လူပြောသူပြောများတဲ့ ပါဠိစကားလေးပါ။ သို့သော် ထိုအက္ခာရဲ့ပုဒ်ရင်းကိုမူ
ထိုးထိုးဝင်ဝင်သိကြဖို့လို့ပါတယ်။ ဓမ္မဒါန အဖြစ်ကျိုးစားကာ ရေးသားလိုက်ရ
ပြန်ပါသည်။
လူပီသချင်သူအတွက် စာပေဗဟုသုတကို အားရင်အားသလိုနေ့တိုင်းရှာကြ
ဖွေကြသည်။ မိမိရှာဖွေမှတ်သားမိသမျှကို အခြားသူငှာတို့အား ဝေငှချင်ပြန်
သည်။
ဤသည်ကား အလင်းရှင်၏ အတ္တပင်ဖြစ်ပါသည်။ မိမိသိဖို့နှင့်ယင်းအသိကို
ဝေငှဖို့အား အမေမွေးကတည်းက ပါလာသောယင်းစိတ်ကိုအခုလိုအကောင်
အထည်ဖေါ်လိုက်မိပြန်ပါတော့သည် . . ။
မဂ္ဂဟူသည်ကား . . . . .
̏ မဂ္ဂင်္ဂ˝ မဂ္ဂ + အင်္ဂ ၊ နှစ်ပုဒ်ပေါင်းစပ်ပြီး မဂ္ဂင်္ဂ သို့မဟုတ် မဂ္ဂင် လို့ခေါ်ကြတာ
ပါ။ ̏ မဂ်˝ ဆင်းရဲလွတ်ကင်းရာ လမ်းကို ရှာဖွေသော (၀ါ) ခင်မင် လိုချင် တပ်
မက်ဆာလောင် စွဲလမ်း ငမ်းငမ်းတက် ပူပန်မှု ကိလေသာကို သတ်ဖြတ်ဖျက်
ဆီးတက်သော လက်နက် ရှစ်ပါးတရားလမ်းကြောင်း (၀ါ) ဒုက္ခငြိမ်းအေးရာ
နိဗ္ဗာန်ရောက်ရေး အကျင့်တရား လို့ခေါ်တယ်။
(၁) သမ္မာဒိဋ္ဌိမဂ္ဂဂင်၊ မှန်ကန်သော ဉာဏ်အသိဖြင့် ရှုကြည့် သိမြင်စွဲယူတက်
မှုပါ။ အဓိပ္ပါယယ်တွေကတော့ . . ..
(က) မြင်٫ ကြား٫ နံ٫ စား٫ ထိ٫ သိ٫ တရား ခန္ဓာငါးပါးတို့၏ ဆင်းရဲအစစ်အမှန်
ဒုက္ခသစ္စာရယ် . ..
(ခ) ဆင်းရဲကိုဖြစ်စေတက် ရစေတက်ကြောင်း သမုဒယသစ္စာရယ် . ..
(ဂ) ယင်းဆင်းရဲဒုက္ခအစု ချုပ်ငြိမ်းအေးမြမှုကို ရနိုင်ရေးအကျင့်တရားများကို
ရှုမြင်ပွားများမှု လုပ်န်း မဂ္ဂသစ္စာရယ် . .
(ဃ) ဒုက္ခသစ္စာရဲ့ ချုပ်ငြိမ်းမှု ချုပ်ငြိမ်းအေးမြရာဌာန နိဗ္ဗာန်ခေါ်ဆိုတဲ့ နိရောဓ
သစ္စာရယ် .. ။
အဲဒီ အမှန်တရားသစ္စာလေးပါးကို အမှန်အတိုင်း စွဲယူထားကာ သိရှိ ပယ်
ရှားပွားများ ရှုမှတ် သွားမှုကို သမ္မာဒိဋ္ဌိမဂ္ဂင်လို့ဆိုပါတယ်။
(၂) သမ္မာသင်္ကပ္ပမဂ္ဂင်၊ မှန်ကန်တော်တည့်စွာ စွဲယူထားကာ သိရှိ
ပါယ်ရှား ပွားများ ရှုမှတ် သွားမှုကို သမ္မာဒိဋ္ဌိမဂ္ဂင်လို့ဆိုပါတယ်
အဓိပ္ပါယ်ကတော့ . ..
(က) ရှာမှီးခံစားလို့ မပြီးဆုံး အားမရ မ၀လင်နိုင်တဲ့ အာရုံငါးပါးကာမ
ဂုဏ်တရားထဲမှ ဖဲထွက် လွတ်မြောက်နိဗ္ဗာန်ရောက်နိုင်ရေး အကြံ . .
(ခ) သူတစ်ပါးအား အလိုမုန်းထား ပြစ်မှား ကင်းလွတ်ရေး အကြံ . ..
(ဂ) သူတစ်ပါးအား နှိပ်စက်ညှဉ်းဆဲ နှောက်ယှက် ဖျက်ဆီးအနိုင်စီး
သတ်ဖြတ်ခြင်းတို့မှာ ကင်းလွတ်ရေးစသည့် အကြံအစည်ကောင်း
တို့ဖြစ်ပေါ်လာအောင်ကြံစည်းခြင်း ..
မှတ်ချက်။ ။ ယင်းကိုလည်း လောကီဈာန်လမ်း ကြံစည်ခြင်း သမ္မာသင်္ကပ္ပ
မဂ္ဂဂ်နှင့် လောကုတ္တရာလမ်းကြံစည်ခြင်း သမ္မာသင်္ကပ္ပမဂ္ဂင်ဟု နှစ်မျိုးရှိပါ
သေးတယ်။ (၁) နှင့် (၂) ပညာမဂ္ဂဂင်နှစ်ပါဟုမှတ်ပါ။
(၃)သမ္မာဝါစာ မဂ္ဂင်၊ မှန်န်စွာပြောဆိုခြင်း၊ သူ၏သဘောအဓိပ္ပါယ်မှာဝစီ
ဒုစရိုက်လေးပါးကိုမပြောကြားခြင်းပဲဖြစ်ပါတယ်။ ယင်းဝစီဒုစရိုက်လေး
ပါတို့မှာ . ..
(က)မုသာဝါဒ၊ လိမ်ညာ၍ ပြောဆိုမှုမှလည်းကောင်း။
(ခ) ပိသုဏဝါစာ၊ သူတစ်ပါးအား အထင်သေး၊ မလေးစား ဂုဏ်ငယ်သွား
အောင် ချောပ် ကုန်းချော အတင်းပြောခြင်းမှလည်းကောင်း။
(ဂ)ဖရုသ ဝါစာ၊ အကြမ်း အတမ်း ငေါက်ငမ်းဆဲရေးခြင်းမှလည်းကောင်း။
(ဃ) သမ္ဖပ္ပလာပဝါစာ၊ အကျိုးမရှိတဲ့ သီတာ၊ရာမစတဲ့ ဇာတ်စကားအရပ်စ
ကား ဈေးစကား အပြိန်အဖျင်း အနှစ်သာရကင်းသောစကားတို့ကို၎င်း . .
ကြဉ်ရှောင်ခြင်း မပြောဆိုခြင်းအလုပ်သဘော သီလစင်ကြယ်သောလမ်း။
(၄)သမ္မကမ္မန္တမဂ္ဂင်၊ ကာယကံ ဒုရိုက်အမှားများကိုရှောင်ကာ မှန်ကန်စွာ
လုပ်ကိုင်ပြုကျင့်မှုပါ။ အဓိပ္ပယ်ကတော့ . ..
ပါဏာတိပါတ၊အဒိန္နဒါန၊ကာမေသုမိစ္ဆာစာရာ၊တို့ကိုကြဉ်ရှောင်မှုမျိုးဖြစ်တဲ့
သီလမဂ္ဂင်အကျင့်မြတ်ဖြစ်ပါတယ်။
(၅)သမ္မာအာဇိဝမဂ္ဂင်၊ မှန်ကန်စွာ အသက်မွေးဝမ်းကျောင်းမှုကိုခေါ်ပါတယ်။
ဆိုလိုရင်းအဓိပ္ပါယ်ကတော့ . ..
(၃) နဲ့ (၄) မဂ္ဂင်နှစ်ပါးရဲ့အပြစ်ရှိတဲ့ ကာယဒုစရိုက်သုံးပါး ဝစီဒုစရိုက်
လေးပါးနှင့်အခြားအပြစ်ရှိတဲ့ အကုသိုလ်အလုပ်များကို ရှောင်ရှားကာ
အပြစ်မဲ့ဖြူစဉ်သောသီလမဂ္ဂင်မျိုးဖြစ်ပါတယ်။ နံပါတ် ၃-၄-၅ တို့ဟာ
သီလမဂ္ဂင် ၃ ပါးဖြစ်ပါတယ်။
(၆) သမ္မာဝါယာမ မဂ္ဂင်၊ မှန်ကန်သော အားစိုက်ကြိုးစားမှု ဝီရိယ٫ ဇွဲ٫လုံလ
ရှိရခြင်းမျိုးလေးပါးကိုဆိုပါတယ် အဓိပ္ပါယ်ကတော့ ..
(က)မိမိ၌ မဖြစ်ပေါ်သောသော မကောင်းမှု အကုသိုလ်တရားများကို
မဖြစ်ပွားရေး လုံ့လစိုက်ရခြင်း။
(ခ)ပြုလုပ်လွန်ကျူးဖြစ်ပေါ်ပြီးသော မကောင်းမှုတရား အကုသိုလ်များကို ပြန်
၍ မဖြစ်ပေါ်ရအောင် ပယ်စွန့် ပပျော်ကရေးအတွက် ကြိုးစားအားထုတ်
လုံ့လပြုရခြင်း ၊(ယင်းတို့ကို ပြန်ပြီး မကြံစည် မတွေးတောဘဲနေရသည်)
(ဂ)အဖြစ်ရှိ မရရှိဖူးသေးသော ကုသိုလ်ချမ်းသာရေးကောင်းမှုများကို ဖြစ်ပွား
ရရှိခံစားနိုင်ရန် အားပေးတိုက်တွန်း ကြိုးစားပြုလုပ်မှုလုံ့လရှိရခြင်း။ ̏ ဆိုလို
ရင်းကားမဂ်ကုသိုလ်တရားလေးပါးကိုဖြစ်ပေါ်အောင် ၀ိပဿနာကုသိုလ်တ
ရားကိုကြိုးစားအားထုတ်ရန်ဖြစ်သည်˝
(ဃ)ဖြစ်ပေါ်ရရှိပြီးသော ကုသိုလ်ကောင်းမှုများကို စည်ပင်ပြန့်ပွားပြည့်လျှံဝေ
ဆာနိုင်ဖို့ ကြိုးစားအားထုတ်ပြန်လည် အောက်မေ့မှု တို့ပင်ဖြစ်ပါတယ်။
အဲဒီ က၊ခ၊ဂ၊ဃ လေးပါးတို့ကို ထ٫မြောက်ပြီးစီးအောင်နိုင်ရေးအတွက်
ဝီရိယဗိုလ်٫ ဝီရိယိနြေ္ဒ٫ ဝီရိယသမ္ဗောဇ္ဈင်٫ ဝီရိယာဓိပတိ ဆိုသော တပ်မ
ဟာကြီးတွေချပြီးကိလေသာရန်သူမျိုးကို ကြိုးစားအားထုတ် တိုက်ခိုက်လုံ
လစိုက်မှုခြင်းဖြစ်တဲ့ သမ္မာဝါယမမဂ္ဂင်ရဲ့ အဓိပ္ပါယ်ပါပဲ။
အခုပြောခဲ့တဲ့ သမ္မာဝါယမ မဂ္ဂင်အရ က٫ ရယ် ခ٫ ရယ်ပထမ٫ဒုတိယ٫
ကြိုးစားအားထုတ်မှု လုံ့လမျိုးဟာ မုချအဟုတ်ကိလောသာရန်ငုတ်ကို တိုက်
ထုတ်ရှင်းရမည်ဖြစ်ပါတယ် . .တဲ့။
ဗုဒ္ဓဝါဒဟူသည်မှာ အကုသိုလ်ဓမ္မမှကြဉ်ရှောင်ရေးလမ်းစဉ်ဖြစ်သည်ကို
စွဲမြဲစွာမှတ်ထားပါ။ ဂ٫ နှင့် ဃ ٫ တတိယ٫စတုတ္ထ သမ္မာဝါယမမဂ္ဂင်နှစ်ပါး
ဟာလည်းလောကီဈာန်လမ်းကြိုးစားမှုနှင့် လောကုတ္တရာမဂ်လမ်းကြိုးစားမှု
ဆိုပြီးတော့သမထ٫ ၀ိပဿနာ နှစ်မျိုးလုံး ဟု မှတ်ယူရမည်။
(၇) သမ္မာသတိမဂ္ဂင်၊ မှန်ကန်စွာမမေ့ မပျောက်စေဘဲ အောက်မေ့သတိရ
မှုရှိနေရမယ်ကိုဆိုပါတယ်။ ဒီ သမ္မာသတိမဂ္ဂင်ဟာ ဆိုခဲ့ပြီးသော တရား
အပေါင်းတို့ရဲ့ ဘုရင်ဥသျှောင်မကိုဋ် ထိပ်သီးကြီးပါပဲ။ သတ္တ၀ါအပေါင်းတို့၏
သည်းခြေဟု ဆိုတယ်။ သမ္မာသတိမဂ္ဂင် တရားပျက်သည်နှင့် တရားကောင်း
တရားမြတ်များမလာနိုင်တော့ပါဘဲ တရားယုတ်တရားဆိုးတွေသာ ၀င်ရောက်
ရှုပ်ထွေးပျက်စီးစေပါတယ်။ လောကသဘောနဲ့ကြည့်ရင် အရူးတွေဟာ ဒီ ̏
သတိ˝ဆိုတဲ့ တရားလေးမကပ်နိုင်လို့ ရူးသွပ်နေကြတာပဲမဟုတ်ပါလား။
ရူးပုံကတော့ . . .
(က) အနိစ္စံ နိစ္စသညာယ ဥမ္မာဒန္တိ ဒိနေ ဒိနေ ၊
မမြဲမခိုင်ကိုယ်မပိုင်တဲ့ သားသမီး ဥစ္စာ ရွှေငွေ ရတနာ အရာဝတ္ထု အစုစုတို့ကို
အမြဲပင်ခိုင်တယ် ငါပိုင်တယ် ငါ٫ ငါ့ဥစ္စာ٫ ငါ့ရဲ့ဟာဟု အယူစိတ်စွဲ အမှားလွဲ
ထင်စွဲမှတ်ယူကာ နေတိုင်း အရူးထနေကြကုန် . . .၏ ။
(ခ) ဒုက္ခံ သုခသညာယ ဥမ္မာဒန္တိ ဒိနေ ဒိနေ ၊
ယင်းသို့ မခိုင် ကိုယ်မပိုင်ဘဲ ပျက်စီးပျက်စီး ပျက်၍စီးတော့ စိုးရိမ်ရ ပူဆွေးရ
ငိုကြွေးရတဲ့ ဆင်းရဲအစု ဝတ္ထုပစ္စည်းတွေကိုပင် ထိုပစ္စည်းတွေနဲ့ နေထိုင်ပေါင်း
သင်းသုံးစွဲနေရခံစားရသည်ကိုပဲ ချမ်းသာတယ် ချမ်းသာတယ် သာယာဖွယ်ဟု
ထင်မှတ်ရှု့ကာ ပျော်ရွှင်ရာဖြင့် နေတိုင်း နေတိုင်း အရူးထနေကြကုန် .. . ၏။
(ဂ) အနတ္တံ အတ္တသညာယ ဥမ္မာဒန္တိ ဒိနေ ဒိနေ ၊
အဘယ်အရာမှ ဘယ်သင်းမှ ကိုယ့်အလိုမလိုက် ကိုယ့်အကြိုက်မပါ ကိုယ်လို
ရာမပြီး သူ့သဘောသူဆောင် သူဖြစ်သူပျက် အချည်းအနှီးသက်သက် အမာ
ခံအနှစ်သာရာ ဘာတစ်ခုမှ မရှိတာကိုပင် အခိုင်အမာမကွဲ ငါနဲမြဲနေရမည် ၊
ငါ့ကိုယ်ငါ့ဟာ ငါ့ဥစ္စာဟု အခိုင်အမြဲ ထင်တိုင်းစွဲကာ နေ့တိုင်း နေ့တိုင်း အရူး
ထကာနေကြကုန် . . . ၏။
(ဃ) အသုဘံ သုဘညာယ ဥမ္မာဒန္တိ ဒိနေ ဒိနေ ၊
မျက်ချေး၊နှာချေး၊ယိုကာစေးတဲ့ ပြည်သလိပ်ပုတ် ဒီအကောင်ယုတ်ကို ၊ သူက
မြင်လျှင် တပ်မက်ခြင်အောင် ဆင်ယင်ထုံးဖွဲ့ ဖြီးလိမ်းချဲ့၍ ငါက လှတယ်၊ ငါ့
ဖြိုးသွယ်ဟု မာန်တွေဝံ့ဝံ့ အလှပုံဆင့်အောင် နေ့တိုင်းနေ့တိုင်း အရူးထနေကြ
ကုန် . .. ၏။
အဲလိုအရူးရောဂါဟာ ကမ္ဘာကြီးတစ်ခုလုံးပျံ့နှံ့နေတာနော်၊ ကူးလည်းကူး
စက်ကုန်ပြီ။ ကိုရီးယားရောဂါ တွေ .. . မဟုတ်ဘူးလား။ ဖြဲမယ် ٫ ပြဲမယ် ٫
ကွဲမယ်٫ရှဲမယ် ٫ ထိုးမယ်٫ ထောင်မယ် ٫ ပိမယ် ٫ ပြားမယ်٫ အရူးရောဂါ
တွေနော် . .။
ဘယ်လောက်ပဲနည်းပညာများနဲ့ပြင်ဆင်ထားစေကာမှု ၂၄ နာရီဆိုရင်ဒီခန္ဓာ
ကိုယ်ကြီးက အနံ့ဆိုးတွေပြနေပြီ။
ပေါင်ခြံထဲတွေ ချိုင်းခြားထဲတွေ .. အနံ့ဆိုးတွေလာပြီ၊ နံက်ဖြန်းထားတဲ့ရေ
မွေးပေါင်ဒါတို့ရဲ့ ကိုယ်သင်းရံနံ့က ဖေါက်ပြန်သွားပြီနော် . .။
အဲလိုအရူးရောဂါတွေ . . ဟာ သမ္မာသတိမဂ္ဂင်နဲ့ တားရမယ်။
(၈) သမ္မာသမာဓိမဂ္ဂင်၊ မှန်ကန်သောစိတ်ထားတည်တံ့ တည်ငြိမ်နေမှု
ကိုသမ္မာဓိမဂ္ဂင်လို့ခေါ်ပါတယ်။ ဒီလိုသမ္မာသမာဓိမဂ္ဂင်တစ်လုံးရဖို့တွက်
နည်းနှစ်နည်းရှိပါတယ် .. .
(က)ကမ္မဋ္ဌာန်းလေးဆယ်ထဲကနေ ဈာန်ရနိုင်တဲ့ ကိုယ်စိတ်နဲ့ဆီလျော်ရာ
ကိုယ်ကြိုက်တဲ့ ကမ္မဋ္ဌာန်း တစ်ပါးပါးကို စိတ်ထဲမှာ တည်တံ့ငြိမ်ဝပ်နေတဲ့
. ̏ သမထဘာဝနာ အပ္ပနာဈာန် ˝ . .ရယ်
(ခ) ရုပ်နာမ်ဓမ္မတို့ရဲ့ ဖြစ်ပေါ်တိုင်း ဖြစ်ပေါ်တိုင်း အခိုက်မှာ ဖြစ်တိုင်းဖြစ်
တိုင်းလိုက်လိုက်သိကာမှတ်နေတဲ့ ̏ ၀ိပဿနာ ဘာဝနာ ခဏိက˝ သမာဓိ
တို့ပါပဲ။
ကဲ . . ဒီမျှဆိုရင်ဖြင့် မဂ္ဂင်ရှစ်ဖြာသာသနာရဲအဓိပ္ပါယ်သရုပ်ကို ရှင်း
ထုတ်နိုင်ကြမည်ဖြစ်ပါတယ်။
ဤဓမ္မဒါကို ဆင့်ပွား Shareသူ များသည်လည်း စာရေးသူနှင့်ထပ်တူထပ်မျှ
ဓမ္မဒေသနာကုသိုလ်ရနိုင်ကြပါစေ . .
ဘဒ္ဒ န္တကေ၀ိဒ (အလင်းရှင်)
No comments :
Post a Comment