.

AlinShin

Sunday, June 14, 2015

တစ်လွှဲဆံပင်ကောင်းများ . . သို့


မင်းတို့က . . .
ဘောလုံးပွဲအတွက်ပျှော်နေချိန်မှာ
ဘောလုံးကွင်းကို ခရိုနီတွေအပိုင်သိမ်းသွားလို့ ပြန်ရရေးဆန္ဒပြ
တဲ့ ကိုကိုကြီးတို့ကို ပုဒ်မ 18 နဲ့တရားဆွဲထားတယ်။
ကဲ  . ..မင်းတို့ဘာပြောချင်သေးသလဲ  . ..
မင်းတို့ပျှော်နေတယ်ဆိုတဲ့ အပျှော်ဟာ အတုကြီးဆိုတာသိလား/
မင်းတို့ကို စစ်ခွေးကြံ့ဖွတ်က အညာနွားကိုမျက်မှန်စိမ်းတပ်ပြီး
မြက်ခြောက်ကျွေးနေတယ်ဆိုတာ  .. ကိုရောမင်းတို့သိလား။
ဘယ်သိမှာလည်း  . . မင်းတို့ကိုသင်ကြားပေးထားတဲ့စာတွေက
စစ်ကျွန်စနစ်အောက်က စာတွေကိုး  ..
လင့် (၁)
https://www.facebook.com/aung.khoung/photos/a.345003238985166.1073741825.345003208985169/487460208072801/?type=1
လင့် (၂)
https://www.facebook.com/aung.khoung/photos/a.345003238985166.1073741825.345003208985169/481744451977710/?type=1
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)
သတင်းဖြစ်စဉ် . . .
ပြည်သူပိုင်မြေ အားကစားကွင်းကိုအလွဲသုံးစားလုပ်
ကိုယ်ကျိုးရှာတဲ့ကြံ့ဖွတ်အစိုးရကို ဆန္ဒပြကန့်ကွက်တဲ့
ဦးကိုကိုကြီးအား ပုဒ်မ ၁၉ ဖြင့် တရားစွဲရန် ဆင့်ခေါ်

တောင်ဥက္ကလာပမြို့ နယ် ရှိ သိမ်းဆည်းခံကစားကွင်း ပြန်လည်ရ
ရှိရေး ဆန္ဒပြတောင်းဆို ခဲ့သောကြောင့် ပုဒ်မ ၁၉ ဖြင့် မှုဖွင့်ခံထား
ရသော ၈၈ ငြိမ်း/ပွင့်မှ ဦးကိုကိုကြီးအပါအဝင် ငါးဦးအား မနက်ဖြန်
(ဇွန် ၁၅)တွင် တရားဆွဲဆိုရန်အတွက် မြို့နယ်ရဲစခန်းက
ဆင့်ခေါ်လိုက်သည်။

“ဦးကိုကိုကြီးအပါအဝင် ငါးဦးပေါ့ ၊သူတို့ကို တရားစွဲဆိုဖို့ ဆင့်ခေါ်
ထားတယ်၊လူစုံရင်တော့ တရားရုံးတင်မှာပါ၊ လူမစုံရင်တော့ စောင့်
ရမှာပေါ့ ၊ မနက်ဖန် ၁၁နာရီလောက်ကို ဆင့်ခေါ်ထားပါတယ်" ဟု
တောင်ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲ့စခန်းမှုးရဲမှုးမျိုးအောင်က ပြောသည်။

တောင်ဥက္ကလာပမြို့နယ် (၉) ရပ်ကွက်ရှိ ကစားကွင်းကို ပြည်ခိုင်ဖြိုးပါတီ
ကသိမ်းယူပြီးနောက် ကွန်ဒိုတိုက်ခန်း ဆောက်လုပ်ခြင်းကို ၂၀၁၄ ဒီဇ
င်ဘာ ၂၁ ရက်က ဒေသခံများနှင့်အတူ ဦးကိုကိုကြီးတို့က ပူးပေါင်းပါဝင်
ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။
အဆိုပါအမှုကို တရားရုံးသို့ စွဲတင်မည်ဆိုပါက အာမခံယူမည်မ
ဟုတ်ဟု ဦးကိုကိုကြီးက မီဒီယာများအားပြောကြားထားသည်။
(7 Day News)

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget