.

AlinShin

Sunday, June 14, 2015

ဒုန်း . . ဒုန်း . . ဒုန်း



ဒုန်း ဒုန်း ဒုန်း  . .
မင်းတို့ပဲ ပျှော်ကြပါ  . . ဘောလုံးပွဲနိုင်လို့။
တစ်ခုတော့ပြောလိုက်မယ်  ..
ပြည်သူပိုင်အားကစားကွင်းကို ကြံ့ဖွတ်ကသိမ်းလိုက်လို့
ဆန္ဒပြတဲ့ ကိုကိုကြီးကို အစိုးရစစ်ခွေးကြံ့ဖွတ်က ပုဒ်မ18
နဲ့အရေးယူနေတယ်ဆိုတာကိုတော့ မင်းတို့တွေ သိပါစေ  ..
မသိရင်လည်း အခုသိအောင်ပြောလိုက်ပါတယ်။


ဒုန်းဒုန်း ဒုန်း . . .
မင်းတို့ပဲအမျိုးချစ်ကြပါ  . . ဘောလုံးပွဲနိုင်ဖို့။
တစ်ခုတော့ပြောလိုက်မယ်  . .
ဘောလုံးကွင်းမှာ ဘောလုံးကန်ခွင့်ရအောင်မင်းတို့တောင်း]
ဆိုခဲ့ဖူးပါသလား  ..  ?
မတောင်းဆိုဘူးရင် အရေးယူခံနေရတဲ့ ကိုကိုကြီးကို ဝန်းရံပေးကြပါ။

ဒုန်း ဒုန်း ဒုန်း  . .
မင်းတို့တွေ တကယ်မျိုးချစ်တယ်ဆိုရင်  .. . .
ဒုန်းဒုန်းဒုန်း  . .
မင်းတို့တွေ မြန်မာနိုင်ငံကိုကမ္ဘာ့အလယ်ဝင့်ထည်ချင်တယ်ဆိုရင်  ..

တပ်ပိုင်/ ရိုနီပိုင်/ကြံ့ဖွတ်ပိုင်  .. . ဖြစ်နေတဲ့
ဘောလုံးကွင်းတွေကို  . ..
လူငယ်တွေ အားရင်ကစားရသော မူလဘူတ အားကစားကွင်းအဖြစ်
ဦးကိုကိုကြီးလို တောင်းဆိုကြပါ  . .. ။
ဦးကိုကိုကြီးလို သတ္တိမရှိလို့ ဆန္ဒမပြရဲရင်လည်း . .
ဦးကိုကိုကြီးကို ဝန်းရံကာကွယ်ပေးကြဖို့ တိုက်တွန်းပါတယ်။

ကဲ  ..  . ငါပြောတဲ့စကားသည်
သဘာဝယုတ္တိ ၊ အာဂမယုတ္တိ ၊ ဒေသနာယုတ္တိဆိုတဲ့
ယုတ္တိတန်သောစကား . . ..
ဟုတ် / မဟုတ် ။ မှန် /မမှန်။
ကိုကိုကြီးအစရှိတဲ့ ဆန္ဒပြနေသူတွေအပေါ် စေတနာ  . .
ထား၏/မထား၏  . ..
မင်းတို့ကိုယ်ပိုင်ဉာဏ်နဲ့သာ စဉ်းစားကြည့်ပေတော့  . .

ဘောလုံးကွင်းကို ပြည်သူပိုင်အဖြစ် ဆန္ဒပြတောင်းဆိုသော
ဦးကိုကိုကြီး အမြန်ဆုံး ပုဒ်မ18 ဘေးရန်မှကင်းလွတ်ပါစေ
ဟု   . . စစ်မှန်သောစာနာစိတ်ဖြင့် ဆုတောင်းလိုက်ပါသည်။
မူလလင့် (၁)
https://www.facebook.com/aung.khoung/photos/a.345003238985166.1073741825.345003208985169/487460208072801/?type=1
မူလလင့်(၂)
https://www.facebook.com/aung.khoung/photos/a.345003238985166.1073741825.345003208985169/481744451977710/?type=1
မူလလင့်(၃)
https://www.facebook.com/aung.khoung/photos/a.345003238985166.1073741825.345003208985169/487460864739402/?type=1
ဘလော့လင့်
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget