.

AlinShin

Wednesday, January 14, 2015

အကျဉ်းသားတစ်ယောက်ရဲ့ ကဗျာ


အချို့က အလင်းရှင်ကို  . .
မွတ်ဆလင်  .တဲ့။
NLD  .. တဲ့။
ဘုန်းကြီး .. တဲ့။
ဘာ တဲ့  . . . ညာတဲ့။

တစ်ခုမှမဟုတ်ဘူး  . ..
တကယ်တော့  . .
အလင်းရှင်ဆိုတာ  . . ကဗျာတစ်ကောင်ပါ။

ကိုယ့်ဘ၀ကို သီကုံး  . .
ချစ်သူခေါင်းမှာ ပန်ဆင်နိုင်ဖို့ပါ။

ကိုယ့်ဘ၀ကို ထုချေ  . .
ချစ်သူလမ်းမှာ ပန်းပထဗျာသို့ပါ  . .။

သို့ကလို  . . . သို့ကလိုနဲ့
အာဏာရှင်စစ်ခွေးကြံ့ဖွတ်အယုတ်တမာတို့
ထောင်ထဲထည့်လွှတ်ခြင်းခံလိုက်ရတဲ့
အကျည်းသားတစ်ယောက်ပါ။
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget