.

AlinShin

Thursday, May 28, 2015

အာဏာရူးနှင့်ခရိုနီတို့ အတုယူဖွယ်ရာသတင်းစကား



မန်းမြို့တော်ပေါက်စီလုပ်ငန်းပိုင်ရှင်၏ သား ဖြစ်သူအသက် ၁၇ နှစ်
အရွယ်လူငယ်တစ်ဦးက ၎င်းရရှိမည့်အမွေများထဲမှ ငွေကျပ်သိန်းပေါင်း
 ၉၅ဝဝ ကို ပြင်ဦးလွင်ရှိဖားအောက်တောရသို့ လှူဒါန်းလိုက်ကြောင်း
သတင်းကိုဖတ်ရ၍  . . .အခုလိုစဉ်းစားမိပါသည်။
စစ်အာဏာရှုးဗိုလ်ချုပ်ကြီးများ  . .. .
လက်ပါးစေ  . . ခရိုနီအုပ်စုကြီးများ  . ..
အခုကဲ့သို့ လူမမည်ကလေးတစ်ယောက်၏ အသိတရားမျိုး တစ်မူးတစ်
ပဲလောက်ရှိလျှင် မြန်မာနိုင်ငံတွင် သန်းပေါင်းများစွာသောလူထုတို့
ထမင်းမငတ်၊ နေရာစရာဘုံမပျောက်သလို လုပ်စားစရာလယ်မြေများ
လည်း တပ်ပိုင်၊တရုတ်ပိုင်၊ခရိုနီပိုင်မဖြစ်တော့ပေ။
အခုလည်း သတင်းတွေက ကြားနေရတာ စိတ်ဆင်းရဲစရာပါ။
ရန်ကုန်ရွှေတိဂုံဘုရား အနီး ဒဂုံစီးတီးရဲ့ အဓိကရလက်သည်တရားခံ
က (ဖိုးလပြည့်) လို့သတင်းကြားရပါတယ်။
ရွှေတိဂုံဘုရားလည်းချမ်းသာမပေးကြတော့သော စစ်ခွေးများနဲ့ခရိုနီ
အုပ်စုကြီးရဲ့ လုပ်ရပ်တွေဟာ ရွှံစရာကောင်းလှပါပြီ။
ပြည်သူတွေရဲ့အော့ နှလုံးနာစရာတွေ အသည်းနာစရာတွေကို
ထပ်မံမပြုလုပ်သင့်တော့ဘူးလို့ထင်ပါတယ်။
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget