ပိဋကတ်ခေါ် ဗုဒ္ဓမြတ်စွာ ဝါစကာတော်များသည်ကား လွဲသည်မှား
သည်ဟုမဆိုလို။ အလွဲတွေအမှားတွေကို များစွာပြုကျင့်ကြကုန်သော
ပုထုဇဉ်တို့၏အလွဲအမှားတွေကို သံဝေဃဆင်ခြင်မိစေရန်ရေးလိုက်ရ
ခြင်းဖြစ်ပါတယ်။
အခုလည်းကြည့်လေ . . . .
ပွင့်တော်မူပြီးသောဘုရား (၇)ဆူမှာ ပိဋကတ်သုံးပုံကိုအာဂုံဆောင်နိုင်
ခဲ့တဲ့ ရဟန်းတော် ̏ အရှင်ပေါဠိလ˝ . . . . ။
ဒါအပြင် ̏ တီဏိ ပိဋကာနိ၊˝ ဆိုတဲ့ ပိဋကတ်သုံးပုံကို ၊ ̏ အဋ္ဌာရသမဟာ-
ဂဏေ˝ တစ်ဆယ့်ရှစ်ရပ်သောဂိုဏ်းကြီးတွေကို စာချသင်စာချပေးလာ
သော ရဟန်းတော် ̏ ပေါဠိလ˝ . . ။
မျက်မှောက်လူသားတွေအမြင်ကတော့ . . .
ပိဋကတ်သုံးပုံကို အာဂုံဆေင်နိုင်သည်ဟုဆိုရုံဖြင့် မမြင်ဘူး မကြားဘူး
သော်လည်း ကြည်ညိုကြတက်ကြပေသည်။ ထို့အပြင် ̏ သုတဗုဒ္ဓ˝
ဟူ၍လည်းပဲ ထောမနာစု သြဘာပြုကြပါလိမ်မည်။ ဤသည်ကား ပုထု
ဇဉ်တို့၏ ကန်းယုံရမ်းယုံတက်သော သဒ္ဓါတရားပင်ဖြစ်သည်။
ဗုဒ္ဓမြတ်စွာသည်ကားလို့ဆိုရင် ၊ ထိုရဟန်းတော် ̏ အရှင်ပေါဠိလ˝ ကို
မြင်သည်နှင့် .. . ̏ ဧဟိ တုစ္ဆ ပေါဠိလ ˝ အချည်းအနှည်းပေါဠိလ
လာလော့ ။ ဟုခေါ်လေ့ရှိသည်။
ကြည့်စမ်းပါဦး . .. ရှု့စမ်းပါဦး .. .
ပိဋကတ်သုံးပုံကို ကမ်းကုန်အောင်တက်ကျွမ်းသော ပေါဠိလရဟန်း
တော်ကို ၊ နောက်တစ်ခုက အခုမျက်မှောက်ခေတ် ဂေါတမမြတ်စွာ
ဘုရားလက်ထက်အခါမှသာ ပိဋကတ်သုံးပုံကို အရှင်ပေါဠိလသည်
အာဂုံဆောင်နိုင်သည်မဟုတ်သေး ဟိုး .. မဆွသော ဘုရား (၇)ဆူ
လက်ထက်ကပင် ယင်းပိဋကတ်သုံးပုံကို အာဂုံဆောင်ခဲ့သူပါ။ ဒါကို
ဂေါတမမြတ်ဗုဒ္ဓက ̏ တုစ္ဆ ပေါဠိလ၊အချည်းအနှီးပေါဠိလ˝ လို့ခေါ်ခဲ့
ပါတယ်။ ဒီလိုတင်မကသေးပါဘူး။
̏ နိသီဒ တုစ္ဆ ပေါဠိလ ˝ အချည်းအနှီးပေါဠိလ ဒီမှာနေလော့။
̏ ယာဟိ တုစ္ဆ ပေါဠိလ˝ အချည်းအနှီး ပေါဠိလ သွားလော့။
ရာပေါင်းများစွာသော ရဟန်းသံဃာတော်တွေရဲ့ရှေ့မှာ အရှင်ပေါဠိလ
ကို ဗုဒ္ဓမြတ်စွာသည် အခုလိုပြောဆိုဆက်ခဲ့ပါတယ်။
ဒါနဲ့ အရှင်ပေါဠိလက ဗုဒ္ဓရှေ့မှောက်ကနေ ရိုသေစွာထွက်ခွာသွား
ပြန်တော့လည်း . . . .
̏ ဂတော ဟိ တုစ္ဆ ပေါဠိလ˝ အချည်းအနှီးဖြစ်သော ပေါဠိလရဟန်း
သည် သွားလေပြီ . .။
ဟု နောက်ကနေ အရှင်ပေါဠိလရဟန်တော်ကြားလုအောင်ပြောလိုက်
ပါသေးတယ် . .။
အို . . စာရှု့သူ မိတ်ဆွေ . . ̏ ပိဋကတ်ထဲက အလွဲများ˝ ဆိုသောခေါင်း
စဉ်ဟာ ဒီလိုရည်ရော်၍ ပေးမိတာပါ။
ပုထုဇဉ်တို့အထင်ကြီးကြသော ပိဋကတ်မုံသောက်သည် ရံခါ၌ ̏ တုစ္ဆ˝
အချည်းအနှီးအလကားကောင်ဖြစ်ခဲ့သည်မဟုတ်ပါလော့။ ဗုဒ္ဓမြတ်စွာ၏
ကြီးမြတ်သော ဉာဏ်တော်ကို ပုထုဇဉ်လူအန္ဓတို့လိုက်မီတော့ပေ။
စာတက်လို့ သဒ္ဒါချပ်ရင်ပဲ ပုထုဇဉ်တို့ ထိုအရှင်/ထိုပုဂ္ဂိုလ်ကိုအထင်ကြီး
လေးစားကြသည်။ ပဏ္ဍိတ်ကြီးဟု ကင်ပွန်းတပ်ကြသည်။ သုတဗုဒ္ဓဟု
ရည်စူးကြသည်။
သို့သော် ..
သဗ္ဗညုတရှင်တော်မြတ်ဗုဒ္ဓသည်ကား . .. ̏ တုစ္ဆ ˝ ရေရွတ်တော်မူခဲ့
သည်။ အချည်းအနှီးအလဟသတ်ကောင်ဟု ပြောဆိုတော်မူခဲ့သည်။
လွဲခဲ့ကြပြီ . ..
ကျွန်ုပ်တို့ပုထုဇဉ်တွေကပဲ လွဲသလား ?
သဗ္ဗညုတဉာဏ်တော်ရှင် ဗုဒ္ဓမြတ်စွာကပဲ လွဲသလား ?
သေချာတာကတော့ . ..
ကျွန်ုပ်တို့ပုထုဇဉ်လူ့အန္ဓများကသာ လွဲမှာပေါ့ . .မှားမှာပေါ့ . .။
ထို့ကြောင့် ဗုဒ္ဓဘာသာဝင်သူတော်စဉ်တို့သည် ပိဋကက်ကိုများစွာ
လေ့လာမိပါက မိမိတို့ ပုထုဇဉ်တို့၏ အလွဲများ အမှားများကို သိမြင်
ကြပါလိမ့်မည်။
ဗုဒ္ဓမြတ်စွာသည် သညာကို ဦးစားမပေး ပညာကိုသာဦးစားပေးသည်ဟု
မဆိုလိုပါ။ မိမိတို့ သင်ကြားသရဇ္ဈာယ်ပြီးသော ပိဋကတ်တို့ကို ညာအဖြစ်
အများကို ဝေငှသည့်အပြင် ပညာအဖြစ် မိမိကိုယ်တိုင်ထိုးထွင်းသိမြင်နိုင်
ရန် ကျင့်ကြံဖို့လည်းလိုအပ်သည်။ ဤသည်ကား ဗုဒ္ဓရှင်တော်မြတ်၏အ
လိုဆန္ဒတော်ပင်ဖြစ်သည်။
ဗုဒ္ဓသည် လူသားကောင်းစားရေး လူ့ဘောင်ကောင်းစားရေး တနည်းအား
ဖြင့် သတ္တလောကကြီးကောင်းစားရေးကို အားပေးတော်မူသော်လည်း
ယင်းပုဂ္ဂိုလ်သည် မိမိကိုယ်တော်တိုင်လည်း လောကမှထွက်မြောက်
ကြောင်း ဝိပဿနာအကျင့်ကို ကျင့်ကြံရမည်ဟု တိုက်တွန်းတော်မူသည်
သို့မဟုတ်လျှင် . . ဘုရား(၇)ဆူစလုံးတွင် ပိဋကတ်သုံးပုံကို အာဂုံ
ဆောင်နိုင်သူဖြစ်ပါသော်လည်း ̏ တုစ္ဆ˝ အချည်းအနှီးအလဟသတ်ကောင်
ဟု ဆုံးမပဲ့ပြင်တော်မူခဲ့ပါသည်။
သို့ဖြစ်ပါ၍ ပိဋကတ်ကိုလေ့လာလျှင် . . .
သင်အံကျက်မှတ် ပို့ချဆောင်ထားအပ်သော ̏ သညာ˝ နှင့် ယင်းကိုကျင့်
ကြံပွားများထိုးထွင်းသိမြင်သော ̏ ပညာ˝ ကိုပါတစ်ပူးတစ်တွဲတည်းဆေင်
ထားရန် တိုက်တွန်းတော်မူသည်ကို လေ့လာမိပါသည်။
Reference
ခုဒ္ဒကနိကာယ်၊ဓမ္မပဒပါဠိတော်၊
20-မဂ္ဂဝဂ္ဂ၊ 7 -ပေါဠိလတ္ထေရ ဝတ္ထု
ဓမ္မပဒအဋ္ဌကထာနိဿယ၊ စတုတ္ထတွဲ၊နှာ 54
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)
No comments :
Post a Comment