မှု စသည့် အခြေအနေများအပေါ် ဗုဒ္ဓဘာသာဝင်များ၏ အထွတ်အမြတ်ဖြစ်ရာ သမိုင်းဝင် ရှေးဟောင်း အမွေအနှစ် စေတီတော်ကြီး ထိခိုက်လာနိုင်သည့် အရေးကို မြန်မာနိုင်ငံသူ နိုင်ငံသားများ စိုးရိမ်ပူပန်လျက် ရှိနေကြသည်။
မြန်မာနိုင်ငံ ဗိသုကာ ပညာရှင်များ၊ ရေအောက်မြေဆိုင်ရာ ပညာရှင်များ၊ ဆောက်လုပ်ရေး အင်ဂျင်နီယာ ပညာရှင်များကလည်း Save Shwedagon Forumဟူသော ပညာရပ်ဆိုင်ရာ သုံးသပ် ဆွေးနွေးပွဲ ကျင်းပပြုလုပ်ပြီး တက်ရောက်လာသည့် ပညာရှင်များ အသီးသီးက ဆွေးနွေး ထောက်ပြကြကာ ရွှေတိဂုံ စေတီတော်ကြီး အနီးတွင် ဆောက်လုပ်ရေး စီမံကိန်းများ ခွင့်ပြုထားခြင်း အပေါ် ပြန်လည် သုံးသပ်ပြီး ရပ်ဆိုင်းပေးပါရန် နိုင်ငံတော် သမ္မတထံ အကြံပြုစာ တစ်စောင်ကိုလည်း ပေးပို့ထားကြကြောင်း သိရသည်။ ထိုသို့ ဆွေးနွေးကြရာတွင် ရွှေတိဂုံ စေတီတော်ကြီးနှင့် သိဂုင်္တ္တရ ကုန်းတော်ကြီးအား နည်းပညာဆိုင်ရာ အသေးစိတ် လေ့လာစစ်ဆေးခြင်း ပြုလုပ်ထားနိုင်ခဲ့ခြင်း မရှိကြောင်း သိသာ ပေါ်လွင်လာခဲ့ပါသည်။
ထို့အပြင် ၁၉၉၉ ခုနှစ်က ရွှေတိဂုံ စေတီတော်ကြီး ဘက်စုံထိန်းသိမ်း မွမ်းမံခြင်း လုပ်ငန်းတွင် ကိုယ်တိုင်ပါဝင်ခဲ့သည့် ရန်ကုန် နည်းပညာ တက္ကသိုလ် ပါမောက္ခဖြစ်သူ မြို့ပြအင်ဂျင်နီယာ ပညာရှင် ဒေါက်တာ ဉဏ်မြင့်ကျော်၏ ပြောကြားဆွေးနွေးချက်တွင် စေတီတော်ကြီး ရေရှည်တည်တံ့စေရန် အတွက် စေတီတော်၏ အတွင်းပိုင်းတွင် အုတ်သားချပ်အား အပေါက်အပြဲ ရှိ/မရှိ ထိုးဖောက်စစ်ဆေးခဲ့ရာ စေတီတော်ကြီးသည် အပြင်ဘက် ပထမ အုတ်တစ်လွှာသည် ၉
လက်မမှ ၁၂ လက်မခန့်ရှိပြီး ဒုတိယ အုတ်လွှာသည် ၄ လက်မမှ ၈ လက်မ ခန့်ရှိကာ ၄င်းအုတ်နှစ်လွှာ အကြားတွင် ရွှံ့အပျော့တစ်လွှာ တည်ရှိနေကြောင်း၊ ယင်းရွှံ့အလွှာ ခြောက်သွေ့နေခြင်း မရှိဘဲ ရေဖြင့် ပျော့နေသည်ကို ကြည့်ခြင်းအားဖြင့် မြေအောက်ရှိ ရေများသည်
အပေါ်သို့ တက်နေဖွယ်ဖြစ်ကြောင်း ၄င်း၏ အတွေ့အကြုံ တွေ့ရှိ
ချက်အား ရှင်းလင်းပြောပြခဲ့ပါသည်။
“အထဲကို ၃၁ လက်မ ဖောက်ကြည့်တဲ့အခါမှာ အုတ်က တစ်သားတည်း မဟုတ်ဘူး။ အပြင်ဘက် ၉ လက်မနဲ့ ၁၂ လက်မကြားမှာ တစ်လွှာ၊ သူ့နောက်မှာ နောက်ထပ်တစ်လွှာ ပြီးတော့ အဲဒီ့ နှစ်လွှာကြားထဲမှာ
၎ လက်မ ၈ လက်မလောက်ခြားတဲ့ ရွှံ့အပျော့ရှိတယ်။ အဲဒီ့ရွှံ့တွေက ခြောက်မနေဘူး။ ဘုရားကိုယ်ထည် တောက်လျှောက် စိုနေတယ်။
ဒါက အောက်ကရေ အပေါ်ကို တက်နေတဲ့ သဘောရှိနေတယ်”ဟု စေတီတော်ကြီး အောက်ခြေ ဌာပနာတိုက် နေရာတွင် ရေအောက်ကြော တည်ရှိနေကြောင်း အတည်ပြု ပြောကြားဆွေးနွေးခဲ့သည်။
ထို့အပြင် ၁၃-၃-၆၈ နေ့ ထုတ် ကြေးမုံသတင်းစာမှာ ဖော်ပြခဲ့သော ဆောင်းပါးရှင် ကျီးမနိုး တင်ဝင်း (ပေါင်းတည်)ရဲ့ သတင်းဆောင်းပါး တစ်ပုဒ်အား ပြန်လည် ကောက်နုတ်ဖော်ပြရပါလျှင်လည်း ဗုဒ္ဓဘာသာ
ဝင် မြန်မာလူမျိုးတို့ရဲ့ ယုံကြည်ကိုးကွယ်ရာ စေတီတော်ကြီးဖြစ်တဲ့
ရွှေတိဂုံ စေတီတော်ကြီး အောက်မှာ ပင်လယ်ရေ အတက် အကျအ
လိုက် ရေအနိမ့်အမြင့် ဖြစ်ပေါ်စေတဲ့ ၁၀ ပေ ပတ်လည်လောက်ရှိတဲ့ ရေတွင်းနဲ့ အဲဒီ့ရေတွင်းထဲမှာ ၆ပေခွဲလောက်ရှိပြီး ရတနာများ စီခြယ်ထားတဲ့ ရွှေလှေတစ်စီး ရှိတယ်လို့ မျက်မြင် ကိုယ်တွေ့ ကြုံဖူး
ခဲ့တဲ့ မြန်မာနိုင်ငံဖွား အာမေးနီးယား လူမျိုး ဒီအက်စ်အပရမေက ပြောကြားခဲ့တယ်လို့ ရေးသား ဖော်ပြခဲ့ပါသည်။
မစ္စတာ အပရမေကို ကြေးမုံ သတင်းစာက တွေ့ဆုံမေးမြန်းရာမှာ
“၁၉၀၄ ခု၊ သူ့ရဲ့အသက် ၇ နှစ်သား အရွယ်မှာ သူငယ်ချင်းတွေနဲ့
အတူ ရွှေတိဂုံဘုရားကို သွားရောက်ခဲ့တယ်။ ရွှေတိဂုံ ရင်ပြင်တော်
ရဲ့ အရှေ့မြောက်ထောင့်၊ တနင်္ဂနွေထောင့်ရှိ ဌာပနာတိုက်ထဲကို ဆင်းခဲ့တယ်လို့ ဆိုပါတယ်။ ရသေ့ကြီးရဲ့ ခွင့်ပြုချက်အရ ဌာပနာတို
က်ထဲကို ဆင်းသွားတဲ့ လမ်းတစ်လျှောက်လုံးမှာ ယောဂီဝတ်နဲ့ နီဝါရောင်ဝတ် ပုဂ္ဂိုလ် ၇ ဦးကို ၈ ပေ ၉ ပေစီခြားပြီး တွေ့ရတယ်လို့ ဆိုပါတယ်။ ဌာပနာတိုက်ရဲ့ ပတ်ပတ်လည်ကို အုတ်များနဲ့ အခန်း ၃၆
ခန်း တည်ဆောက်ထားတယ်။ အလယ်တိုင် မရှိဘူး။ အလယ် ဗဟိုမှာတော့ ၁၀ ပေပတ်လည်လောက်ရှိတဲ့ ရေတွင်းရှိတယ်။ ရေတွင်း
ဟာ ပင်လယ်ရေ အတက်အကျအလိုက် ရေအနိမ့်အမြင့် ဖြစ်ပေါ်တ
ယ်လို့ ဆိုပါတယ်။ ရေတွင်းထဲမှာ အလျား ၆ ပေခွဲခန့် ရှိပြီး ကျော
က်မျက် ရတနာများနဲ့ စီခြယ်ထားတဲ့ ရွှေကရ၀ိတ်လှေ တစ်စင်းရှိတယ်။ လှေဟာ ဒီရေ အတက်အကျအလိုက် ရေတွင်းထဲမှာ အနိမ့်အမြင့် လှုပ်ရှားနေတယ်။ ကရ၀ိတ် ရွှေလှေပေါ်မှာ ဆံတော်များလို့ ယူဆရတဲ့ ဌာပနာတွေ ကိန်းဝပ်လျက်ရှိတယ်။ ဒါပေမဲ့ ပုဝါလွှမ်းထားလို့ ဆံတော်လို့ အတိအကျ မပြောနိုင်ဘူးလို့ ဆိုပါတယ်။ ဌာပနာတိုက်ရဲ့ ထူးခြားချက်မှာ တစ်ခန်းလုံး ထိန်လင်းနေခြင်း ဖြစ်တယ်။ တစ်ခုတည်းသော အလင်းရောင်ဟာ အချိန်အခါမရွေး ရွှေလှေပေါ်ကို အချိန်မရွေး ထိုးစိုက် ကျရောက်နေတယ်။ ထုထည်ကြီးမားလှတဲ့ စေတီ အဆောက်အအုံကြီး
ကို ပင်မ အလယ်တိုင်မပါ၊ သံယက်မ မရှိဘဲ ကျောက်တုံး ကျောက်ခဲများနဲ့သာ တည်ဆောက်ခဲ့တယ်။ ပင်လယ်ရေ၀င်ပေါက်၊ ထွက်ပေါက်နဲ့ အလင်းရောင် ယူထားပုံက ရှေးဗိသုကာတွေရဲ့ လက်ရာ ဖြစ်တယ်။ ခမ်းနားဆန်းကြယ်တဲ့ ဌာပနာတိုက်ကို ကိုယ်တိုင်တွေ့မြင်ခဲ့ရတာဖြစ်လို့ နှောင်းလူတွေ သုတေသန ပြုနိုင်အောင် ရွှေတိဂုံ ဂေါပကအဖွဲ့ကို မြေပုံဆွဲလို့ တင်ပြခဲ့တယ်။ ရွှေတိဂုံ ဂေါပက အဖွဲ့ကလည်း မစ္စတာ အပရမေကို တွေ့ဆုံမေးမြန်းပြီး ဌာပနာတိုက် တည်နေရာကို လိုက်လံပြသစေတဲ့ အခါမှာ ဌာပနာတိုက် လိုဏ်ဂူဟာ ရွှေတိဂုံရင်ပြင်တော် တနင်္ဂနွေထောင့်ရှိ ဆုတောင်းပြည့် ဘုရားနဲ့ ဆုတောင်းပြည့် တန်ဆောင်းနေရာမှာ ရှိတယ်ဆိုပေမယ့်လည်း နော
က်တိုး တန်ဆောင်းတွေနဲ့ ဘုရားများ ထပ်မံ မွမ်းမံပြင်ဆင်ထားမှြုေ
ကာင့် အတိအကျ ပြသနိုင်ခြင်း မရှိဘဲ ဆုတောင်းပြည့် စေတီရဲ့ လိုဏ်ဂူအောက်မှာသာ ရှိတယ်လို့ ခန့်မှန်း ညွှန်ပြသွားနိုင်တယ်”လို့ ဖြေကြားခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။
အဆိုပါ ဆံတောင်တွင်း ဌာပနာတိုက်သို့ ရောက်ရှိခဲ့သူ မစ္စတာ အပရမေသည် လွစ္စလမ်း (ယခု ဆိပ်ကမ်းသာလမ်း)၊ အမှတ် ၂၅ တွင် ၁၈၉၅ ခုနှစ်က ဖွားမြင်ခဲ့ကြောင်း သိရသည့်အပြင် မိဘများမှာ မစ္စတာ အက်စ်အပရမေနဲ့ မစ္စက်ရိုစ်လူကပ်စ်တို ဖြစ်ကြောင်းနှင့် မြန်မာအမျိုး
သမီး ဒေါ်သိန်းရွှေနဲ့ အိမ်ထောင်ကျပြီး သားသမီး ၅ယောက် ထွန်းကားခဲ့ကာ သားသမီးမြေးများနဲ့အတူ တွေ့ဆုံမေးမြန်းခဲ့စဉ်က ဘောက်ထော်မှာ နေထိုင်တယ်လို့ သတင်းဆောင်းပါးမှာ ဖော်ပြထားရှိခဲ့ပါသည်။ ၄င်းအား တွေ့ဆုံမေးမြန်းချိန်မှာ မစ္စတာ အပရမေဟာ ၇၃ နှစ်ရှိပြီလို့ ဖော်ပြထားကြောင်းလည်း လေ့လာသိရှိရပါသည်။
နောက်ပိုင်း ကာလများတွင် ဆံတော်တွင်း ဌာပနာတိုက် တည်ရှိရာဟု သတ်မှတ်ထားသော ရွှေတိဂုံ ရင်ပြင်တော် တနင်္ဂနွေထောင့်ရှိ ဆုတောင်းပြည့် ဘုရားနဲ့ ဆုတောင်းပြည့် တန်ဆောင်း နေရာအားေ
ဂါပက အဖွဲ့နှင့် တာဝန်ရှိသူများက ပိတ်ထားခဲ့သည်မှာ ယနေ့ထိ တိုင်ပင်ဖြစ်ပါသည်။
ရှေးလူကြီးသူမများ၏ အဆိုအရ မြတ်စွာဘုရား လေးဆူတို့၏ ဓာတ်တော်များ တည်ရှိရာနေရာသို့ သီလမစင်ကြယ်သူများ ဝ
င်ရောက်ခွင့် မရှိကြောင်းနှင့် သီလ စင်ကြယ်မှု မရှိသူများ ၀င်ရော
က်ခဲ့ပါက ဌာပနာတိုက် အတွင်းရှိ ကျောက်မျက် ရတနာများ၊ ရွှေ
များကို တွေ့ရှိပြီး လိုချင်တပ်မက်စိတ်များ ပေါ်ကာ ခိုးယူမိပါက ဘေးအန္တရာယ်များ ကျရောက်နိုင်သည်ဟုလည်း သိရှိရပါသည်။ သို့ဖြစ်ခြင်းကြောင့် သြ၀ါဒ ဆရာတော်ကြီးများနှင့် ဂေါပက အဖွဲ့များ
က ဆံတော်တွင်း ဌာပနာတိုက်အား မည်သူ တစ်ဦးတစ်ယောက်ကိုမျှ ၀င်ရောက်ခွင့် မပြုခဲ့တော့ခြင်း ဖြစ်ကြောင်း သိရသည်။
သို့ပါသော်လည်း ပညာရှင် တချို့ကတော့ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သည့် ရွှေတိဂုံ စေတီတော်မြတ်ကြီးနှင့် သိင်္ဂုတ္တရ ကုန်းတော်ကြီးအား ခေတ်မီနည်းပညာများဖြင့် လေ့လာဆန်းစစ် စောင့်ကြည့်မှုများ လိုအပ်နေပြီဖြစ်ကြောင်း အကြံပြုလာခဲ့ကြသည်။
ထိုသို့ လေ့လာဆန်းစစ်မှုများ ပြုလုပ်မည်ဆိုပါက သိင်္ဂုတ္တရ ကုန်းတော်ကြီးအား တွင်းပေါက်ငယ်များ ဖောက်လျက် ကင်မရာများ တပ်ဆင်ပြီး အောက်ခြေကျောက်လွှာ တည်ရှိနေမှုများ၊ မြေအောက် ရေကြော တည်ရှိမှုနှင့် အတက်အကျများကို စောင့်ကြည့် လေ့လာရန် တင်ပြဆွေးနွေးမှုများ ရှိလာခဲ့ပါသည်။
နိဂုံးချုပ်အားဖြင့် ရွှေတိဂုံ စေတီတော်ကြီး တည်ရာ သိဂုင်္တ္တရ ကုန်းေ
တာ်၏ အောက်ခြေတွင် ရေအောက်မြေကြော တည်ရှိနေကြောင်း အထက်ဖော်ပြပါ အထောက်အထား အချက်အလက်များအရ အတည်ပြုနိုင်သဖြင့် ရွှေတိဂုံ စေတီတော်ကြီး အနီးတွင် မြေအောက်ေ
ရ ထုတ်နုတ်သုံးစွဲမည့် ဆောက်လုပ်ရေး စီမံကိန်းများ တည်ဆောက်မည့်အပေါ် ဆက်လက်ခွင့်ပြုရန် သင့်မသင့်နှင့် အက
ယ်၍ ခွင့်ပြုမည် ဆိုပါကလည်း ရွှေတိဂုံ စေတီတော်ကြီးနှင့် သိဂုင်္တ္တရ ကုန်းတော်ကြီးအား ပြည်တွင်းပြည်ပ ပညာရှင်များမှ လေ့လာဆန်းစစ်မှုများ ပြုလုပ်ခွင့် ပြုပြီးမှသာလျှင် ရရှိသည့်အဖြေ
အပေါ် မူတည်ပြီး ဆုံးဖြတ်သင့်ပါကြောင်း ပြည်သူများမှ ဝေဖန်ပြောဆိုလျက် ရှိကြောင်း တင်ပြလိုက်ရပါသည်။
Tomorrow
အောက်ပါလင့်တွင် ဆက်စပ်မူရင်းသတင်းဆောင်းပါးလင့်မှတ်တမ်း
ဓာတ်ပုံများချိပ်ပေးလိုက်ပါသည်။
http://alinshin.blogspot.com/2014/10/blog-post_85.html
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)
No comments :
Post a Comment