Wednesday, January 14, 2015
အသည်းပျက် . . စစ်ခွေး
ငါတို့က . . .
အသဲကွဲခဲ့တာမဟုတ်ဘူး အသဲပျက်ခဲ့ရတာ။
ငါတို့ပိုင်ပိုက်ဆံနဲ့ သေနပ်ဝယ်ပြီး
ငါတို့ပဲအပြစ်ခံခဲ့ရလို့လေ။
ဘယ်နေရာမှာလည်း . သိလား၊
ငါ့တို့ပိုင်မြေပေါ်မှာပါပဲ။
ကဲ .. ဒီထက်နာစရာကောင်းတဲ့အသည်း
ဘယ်နည်းပညာနဲ့ ကုစားမှာလည်း။
တရုတ်ကြီးကိုတော့ ကျေးဇူးရှင်ကြီးပါ . .တဲ့။
ပြည်သူကိုစော်ကား ကျေးဇူးရှင်မှားခဲ့ကြတဲ့ စစ်ခွေးကြံ့ဖွတ်တွေ။
ဘုရားလည်းဖျက်လိုရင် ဖျက် ။
သံဃာလည်း သတ်လိုရင် သတ်။
ပြည်သူဆိုတာကတော့ ဖုတ်လေတဲ့ငပိရှိလေတယ်ရယ်လို့မထင်။
မိုက်မဲလိုက်ကြတဲ့ စစ်ခွေးကြံ့ဖွတ်တွေ
ပြည်သူပိုင်ကို ငါပိုင်စီး ၊ တရုတ်ကြီးနဲ့ ခွတီးနေကြတာကိုး .. ။
ပုလင်းတူ ဗူးစို့
အဆိပ်ရည်တွေထည့်သွင်းထားတဲ့ ဒီစစ်တပ်ကြီးမှာ
မြန်မာပြည်ဟာ သူတို့အတွက် စစ်အာဏာသိမ်းဆည်းတဲ့မြို့ဖြစ်နေတယ်။
ဘာလည်း . .
အောင်ဆန်းတည်ထောင်ခဲ့တဲ့တပ်မတော်ဟာ . .
သန်းရွှေအလိုကျ စစ်ခွာရာချခဲ့ရလွန်းလို့
စစ်သားကနေ စစ်ခွေးဘ၀ကိုပြောင်းသွားရှာရလေတယ်။
ဘဒ္ဒန္တကောဝိဒ (အလင်းရှင်)
Labels:
ရင်ဘတ်ကြွေရာမြေ
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment