.

AlinShin

Sunday, June 7, 2015

ဖွတ်ပွဲ ..


ငါ့မှလည်း မင်းတို့လို မျိုးချစ်စိတ်ဓာတ်ပိုလိုတောင်ရှိပါသေးတယ်။
ဘောလုံးပွဲကို အားမပေးတာမဟုတ်ဘူး  ..  ကွ။
အဓိကနဲ့ သာမညကို နားလည်တာ။
ဘောလုံးကွင်းကို ခရိုနီတွေ တပ်ပိုင်တွေလုပ်ထားကြတယ်။
ဘယ်မှာအနာဂါတ်ကလေးငယ်တွေအတွက်ဘောလုံးကွင်း။

အခြေခံလူတမ်းစားတို့ရဲ့  အခြေခံနေ့စားလုပ်အားခကိုတောင်
မသတ်မှတ်နိုင်ဘဲ နွားခိုင်းသလိုခိုင်းနေကြတယ်။
သမ္မတနဲ့ဝန်ကြီးတွေကြတော့ ငါးဆယ်မကယူကြတယ်။

ကဲ  .. .  ကန်ကြစမ်း  . ဘောလုံးပွဲ
ပြည်သူတွေ ထမင်းငတ်တဲ့ပွဲလောက် မင်းတို့ဘောလုံးပွဲက
ရသမြောက်နေလို့လား  . .။

အမျိုးသားရေး ကျန်းမာရေး မြှင့်တင်တယ်လို့ ခေါင်းစဉ်တပ်ဦးမလား။
ပြည်သူတွေ ထမင်းငတ်နေသရွေ့   . .
မင်းတို့အမျိုးသားရေးက ဖွတ် အမျိုးသားကောင်းစားရေးပဲဖြစ်မယ်
ခရိုနီအမျိုးသားကောင်းစားရေးပဲဖြစ်မယ်။
တရုတ်ကြီးအမျိုးသားကောင်းစားရေးပဲဖြစ်မယ်။

ကဲ  .. .  ဟောင်လိုက်ကြစမ်း လော်ဘီခွေးတွေရေ  ..


ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget