ကမ္မဿ ယောဂသင်္ခါတဿ ဌာနံ အာရမ္မဏဘာဝေန ပဝတ္တိဋ္ဌာနန္တိ ကမ္မဋ္ဌာနံ။
တိဋ္ဌတိ ဧတ္ထ ဖလံ တဒါယတ္တဝုတ္တိတာယာတိ ဌာနံ၊ ကာရဏံ။
ကမ္မဿ ဝိပဿနာယ ဌာနံ ကာရဏံ ကမ္မဋ္ဌာနံ။
ဝိ၊ နိစ္ဆယ၊ ဋီ၊ ၂။ ၃၇၇။] ဟုဆိုပါသည်။
မြန်မာသံဖြင့်ပြောဆိုနေကြသော ပါဠ်ပျက်ဆိုရိုးစကားဖြစ်သည်။မြန်မာမှု့ပြုသော်
·
(၁) (စီးဖြန်းပွါးများခြင်း)
မူရင်းကြည့်ပါ။
·
(၂) (က) ပွါးများအားထုတ်မှုသည်ပင်အကြောင်း၊
တရားအထူး,
·
ချမ်းသာအထူးကို ရခြင်း၏အကြောင်းဖြစ်သော
ပွါးများအားထုတ်မှု၊
·
သမထ, ဝိပဿနာ အလုပ်။
·
(ခ) ဘာဝနာ အလုပ်၏ အကြောင်း၊ နောက်နောက်သော
ဘာဝနာ
·
အလုပ်၏ နီးစွာသော အကြောင်းဖြစ်သော
ရှေးရှေးသော ဘာဝနာ။
·
(၃) ဘဝနာမှု၌ အားထုတ်ခြင်း။
·
(၄) ကမ္မဋ္ဌာန်းကျမ်း (ပရိယတ်)။
·
(၅) ကမ္မဋ္ဌာန်းသဘော။
·
(၆) ကမ္မဋ္ဌာန်းကို နှလုံးသွင်းခြင်း။
·
(၇) အလုပ်အကိုင်၊ အမှုကိစ္စ။
ဟူ၍ ဆိုသည်။
ဝိပဿနာ ဘာဝနာကံ နှစ်ပါးတို့၏ ဖြစ်ရာ
ဖြစ်ကြောင်း ဖြစ်သောကြောင့်
ကသိုဏ်း ပညတ်စသော တေဘုမ္မက သင်္ခါရ တရားဟူ၍လည်း
မြန်မာလို
နားလည်နိုင်ပါသည်။
သမထသည် ဘုရားရှင်မပွင့်ပေါ်သော ခေတ်ကာလသမယမှာလည်း
ယောဂီ
သူတော်စဉ်တို့ကျင့်ကြံပေါက်မြောက်နိုင်ပါသော်လည်း
ဝိပဿနာဟူသည်
ဘုရားတစ်ဆူတစ်ဆူပွင့်မှသာ ကြားရနာရကျင့်ကြံရသောတရားဟုဆိုသည်။
သမထသည်လောကီအဘိဉာဉ်ကိုညွှန်းသည်။ လောကီသိဒ္ဓိသည်
သမထ
ကျင့်စဉ်အောင်လျှင် ရသည်။ ရေပေါ်လမ်းလျှောက်ခြင်း
၊ လေပေါ်ပျံတက်
ခြင်းသည် သမထအကျင့်ဖြင့်ရနိုင်သည်။
သမထ (စိတ်တည်ငြိမ်မှု)ကို ပေါက်မြောက်
အောင်မြင်ရန် အလို့ငှာ ကမ္မဋ္ဌာန်း
(စိတ်အာရုံစူးစိုက်ရာ ဌာနများ) လေးဆယ်အနက်
တစ်ပါးပါးကို စူးစိုက်အား
ထုတ်ရပေသည်။
ကသိုဏ်း ------- ၁၀ -ပါး။
အသုဘ------------၁၀-ပါး။
အနုဿတိ---------၁၀-ပါး။
ဗြဟ္မ၀ိဟာရ----------၄-ပါး။
သညာ---------------၁-ပါး။
စတုဓာတု၀၀တ္ထာန်---၁-ပါး။
အာရုပ္ပ---------------၄-ပါး။
စုစုပေါင်း-----------၄၀-ဖြစ်ပါသည်။
ကသိုဏ်း ၁၀-ပါးမှာ-
၁။ ပထ၀ီကသိဏ၊ မြေ ကသိုဏ်း။
၂။ အာပေါကသိဏ၊ ရေ ကသိုဏ်း။
၃။ တေဇောကသိဏ၊ မီး ကသိုဏ်း။
၎။ ၀ါယောကသိဏ၊ လေ ကသိုဏ်း။
၅။ နီလကသိဏ၊ အညိုရောင် ကသိုဏ်း။
၆။ ပီတကသိဏ၊ အ၀ါရောင် ကသိုဏ်း။
၇။ လောဟိတကသိဏ၊ အနီရောင် ကသိုဏ်း။
၈။ သြဒါတကသိဏ၊ အဖြူရောင် ကသိုဏ်း။
၉။ အာကာသကသိဏ၊ ကောင်းကင် ကသိုဏ်း။
၁၀။ အာလောကကသိဏ၊ အလင်းရောင်
ကသိုဏ်းတို့ဖြစ်ပါသည်။
အသုဘ ၁၀-ပါးမှာ-
၁။ ဥဒ္ဓုမာတက၊ ဖူးဖူးရောင်သော သူသေကောင်။
၂။ ၀ိနီလက၊ အညို အနီစသည် ရောယှက်လျက်အရောင် အဆင်းပျက်
နေသော သူသေကောင်။
၃။ ၀ိပုဗ္ဗက၊ ပုပ်ရိပြီး သွေးပြည်တို့ဖြင့်ကွဲအက်ယိုကျနေသောသူသေကောင်။
၎။ ၀ိစ္ဆိဒ္ဒက၊ အရေပြားများ အပိုင်းပိုင်းကွဲအက်နေသောသူသေကောင်။
၅။ ၀ိက္ခာယိတက၊ ခွေး ကျီး လင်းတ စသည်တို့ထိုးဆွ ကိုက်ခဲ၍ မွမွကြဲ
နေသော သူသေကောင်။
နေသော သူသေကောင်။
၆။ ၀ိက္ခိတ္တက၊ ခြေတခြား လက်တခြား ခေါင်းကိုယ်စသည်တို့ကို ကစဥ့်
ကလျား ပစ်လွှင့်ထားအပ်သော သူသေကောင်။
ကလျား ပစ်လွှင့်ထားအပ်သော သူသေကောင်။
၇။ ဟတ၀ိက္ခိတ္တက၊ ခြေ လက် ကိုယ် ခေါင်းစသည်ကို တခြားစီ
ဖြတ်လျက် ဓားရာခြင်းယှက်နေအောင် မွှန်း၍ တကွဲတခြား ပစ်လွှင့်
ထားအပ်သော သူသေကောင်။
ထားအပ်သော သူသေကောင်။
၈။ လောဟိတက၊ ထိုမှဤမှ သွေးယိုထွက်၍အနှံ့အပြား သွေးလိမ်းကျံ
နေသော သူသေကောင်။
နေသော သူသေကောင်။
၉။ ပုဠုဝက၊ ပိုးလောက်များ ကျိကျိတက်
ပြည့်နေသော သူသေကောင်။
၁၀။ အဋ္ဌိက၊ အရိုးစုသာကြွင်းကျန်သော သူသေကောင်တို့ဖြစ်ပါသည်။
အနုဿတိ ၁၀-ပါးမှာ-
၁။ ဗုဒ္ဓါနုဿတိ၊ အရဟံ အစရှိသော မြတ်စွာဘုရား၏ ဂုဏ်တော်ကိုးပါးကို
အဖန်တလဲလဲအောက်မေ့ခြင်း။
၂။ ဓမ္မာနုဿတိ၊ သွာက္ခာတတာ အစရှိသောတရားတော်၏ ဂုဏ်တော်
ခြောက်ပါးကို အဖန်တလဲလဲ အောက်မေ့ခြင်း။
၃။ သံဃာနုဿတိ၊ သုပ္ပဋိပန္န အစရှိသောသံဃာတော်၏ ဂုဏ်တော်ကိုးပါး
ကို အဖန်တလဲလဲ အောက်မေ့ခြင်း။
ကို အဖန်တလဲလဲ အောက်မေ့ခြင်း။
၎။ သီလာနုဿတိ၊ မိမိ၏ သီလဂုဏ်ကို အဖန်တလဲလဲ အောက်မေ့ခြင်း။
၅။ စာဂါနုဿတိ၊ မိမိပြုခဲ့ဘူးသည့် ဒါန
အစုစုကို အဖန်တလဲလဲ အောက်မေ့ခြင်း။
၆။ ဒေ၀တာနုဿတိ၊ သဒ္ဓါ အစရှိသောဂုဏ်နှင့် ပြည့်စုံသဖြင့် နတ်ဖြစ်လေကုန်
သည် ငါလည်း သဒ္ဓါအစရှိသော ဂုဏ်တို့နှင့် ပြည့်စုံ၏ဟု နတ်တို့ကို
သက်သေထား၍ အဖန်တလဲလဲအောက်မေ့ခြင်း။
၆။ ဒေ၀တာနုဿတိ၊ သဒ္ဓါ အစရှိသောဂုဏ်နှင့် ပြည့်စုံသဖြင့် နတ်ဖြစ်လေကုန်
သည် ငါလည်း သဒ္ဓါအစရှိသော ဂုဏ်တို့နှင့် ပြည့်စုံ၏ဟု နတ်တို့ကို
သက်သေထား၍ အဖန်တလဲလဲအောက်မေ့ခြင်း။
၇။ ဥပသမာနုဿတိ၊ နိဗ္ဗာန်၏ ဂုဏ်ကျေးဇူးကိုအဖန်တလဲလဲ အောက်မေ့ခြင်း။
၈။ မရဏာနုဿတိ၊ သေခြင်းကို အဖန်တလဲလဲအောက်မေ့ခြင်း။
၉။ ကာယဂတာသတိ၊ ဆံပင် အမွှေး လက်သည်းခြေသည်း စသည့်
၃၂-ပါးသော ကောဋ္ဌာသကိုအဖန် တလဲလဲ အောက်မေ့ခြင်း။
၃၂-ပါးသော ကောဋ္ဌာသကိုအဖန် တလဲလဲ အောက်မေ့ခြင်း။
၁၀။ အာနာပါနဿတိ၊ နှာခေါင်းမှ ထွက်သက်ဝင်သက်ကို အဖန်တလဲလဲ
အောက်မေ့ခြင်းတို့ဖြစ်ပါသည်။
အောက်မေ့ခြင်းတို့ဖြစ်ပါသည်။
ဗြဟ္မ၀ိဟာရ ၄-ပါးမှာ-
၁။ မေတ္တာ၊ ချစ်ခြင်းဖြင့် သတ္တ၀ါပညတ်အပေါ်ပွားများ စူးစိုက်ခြင်း။
၂။ ကရုဏာ၊ သနားကြင်နာစိတ်ဖြင့် သတ္တ၀ါတို့အပေါ် ပွားများစူးစိုက်ခြင်း။
၃။ မုဒိတာ၊ သူတစ်ပါးတို့ ကြီးပွားချမ်းသာခြင်း၌၀မ်းမြောက်သောစိတ်ဖြင့်
သူတစ်ပါးတို့အပေါ်(၀ါ) သတ္တ၀ါ တို့အပေါ် ပွားများစူးစိုက်ခြင်း။
သူတစ်ပါးတို့အပေါ်(၀ါ) သတ္တ၀ါ တို့အပေါ် ပွားများစူးစိုက်ခြင်း။
၎။ ဥပေက္ခာ၊ မုန်းခြင်း ချစ်ခြင်း မထားသောစိတ်ဖြင့် သတ္တ၀ါတို့အပေါ်
ပွားများစူးစိုက်ခြင်းတို့ဖြစ်ပါသည်။
ပွားများစူးစိုက်ခြင်းတို့ဖြစ်ပါသည်။
သညာ ၁-ပါးမှာ-
၁။ အာဟာရေ ပဋိကူလသညာ၊ စားသောက်သော အာဟာရတို့အပေါ်
စက်ဆုတ်ဖွယ်အနေထင်မြင်လာအောင် စူးစိုက်ရှုပွားခြင်းတို့ဖြစ်ပါသည်။
စက်ဆုတ်ဖွယ်အနေထင်မြင်လာအောင် စူးစိုက်ရှုပွားခြင်းတို့ဖြစ်ပါသည်။
စတုဓာတု၀၀တ္ထာန် ၁-ပါးမှာ-
၁။ စတုဓာတု၀၀တ္ထာန၊ မိမိခန္ဓာကိုယ်ကို
ရေ မြေလေ မီး စသော
မဟာဘုတ်ကြီးလေးပါးအနေထင်မြင်အောင် စူးစိုက်ရှုပွားခြင်း ဖြစ်သည်။
မဟာဘုတ်ကြီးလေးပါးအနေထင်မြင်အောင် စူးစိုက်ရှုပွားခြင်း ဖြစ်သည်။
အာရုပ္ပ ၄-ပါးမှာ-
၁။ အာကာသာနဉ္စာယတန၊အစအဆုံးမရှိအနန္တကောင်းကင်ပညတ်ကိုစူးစိုက်ခြင်း။
၂။ ၀ိညာနဉ္စာယတန၊ အစအဆုံးမရှိ အနန္တ၀ိညာဏပညတ်ကို စူးစိုက်ခြင်း။
၂။ ၀ိညာနဉ္စာယတန၊ အစအဆုံးမရှိ အနန္တ၀ိညာဏပညတ်ကို စူးစိုက်ခြင်း။
၃။ အာကိဉ္စညာယတန၊ ဘာမျှမရှိခြင်းသဘောနတ္ထိသဘော ပညတ်ကိုစူးစိုက်ခြင်း။
၎။ နေ၀သညာနာသညာယတန၊ သညာရှိသည်လည်း မဟုတ် မရှိသည်လည်း
မဟုတ်သောပညတ်၌ စူးစိုက်ခြင်းတို့ ဖြစ်ပါသည်။
မဟုတ်သောပညတ်၌ စူးစိုက်ခြင်းတို့ ဖြစ်ပါသည်။
အကျယ်ကိုသိလိုမှု “သ္ချေတောင်ဆရာတော်”
ဟုဂုဏ်သတင်းထင်လင်း
တော်မူသော “အသျှင်တိလောကမထေရ်” မြတ်ရေးသားပြုစုတော်မူ
သော “ပဏ္ဍိတဝေဒနိယကျမ်း” တွင် လေ့လာမှတ်သားကျင့်ကြံပေါက်
မြောက်နိုင်ကြပါသည်။ ခင်ချိုထွန်းစာပေမှ နှစ်100ပြည့်အထူးထုတ်
ဖြင့်ထုတ်ဝေရောင်းချပါသည်။
ဝယ်ယူဖတ်ရှု့ကျင့်ကြံပေါက်မြောက်နိုင်ပါစေဟု
ကျွန်ုပ်အလင်းရှင် ဆန္ဒ
ပြုတိုက်တွန်းပါသည်။
ကြုံခဲလှသော ရခဲလှသော ဖြစ်ခဲလှသော လူ့ဘ၀တွင်
ကျွန်ုပ်တို့မြန်မာနိုင်
ငံသူနိုင်ငံသားများသည် စစ်ခွေးကြံ့ဖွတ်အာဏာရှင်တို့မှပေးသော
ဘ၀အတိ
ဒုက္ခများကို ရင်စည်းခါးစည်းခံရင်း သေမင်းခေါ်ရာသို့လိုက်ရမည့်အစား၊
ရင်းသေမင်းကို ရဲရဲရင့်ရင့်ရင်ဆိုင်နိုင်ရန်
သမထ၀ိပဿနာတရားများ အတက်
နိုင်ဆုံးကြိုးစားအားထုတ်သင့်ပါသည်။
ဤဓမ္မဒါနကို လွတ်လပ်စွာ Share ဝေသာဓုမျှဝေနိုင်ပါသည်။
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)
No comments :
Post a Comment