Saturday, June 13, 2015
ရွှေတိဂုံပျောက်ရင် အမျိုးပါပျောက်လိမ့်မည်
ရွှေတိဂုံဘုရား ပြိုမှာကိုတော့ မစိုးရိမ်ကြဘဲ မြန်မာဗုဒ္ဓဘာသာ
လူမျိုးဗုဒ္ဓဘာသာတို့သည် မလိုရာခွ နေကြသည်။
ရွှေတိဂုံဘုရားအရေးတော်ပုံမှာ အခုလူအုပ်ကြီးဟာအလွန်မတန်
အသုံးဝင်ပါတယ်။
အခုလိုစုစည်းညီညာစွာနဲ့ ရွှေတိဂုံအရေးတော်ပုံကိုညီညာစွာချီ
တက်ကြမယ်ဆိုရင် .. ဗုဒ္ဓဒါနံ ဇီဝိတဿ ဘုရားအသက်တော်ကို
ကာကွယ်ရရောက်တာမို့ တကယ့်ဇီဝိတကုသိုလ်ပါပဲ။
ဗုဒ္ဓသာသနံ စီရံ တိဋ္ဌတု ကုသိုလပါပဲ။
သို့သော်လည်းပဲ မြန်မာဗုဒ္ဓဘာသာဝင်တို့သည် ယင်းသို့သော
မဟာကုသိုလ်စေတသိတ်များကို မျက်ကွယ်ပြုကာ ..
အဓိပ္ပါယ်နိဿယကင်းမဲ့လှသော . .အမျိုးသားရေးအမည်ခံ
ဘောလုံးပွဲများမှာ မိန်းမောနေကြသည် ။ သို့ပါရင်
အမျိုးဘာသာသာသနာ ဒါ့ကြောင့်ပျောက်မှာသေချာပြီ
ဘောလုံးပွဲအရေးလောက် ရွှေတိဂုံဘုရားအရေးကမကြီးတော့ပေ။
လူငယ်တွေ လမ်းမှားရောက်နေသည်မှာ သက်သေပင်ဖြစ်သည်။
လူကြီးတွေကတော့ မှားပြီးရင်းမှားနေကြသည်။
ဘောလုံးပွဲဆိုတာ တခဏတာပျှော်ရွှင်မှုသက်သက်ပါ
ဘောလုံးပွဲထက် ထမင်းပွဲကပို၍ အရေးပါသည်ကိုသတိမမူနိုင်ကြ။
အခုလိုရေးသားပြောဆိုဆုံးမအသိပေးသူကိုပင် . . (သူတို့လောက်
အသိတရားမရှိ၊နိုင်ငံနှင့်လူမျိုးဂုဏ်ကိုနားမလည်ဟု) သမုတ်
ကြပါသေးသည်။
အမျိုးဘာသာတရားသည် ဘဝသံသရာအတွက်ဖြစ်သည်။
အဓိကနဲ့သာမညကို မြန်မာဗုဒ္ဓဘာသာဝင်တို့နားမလည်ကြပေ။
ရွှေတိဂုံပုံရိပ်သည် ဗုဒ္ဓဘာသာဝင်မြန်မာတို့အတွက်အဓိက
အရေးပါသည်ကို မေ့လျှော့ကာ ကိုယ်နှင့်မဆိုင်သလိုနေကြသည်
ဗုံမဟုတ်တာကို ပတ်လုပ်၍ တီးနေကြသည်မှာ ယိုသူမရှက်မြင်သူ
ရှက်ရပေသည်။
လက်ရှိမြန်မာနိုင်သည် ကုန်ဈေးနှုန်းမြင့်တက်မှု ငတ်မွတ်မှု ရေပြဿ
နာ၊မီးပြဿနာ၊ မြေပြဿနာ၊ မြစ်ပြဿနာ လယ်ပြဿနာ
စသော ပြဿနာပေါင်းသောင်းခြောက်ထောင်ကျော်တို့ရင်ဆိုင်ကာ
ပြသည်သူအများစုမှ များစွာအတိဒုက္ခရောက်နေကြသည်။
သို့သော်လည်း ။ အသိပညာပေးမှုအားနည်းပါးသောကြောင့်
ယနေ့လူငယ်များသည် (မလိုရခွ)နေကြသည်။
အဓိကသည်ဘာလည်း ၊ ဆိုတာကိုမေ့လျှော့ကာ ပေါ်ပင်လိုက်
ပြီး နာမည်ယူနေသည်ကိုတွေ့ရသည်။
မင်းတို့ဘက်ကဒီလိုခုခံကာကွယ်ပြောဆိုကြမှာပေါ့ ..
ဘောလုံးပွဲနဲ့ ရွှေတိဂုံဘုရား ဘာဆိုင်လို့လည်း ..
ဟုတ်ပါတယ် . . မဆိုင်ပါဘူး . ..
ဒီလိုပါပဲ ဘောလုံးပွဲနဲ့ လက်ပံတောင်းတောင်ဒေသခံတွေရဲ့ဘဝ
ကရော ဆိုင်သလား .. . မဆိုင်ပါဘူး . . ။
သို့သော် . . ဒါတွေဟာ ပြည်တွင်းမှာဖြစ်ပျက်နေသောအနိဋ္ဌာရုံ
တွေဆိုတာကိုတော့ မင်းတို့ သိပါသလား . .. မသိပါဘူး ။
အဲလို မဆိုင်တာနဲ့ မသိတာနဲ့ အဓိကနဲ့ သာမညနဲ့ကို
ယှဉ်တွဲသုံးသပ်မဆုံးဖြတ်နိုင်တာတွေဟာ အသိတရားဉာဏ်အလွှာ
ပါးလွှာခြင်းသက်သက်ပဲလို့ .. ငါ ရှု့မြင်သုံးသပ်တင်ပြလိုက်
ရပါသတည်း . .. ။
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment