.

AlinShin

Wednesday, January 14, 2015

အာဏာရှင် ကဒါဖီ

အာဏာရှင်ကဒါဖီအားပြည်သူများမှပြန်လည်သတ်ဖြတ်
နိုင်ခဲ့သည့်ပုံ

အိပ်ဖြစ်ခဲ့ရင်တောင်
အိပ်မက်မမက်တက်တဲ့ . . . ငါ့ဘ၀။
တကယ်မက်ပြန်တော့လည်း  . . .တစ္ဆေသူရဲတွေ။

တောက်  . . .
တစ်ချက်ပြီးတစ်ချက်ခေါက်ခဲ့ရတဲ့
ငါလိုသန်းပေါင်းများစွာသောလူငယ်လေးတွေ
မြန်မာပြည်ရဲ့ ကတ္တရာလမ်းမထက်မှာ  .. .
တောပြုန်း တောင်ပြို
လယ်ယာမဲ့နေတဲ့ အမိမဖတွေ   . . ။

ဆက်ပြီးမိုက်နေဦးမှာလား ဗိုလ်သန်းရွှေနဲ့စစ်ခွေးကြံ့ဖွတ်တို့ရေ
ဧရာဝတီလည်း ကြိုးစင်တင်ထားဆဲ  . . .
လက်ပံတောင်းတောင်မှာလည်း ကျည်သင့်နေတဲ့ပြည်သူတွေ  .. .

လုပ်ပါ မိုက်မဲပါ  ..
တရုတ်နဲ့ပေါင်းပြီး ယုတ်မာနေတဲ့ စစ်ခွေးကြံ့ဖွတ်တွေ

ခံစရာရှိရင် ခံရဦးမှာပေါ့
စံစရာရှိတဲ့တစ်နေ့မှာ
ကဒါဖီအာဏာရှင်ကို သတ်ခွင့်ရတဲ့ပြည်သူတွေလို။

ငါတို့လက်တွေမှာ
ကျင်နာခဲ ခဲဦးမယ်ဆိုတာ
မြဲမြဲမှတ်ထားပါ ကြံ့ဖွတ်စစ်ခွေးတို့  . . .။

ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget