Saturday, January 10, 2015
ဘ၀သမုဒ္ဒရာ သို့ကူးခပ်ခြင်း
စာအုပ်တွေ စာအုပ်တွေ ဖတ်လိုက်တိုင်း ဥပမာပေါင်းများစွာနဲ့ ယစ်မူး
သာယာမိတဲ့စာအုပ်တွေထဲမှာ ဒီကျမ်းစာအုပ်လေးတစ်အုပ်လည်းအပါ
အ၀င်ပါပဲ။ . . . ရိုးရိုးလေး၊ ကဲ တို့အတူဖတ်ကြည့်ရအောင် . .ပေါ့ပေါ့
ပါးပါးလေးပါ။ မဖြစ်မနေ အရမ်းကို ဆိုလိုကောင်းတဲ့ ဒီပါဠိတော်လေးကို
ခပ်ချိုချိုလေး ပူဇော်ကြည့် . . .။
“သမုဒ္ဒေါ သမုဒ္ဒေါ” တိ ဘိက္ခဝေ အဿုတ၀ါ ပုထုဇ္ဇနော ဘာသတိ
ဆိုကြည့်နော် ချိုနေတာပဲ။ “သမုဒ္ဒေါ သမုဒ္ဒေါ” တိ ဘိက္ခဝေ
အဿုတ၀ါ ပုထုဇ္ဇနော ဘာသတိ။ တော်ပြီ ဘုရားစကားတော်ကို ဒီမျှ
လောက်လေးဆိုလိုက်ရတာနဲ့ ဘ၀ဟာလူဖြစ်ကျိုးနပ်သွားတယ်။
“သမုဒ္ဒေါ သမုဒ္ဒေါ” တိ ဘိက္ခဝေ အဿုတ၀ါ ပုထုဇ္ဇနော ဘာသတိ
ဘိက္ခဝေ ၊ရဟန်းတို့။ အဿုတ၀ါ ၊ သုတမရှိသော ။ ပုထုဇ္ဇနော၊ ပုထုဇဉ်
သည်။ “သမုဒ္ဒေါ သမုဒ္ဒေါတိ ၊သမုဒ္ဒရာ သမုဒ္ဒရာ” ဟူ၍။ ဘာသတိ၊ပြော
ဆို၏။
ကဲ . . မြန်မာလိုလေးကဒါပဲနော်။
(အကြားအမြင်ဗဟုသုတမရှိတဲ့ပုဂ္ဂိုလ်တွေဟာ “သမုဒ္ဒရာ သမုဒ္ဒရာ” လို့
ပြောတက်တယ်) တဲ့။
ဒီလိုလေးမြတ်စွာဘုရားဟာ ရဟန်းတွေကို စကဦးသန်းလိုက်တာ။ ဗုဒ္ဓ
ဟာလေ ၊ သတ္တ၀ါတွေကိုချွေချွတ်ဆုံးမတော်မူတဲ့နေရာမှာ တို့လောက
သားတွေ နေ့စဉ်မြင်တွေ့နေရတဲ့ အရာဝတ္ထုပေါင်းများစွာနဲ့ နှိုင်းချိန်ချင့်
ထိုးပြီး နားလည်အောင် ပြောလေ့ရှိတယ်။ ဒါကို ဆရာကြီးဦးလေးမြိုင်
က “ဗုဒ္ဓဥပမာတစ်ထောင်” ဆိုတဲ့ကျမ်းစာအုပ်လေးပြုစုထားတယ်။
လောကသားတွေရဲ့ မြင်ရကြားရထိတွေ့နေကြဖြစ်သော ရုပ်ဝတ္ထုပေါင်း
များစွာနဲ့ပြောဆိုဆုံးမထားတဲ့ စာအုပ်လေးပါ။ ဖတ်ချင်ရင်
www.http://alinshin.blogspot.com ရဲ့ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒကဏ္ဍမှာ down
load ဆွဲလို့ရပါတယ်။
ကဲ .. အခု ဗုဒ္ဓက တို့တွေအတွက် သမုဒ္ဒရာကြီးကိုလက်ညိုးထိုးပြနေပြီ။
မြန်မာလိုလေးပြန်ကောက်ကြည့်ပါဦး . .. ။
(အကြားအမြင်ဗဟုသုတမရှိတဲ့ပုဂ္ဂိုလ်တွေဟာ “သမုဒ္ဒရာ သမုဒ္ဒရာ” လို့
ပြောတက်တယ်) တဲ့။ နောက်ဆက်မိန့်ကြားတာလေးကို မြန်မာလိုပဲဆို
ကြည့်ရအောင် . .
(ပြောဆို၏၊ချစ်သားရဟန်းတို့ ဤသို့ ပြောဆိုအပ်သော အရာသည်
မြတ်စွာဘုရား၏ အဆုံးအမ၌ သမုဒ္ဒရာ မဟုတ်။)
(ချစ်သားရဟန်းတို့ ...ဤသို့ ပြောဆိုအပ်သော အရာသည် ကြီးကျယ်
များပြားသော ရေအစုသာ ဖြစ်၏၊ကြီးကျယ်များပြားသော ရေပြင်သာဖြစ်၏။)
(ချစ်သားရဟန်းတို့ ...မျက်စိသည် သတ္တဝါ၏သမုဒ္ဒရာမည်၏၊
ထိုမျက်စိသမုဒ္ဒရာအား အဆင်းတည်းဟူသော အဟုန်သည် ရှိ၏။
အကြင်သူသည် ထိုအဆင်း တည်းဟူသော အဟုန်ကို သည်းခံနိုင်၏၊
ချစ်သားရဟန်းတို့ ဤသူကို လှိုင်းနှင့် တကွသော ဝဲနှင့်တကွသာဖမ်းယူ
တတ်သောရေသတ္တဝါ အထူးနှင့်တကွသောရေစောင့်ဘီလူးနှင့်တကွ
သော မျက်စိ သမုဒ္ဒရာကို ကူးမြောက်ပြီးဖြစ်၍ တစ်ဖက် ကမ်းသို့ရောက်သူ
ကြည်းကုန်း၌ တည်သူ ရဟန္တာဟု ဆိုအပ်၏။)
မြတ်စွာဘုရားဥပမာလေးက ဘယ်လောက်ချိုလိုက်လည်း။
ဘယ်လောက်များလှလိုက်လည်း။
ဒီပါဠိတော်ကိုစကားပြေပြန်ဖွဲ့ရမယ်ဆိုရင် အဆုံးချည်ရဲ့။
အသိဉာဏ်နဲ့ပါးသူတွေ ဟိုး . .အဝေးကြီးကသမုဒ္ဒရာကြီးကိုအကျယ်
ကြီးလို့ထင်မြင်ပြီးသကာလ အံ့သြနေကြတယ် နော်။ ဗုဒ္ဓကတော့ အဲဒီ
မျက်စိဖြင့်မြင်ရတဲ့သမုဒ္ဒရာကကျဉ်းနေတယ် တဲ့။ မင်းတို့ငါတို့တွေရဲ့
မျက်စေ့ထဲမှာ ဉာဏ်ဖြင့်မြင်အောင်ကြည့်နိုင်တဲ့ ဉာဏ်မျက်လုံးလေးနဲ့
ကြည့်လိုက်တဲ့အခါ “မြင်ခြင်းသမုဒ္ဒရာ” က ကြီးနေတယ်။ “မြင်ခြင်း
သမုဒ္ဒရာ” က ကျယ်နေတယ်။ ဘယ်လောက်အထိကြီးလိုက်လည်း
ကျယ်လိုက်လည်းဆိုရင် Long Long ago အဆုံးအစမထင်နိုင်တဲ့ဘဝ
ကတည်းက ကူးခဲ့ခပ်ခဲ့ကြရတာ။ အခုအထိပဲ။
မြင်မြင်သမျှမှာ သာယာတက်တဲ့စိတ်။မြင်မြင်သမျှမှာ မသာယာတက်တဲ့
စိတ်။ မြင်မြင်သမျှမှာ ဘာမှန်းမသိတဲ့ စိတ်။ အဲလို ဉာဏ်ထုံထိုင်းစွာနဲ့
တို့တွေကူးခပ်ခဲ့ကြရတာကိုး။
အခုတော့ ဗုဒ္ဓရဲ့ဓမ္မနဲ့ဆုံတော့ တို့တွေသိရပြီ။ တို့မြင်ရတဲ့ သမုဒ္ဒရာက
ကျဉ်းကျဉ်းလေးပဲ။ တို့မမြင်လိုက်ရတဲ့ မမြင်ခြင်းသမုဒ္ဒရာကအကျယ်
ကြီး။ ဒါ့ကြောင့် ဘ၀များစွာမှာ တို့တွေဟာ .. .
ကြီးမားသောမဟာအကုသိုလ်ကံဆိုးကြီးများကိုလည်း ပြုလုပ်ခဲ့ကြဖူးပြီ
ဒါ့ကြောင့် ဒီအသိဉာဏ်မျက်လုံးတွေ တို့နှလုံးအိမ်မှာကိန်းလို့ အကု
သိုလ်တရားကိုရှောင်ရှားသင့်ပါတယ်။ ဘယ်လိုအကုသိုလ်တွေလည်း
ဘုရားကိုဘုရားမှန်းမသိတဲ့အကုသိုလ်ကပိုဆိုးတယ်နော်။ စေတီကို
စေတီမှန်းမသိတဲ့အကုသိုလ်တွေ၊ သံဃာကိုသံဃာမှန်းမသိတဲ့အကု
သိုလ်တွေ။ အဲလိုအနန္တရိယကံကြီးထိုက်တဲ့အကုသိုလ်တွေကိုရှောင်
ကြပါ။ ထည့်ပါဒ်အနေ့နဲ့ပြောရင် . .
အာဏာရှင်စစ်ခွေးကြံ့ဖွတ်တွေ .. မြန်မာပြည်မှာ စေတီပုထိုးတွေဆို
သတ္ထုသိုက်နဲ့မလွတ်ရင် ဒိုဇာကြီးနဲ့ဖြိုတယ်မဟုတ်လား။ ဒါဘုရားကို
သတ်တာနဲ့မခြားဘူး။အတူတူပဲ။ ဓါတု၊ဓမ္မ၊ပရိဘောဂ၊ဥဒိဿ ဆိုတဲ့
စေတီလေးမျိုးတစ်မျိုးမျိုးကို ဖြိုဖျက်ကြတာဟာ ဘုရားကိုဖြိုတာသတ်
တာပါပဲ။
အဲလို ကံကြီးထိုက်သောအကုသိုလ်ကြီးများကိုရှောင်ရှားခြင်းဖြင့် 2015
ရဲ့အနာဂါတ်ကို ငြိမ်းချမ်းကြပါစေကွယ် .. . ။
တစ်ဘ၀စံအဖြစ် ကိုယ့်ကိုယ်ကိုပုံမဖေါ်မိကြပါစေနဲ့။ လူ့သတ်တမ်းဟာ
ဆယ်တမ်းပဲရှိတယ်နော်။ ဆယ်ကိန်းပဲရှိတယ်။ ရာကိန်းကအလွန်ရှားပါး
ပါတယ်။ ဒါ့ကြောင့် တိုတောင်းလှသောလူ့သတ်တမ်းမှာ ဘုရားတွေမဖြို
ကြပါနဲ့ တရားတွေမဖြိုကြပါနဲ့သံဃာတွေကိုမဖြိုကြပါနဲ့ ဒါတင်ပဲလား
မကဘူးနော် မိဘနဲ့ဆရာသမားတွေကိုလည်းမဖြိုကြပါနဲ့။ ထိုငါးပါးကို
ပစ်မှားကြရင်ဖြင့် ဘ၀သံသရာဆိုတဲ့ သမုဒ္ဒရာကြီးမှာ မှောက်မှောက်
မှားမှား မဟာဝီစိငရဲလားကြမှာဖြစ်ပါတယ်။
ဒါ့ကြောင့် ဗုဒ္ဓစကား နှုတ်ဝယ်ထားကာ . . .
“သမုဒ္ဒေါ သမုဒ္ဒေါ” တိ အဟုတ်သဘောသိပြီးသကာလ အနန္တရိယကံ
ကြီးထိုက်သော အကုသိုလ်ကြီးများကိုရှောင်ရှားနိုင်ကြပါစေဟု . . .
ကျမ်းကိုး
သဠာယတနဝဂ်
သုတ္တာန်ပိဋကတ်၊ သံယုတ္တနိကာယ်
သဠာယတန၀ဂ္ဂသံယုတ်ပါဠိတော်၊
(၁)သဠာယတနသံယုတ်၊
(၁၈/၃)သမုဒ္ဒ၀ဂ်
(၁) ပဌမ သမုဒ္ဒသုတ်
ဆဋ္ဌမူ၊သဠယတန၀ဂ္ဂသံယုတ်ပါဠိတော်။ နှာ၊၃၆၇
ဤဓမ္မဒါနကို စစ်ခွေးကြံ့ဖွတ်အာဏာပါးကွက်သားတို့မှအပ
၃၁ ဘုံသားတို့အားဝေငှမိပါသည်။
ဘဒ္ဒန္တကောဝိဒ (အလင်းရှင်)
Labels:
ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment