.

AlinShin

Saturday, June 6, 2015

လှေစီးဒုက္ခသည်နှင့် မြေကြီးဒုက္ခသည်များ




ကိုယ်ချင်းစာနာစိတ်ရှိသူများ Share ကြပါ။
လှေစီးဒုက္ခသည်နှင့် မြေကြီးဒုက္ခသည်များ
ကမ္ဘာကြီးသည် ရံခါ၌ မသိကျိုးကျွံပြု၍နေလေရော့သလားဟု
ထင်ရပေသည်။ ပင်လယ်ထဲက လှေစီးဒုက္ခသည်များမှာတော့
ဟန်ကြပန်ကြ ဒုက္ခသည်စခန်းတွင်နေနိုင်ကြသော်လည်း
ပြည်တွင်းမြေကြီးဒုက္ခသည်များမှာတော့ဖြင့် အခုမြင်ရတဲ့အတိုင်း
စိတ်မချမ်းမြေ့ဖွယ်ရာကောင်းလှပါသည်။
မြန်မာတို့သည် မလိုရာသို့ခွကြသည်။ ဘောလုံးပွဲအတွက်တော့
ြ့ဖင့် အော်ကြ ဟစ်ကြ မျိုးချစ်စိတ်ဓာတ်ဟု အကြောင်းပြကာ
ယစ်မူးခဲ့ကြသော်လည်း---------------
အမျိုးကိုပင် ပစ်၍သတ် ၊ အမျိုးကိုပင် ထောင်ထဲထည့်တာမျိုး
ကိုတော့ဖြင့် ထိုထိုသော ဘောဝါသနာရှင်များ သတင်းစာကား
ပါးမီပါစေ-----စ။
သဗ္ဗေ သင်္ခါရာ အနိစ္စတိ ဟု ဒေသနာရှိသော်လည်း ကိုယ်တိုင်
]မြင်ရသည်မှာတော့ စိတ်နွမ်းဖွယ်ရာကောင်းလှပါသည်။
အင်အားကြီးမားကြသော အမေရိကန်အစရှိသည့်နိုင်ငံတို့သည်
မင်းမဲ့စရိုက်ဆန်သော ယင်းအပြုအမူများကို မျက်ကွယ်ပြုနေ
ကြသည်ကား----- အလင်းရှင်အတွက် ရင်နာစရာသတင်းများ
ပင်ဖြစ်သည်ဟု------သံဝေဃအဖြစ် ဆင်ခြင်မိပါတော့သည်။
သတင်းဖြစ်စဉ်မှာ-----------
ကျူးကျော်၁၀၀၀ ခန့်ကို ပြည်ထောင်စုဝန်ကြီးက အင်အားသုံးဖြိုခွဲပြီ
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့ နယ်အပိုင် ဒဂုံနို့ချက်စက်ရုံအနီး
မှာရှိတဲ့ ပျဉ်းမပင်မွေးမြူရေးခြံမှာရှိတဲ့ အိမ်ယာမဲ့ကျူးကျော်နေ
ထိုင်သူတွေကို မွေးမြူရေး၊ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသဖွံ့ ဖြိုးတိုး
တတ်ရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ရဲ့ ညွန့်ကြား
ချက်နဲ့ ဒီကနေ့မနက် ၅ နာရီ၁၅ မိနစ်မှာ ဖြိုခွဲလိုက်ပါပြီ။

စွမ်းအားရှင်လို့ခေါ်တဲ့ ကျေးစားလူမိုက် ၈၀၀ ကျော် ရဲတပ်ဖွဲ့အင်အား
၂၀၀ ကျော်တို့ဟာ ဒီကနေ့မနက်ကပဲ ကျူးကျော်နေထိုင်သူ ၁၀၀၀
ခန့်ကို ဖြိုခွဲလိုက်တာဖြစ်ပါတယ်။အခုလိုဖြိုခွဲဖို့ ပြည်ထောင်စုဝန်ကြီး
ဦးအုန်းမြင့်ကိုယ်တိုင် လာရောက်စီစဉ်ခဲ့တာဖြစ်တယ်လို့ ပြည်ေ
ထောင်စုဝန်ကြီးနဲ့နီးစပ်သူ တွေထံ(အစိုးရအသိုင်းအ၀န်း)မှ
သိရပါတယ်။

ဖြိုခွင်းရာမှာ အမျိုးသမီးတစ်ဦး ဓါးထိုးခံရပြီး ဆေးရုံတင်ထားရပြီး
လူဆယ်ဦး အဖမ်းခံထားရတယ်လို့ ကျူးကျော်နေထိုင်သူတွေက ဆိုပါတယ်။
အောက်ပါလင့်တွင် သတင်းဓာတ်ပုံများရှိနေပါသေးသည်။
စိုင်းဝဏ္ဏ-လူထုပုံရိပ် သတင်းများ
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)








No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget