ဗမာသမတကြီးက . . .
သနပ်ခါးပါးကွက်ကြားလိမ်းထားတဲ့ကလေးတော့ချစ်တယ် . . .
အိုးမဲ့အိမ်မဲ့ရဲ့ကလေးငယ်တွေ ၊ လယ်ယာမြေအသိမ်းခံရတဲ့
ကလေးတွေကို မချစ်ဘူးဆိုတာကို . .
မင်းသိလား?
ဗမာသမတကြီးက . . .
ဗုဒ္ဓဘာသာဝင်စစ်စစ်ကြီးပါ သို့သော်
သမိုင်းအမွန်မမြတ်ထားရမယ့်စေတီတွေကို
ဖြိုဖျက်ပစ်ပြီး
ကိုးကွယ်ရာသံဃာတွေကို မီးလောင်ဗုံးနဲ့ထုသတ်တယ်ဆိုတာကိုရော
မင်းသိလား?
ဘဒ္ဒန္တကောဝိဒ (အလင်းရှင်)
No comments :
Post a Comment