Monday, May 25, 2015
ခေတ်မီစွာသေတက်ကြသော တောင်သူဦးကြီးများ
မင်းတို့ မြန်မာပြည် သိပ့်ခေတ်မီနေပြီ ..
ပြည်သူဟာ ..
ထမင်းတစ်နပ်လျှော့စားတက်တယ်
ပါးရိုက်ခံတက်တယ်
ဗိုက်လှန်ပြရင်ကြောက်
တရုတ်ကြီးကိုကြောက်တက်တဲ့ ဝန်မင်း
နောက်ဆုံးတော့ ..
ရိုးသားသော တောင်သူဦးကြီးများက ကိုယ့်ကိုယ်ကို
အဆုံးစီရင်ပြီး သေသွားကြရတယ် . .
သြော် . .
မြန်မာပြည် အရမ်းကိုခေတ်မီနေပြီ ကိုး .. ။
မှတ်ချက်။ ။ မူရင်းသတင်းဓာတ်ပုံစာသားများကိုကိုးကားသည်
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)
မြန်မာနိုင်ငံတွင် ပထမဦးဆုံး မိမိကိုယ်ကို မီးရှို.ဆန္ဒထုတ်ဖော်ခဲ့သော
လယ်သမားကြီးဦးမြင့်အောင်ရဲ.နောက်ဆုံးခရီး ။
=============================
ရှမ်းပြည်နယ် တောင်ကြီးမြို့ ရေပူကျေးရွာမှာ အစိုးရ တပ်မတော် အရှေ့
ပိုင်းတိုင်းစစ်ဌာနချုပ်က သိမ်းထား တဲ့လယ်ယာမြေတွေ ပြန်ပေးဖို့၊
လယ်သိမ်းခံပြည်သူများ၏ ဘ၀ကို မီးမောင်းထိုးပြသည့်အနေဖြင့် မေလ
၂၁ရက်က မိမိကိုယ် မိမိ ဓါတ်ဆီလောင်းမီးရှို့ ဆန္ဒထုတ်ဖော်ခဲ့သည်
ရှမ်းပြည်ကလယ်သမားကြီးဦးမြင့်အောင် (၆၃) နှစ် မေလ ၂၂
ရက်နေ့ နေ့လည် ၁ နာရီတွင် စပ်စံထွန်းဆေးရုံကြီးတွင် ကွယ်လွန်
ခဲ့ရာ ယနေ.တွင် ရေပူရွာတွင် နောက်ဆုံးခရီးဈာပန မီးသဂြိုလ်ခဲ့စဉ်။
သတင်းဓါတ်ပုံ- Mg Tharmyar.
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment