Monday, May 25, 2015
ကားကိုဝင်တိုက်တဲ့ ဓာတ်တိုင်
ထိုထိုသော ဥပဒေသများ
ကျွန်တော် ကဗျာရွတ်ပြမယ် . .
ခင်ဗျားတို့ နားထောင်ကြည့် . ။
ကားက . . ဓာတ်တိုင်ကိုတိုက်ရင် . .
ကားသမားကိုပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှုနဲ့
ထောင် 6 နှစ်အထိချလို့ရတယ်။
ဓာတ်တိုင်က . . .ကားကိုတိုက်တော့ . .
သဘာဝဘေးအန္တရာယ်တဲ့ . . ခင်ဗျား။
အောက်ပါလင့်တွင်မူရင်းသတင်းဓာတ်ပုံများတင်ထားပါသည်။
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)
နေရာ။ ။ ဗိုလ်ချုပ်လမ်း၊(ဗဟိုစည်ဆေးရုံရှေ့)
လမ်းမတော်မြို့နယ်၊ရန်ကုန်မြို့
အချိန်။ ။ နံနက် (၁၂း၀၀)
နေ့ရက်။ ။ ၂၃.၅.၂၀၁၅ ( စနေနေ့)
ဖြစ်ပွားပုံအကျဉ်းချုပ်။ ။ စည်ပင်က ပလက်ဖောင်းတွေကို ပြင်လိုက်၊
ဖျက်လိုက်၊ပြန်ဖျက်လိုက်၊ အသစ်ပြန်လုပ်လိုက် အကြိမ်ပေါင်းများစွာ
လုပ်သဖြင့်မြေကြီးကို အကြိမ်ပေါင်းများစွာ တူးရ၏၊ ထိုနေရာတွင်
ရှိသောအပင်တို့၏အမြစ်များသည် မြေကြီးထဲသို့ တစ်တောင်သာသာ
ခန့်သာဝင်နေရ၏
ခဏခဏ တူးသဖြင့်မြေကြီးမှာ မူလထက်များစွာ နိမ့်သွားခဲ့၏။
(သစ်ပင်ကြီးများ ယခုမိုးတွင်းတွင် အမြစ်မှကျွတ်ထွက်ရန် များစွာ
ရှိနေပြီဖြစ်၏ ။)
နံနက်က မိုးတော်တော်ရွာလိုက်သောအခါ သစ်ပင်သည် အမြစ်မှကျွတ်
၍ လဲတော့သည်။
သစ်ပင် လဲသောအခါ ဓါတ်ကြိုးပေါ်ကျ၏၊ ထိုအခါ ဓါတ်တိုင်ကြီးပါ
ထပ်လဲတော့၏ ။
ဓါတ်တိုင်အောက်တွင်ရပ်ထားသော ကားပေါ်သို့ကျပြန်၏။
ဓါတ်တိုင်ကြီး ထက်ပိုင်းကြိုးတော့မှ အထဲမှာထည့်ထားသော
သံချောင်းသည် ခဲတံလုံး လောက်တောင်မရှိသည်ကိုမျက်ဝါးထင်ထင်ေ
တွ့လိုက်ရတော့သည်။
ခေါက်ထီး လက်ကိုင်ရိုးလောက်တောက်မရှိသော သံချောင်းတို့ဖြင့်
ဓါတ်တိုင်လုပ်ထားသော ဥာဏ်ကြီးရှင်များကိုအံ့သြမိပါတော့သည်။
အခင်းဖြစ်ပွားရာသို့ရောက်ရှိလာသော EPC မှ အရာရှိ ( သူတို့အခေါ်
ဗိုလ်ကြီး )
ဆိုသူအား ထိုဓါတ်တိုင်ထဲမှ ခဲတံလုံးလောက်မရှိသော သံချောင်းကို
အတင်းလက်ဆွဲ ခေါ်ပြတော့ “ လူကြီးတွေ လုပ်တာပါ” ….တဲ့.
.( ဟုတ်မှာပေါ့ )ကျွန်တော်တို့က သူတို့ပေးတာယူရတာတဲ့ ၊
ခက်တာက..သူကိုယ်တိုင်ကလည်း ဓါတ်တိုင်ထဲက သံချောင်းကိစ္စကို
လက်မခံချင်၊ပြောတာကို မကြိုက် ။ တင်ပြပေးဖို့ဆိုတာတော့ ဝေးပေါ့ ။
( အဲဒီဓါတ်တိုင်တွေ သူလုပ်တာလားတော့ မသိ)
ဓါတ်တိုင်ပိသွားသော Taxi သမားမှာလည်း ကယ်မည့်သူမရှိ၊
ဘယ်သူကမှ တာဝန်မယူ၊စည်ပင်ကလည်းသူနဲ့ မဆိုင်တဲ့ ၊
ရဲကလည်း သူမသိတဲ့၊EPC ကလည်း တာဝန်မယူနိုင်ဘူး၊
ဒီကြားထဲ“သဘာဝဘေးအန္တရာယ် “ လို့ ကြောင်တောင်တောင်တြွေေ
ပာတဲ့ အုပ်ချုပ်ရေးမှုးကပြော၊” ကားရပ်ရင် ဓါတ်တိုင်ဘေး၊ သစ်ပင်ေ
ဘးတွေမရပ်နဲ့..
အချိန်မရွေးပြိုကျ၊ လဲကျ နိုင်တယ် “ တဲ့….မှတ်သားစရာပါလား ။
နောက်ဆုံးတော့ Taxi သမားခမျာတင်ပြပေးပါ့မယ် ဆိုတဲ့ စကားနဲ့ပဲ
ကျေနပ်ခဲ့ရပါတယ်….။
တစ်ခုတွေးကြည့်မိတယ်…..
အကယ်၍များ ဓါတ်တိုင်က အဲဒီ ကားပေါ်ကျတာမဟုတ်ဘဲ
ကားသမားက ဓါတ်တိုင်ကို ၀င်တိုက်မိရင်တော့ ….ခုလောက်ဆိုရင်
အဲဒီ ကားသမားကို စည်ပင်၊ ယာဉ်ထိန်း၊EPC ၊ မြို့နယ် အုပ်ချုပ်ရေး…
အဲဒါတွေက၀ိုင်းအမှုဖွင့်လို့ အဲဒီကားသမား အချုပ်ထဲရောက်တာကြာ
လှပေါ့…..
( သူတို့တွေအတွက် အရေးအကြီးဆုံးက အခင်းဖြစ်ပွားရာနေရာကို
အမြန်ဆုံးရှင်း ဖို့နဲ့ အဘ တွေဆီကို သူ့ထက်ငါ သတင်းပို့ဖို့ပါပဲ )
ဘာကြောင့်ဒီလိုဖြစ်ရတယ်….ဘယ်လိုအားနည်းချက်တွေရှိတယ်၊
နောက်မဖြစ်အောင် ဘယ်လိုကာကွယ်ရမယ်၊ ဘယ်ဟာတွေကို
ပြင်ရမယ် ဆိုတာတွေက အဘတွေ ဆီကို သတင်းပို့တာလောက်
သူတို့အတွက် အရေးမကြီး ကြကြောင်း ကျွန်တော် မျက်ဝါးထင်ထင်
တွေ့မြင်လိုက်ရပါတော့သည် ။
Credit>>>Soe Moe Aye
Labels:
ရင်ဘတ်ကြွေရာမြေ
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment