ထောင်ကထွက်ကတည်းက မည့်သည့်ဒါယကာဒါယိကမထံမှ
အလှူမခံခဲ့ပဲ
ရွာက အမေတွေ အမတွေထံကပဲ သပိတ်ဖြန့်တောင်းကာ
ဖြုန်းတီးနေတာပါ။
ကဲ . . အခုတောင် 3း59AM ဖြစ်နေပြ၊ီ
ကဲ . . အခုတောင် 3း59AM ဖြစ်နေပြ၊ီ
ထိုသို့ပန်းတဲ့ကြားထဲကပဲ မအိပ်မနေရေးဖြစ်ပါတယ်။
ဒီလိုရေးတိုင်း စစ်ခွေးကြံ့
ဖွတ်မကောင်းကြောင်း စကားလုံးဝိဘတ်များပါနေတက်ပါတယ်။
ချန်ထား၍
မရသော သစ္စာဆိုက်သည့် အတွေးများမို့
တို့တွေရေးနေရပါတယ်။
တကယ်က တို့ရင်ထဲမှာ အမုန်းတရားများကို
လှီးထုတ်ထားပစ်လိုက်ပြီးသားပါ။
နေ့တိုင်း ငါလည်းသေရဦးမယ်ဆိုတဲ့ မရဏနုဿတိဟာ
ရင်ကိုငြိမ်းအေးစေ
ပါတယ်။
ထိုအတွေးသတိသံဝေဃများဖြင့် အလင်းရှင်သည်
စာပေများကိုရေးသားနေမိ
ပါသည်။ ထိုအထဲတွင် . . .
ကဗျာတွေ ပါကောင်းပါမည် ၊ မာယာတွေ ပါသင့်သလောက်ပါမည်
၊သို့သော်
ပြည်သူကိုချစ်သော ပြည်သူနှင့် သတ္တလောကကြီးတစ်ခုလုံးကို
ငြိမ်းအေးစေ
ချင်သော စေတနာမေတ္တာများသည်ကား .. . .
အနန္တ။
တစ်နေ့သေမည် . . .
သေသောတစ်နေ့၌ အလင်းရှင်သည် စိတ်လက်ပေါ့ပါးသော
သေခြင်းဖြင့်ပါလိမ့်မည်။
ထိုနေ့သေမည် . . .
ထိုနေ့တွင် အလင်းရှင်သည် ပြုံးသေသာ .. . ။
အလင်းရှင်တို့သည် ဘ၀ပေါင်းများစွာသေခဲ့သည်
။ ထိုသေသောနေ့များ
တွင် ပြုံးပြုံးလေးသေနိုင်ခဲ့သောဘ၀သည်
ရှားခဲ့ပြီ။
အသိပညာတွေလိုအပ်နေသော သတ္တလောကကြီးတွင်
အလင်းရှင်သည်
ယင်းအသိပညာများကို ဗုဒ္ဓထံမှ ပန်ကြားစားသုံးခဲ့သည်
၊ ထို့နောက်
အခုလိုဝေငှခဲ့သည်။
အနတ္တလောကကို မင်းတို့တွေ အတ္တမလုပ်ကြပါနဲ့။
မတင့်တယ်သော အသုဘဒီကိုယ်ကောင်ကြီးကို
သုဘအဖြစ်ပုံမဖေါ်လိုက်
ကြပါနဲ့။
နေ့စဉ်ယိုဖိတ်နေသော ဒီကိုယ်ကောင်ပုတ်ကြီးကို
ခေတ်မီအသုံးအဆောင်
များဖြင့် သုတ်သင်ကြပါသော်လည်း .. နံမြဲ
ပုတ်မြဲ ယိုစိမ့်မြဲ .. ။
အဲဒီလောက်လေး သိရင်ကိုပဲ .. . ကမ္ဘာမှာ
အာဏာရှင်တွေကျဆုံးကုန်ပြီး
မေတ္တာရှင်များလွှမ်းမိုးကြီးစိုးလာပါလိမ့်မည်။
ကမ္ဘာလောကရဲ့ငြိမ်းအေးမှုဟာ အာဏာရှင်တွေကြောင့်
မီးသင့်ခဲ့ရတာပါ။
ဒါ့ကြောင့် . . . 2015 အတွက်နံက်ခင်းတိုင်း
. . .
သေခြင်းနဲ့သေမင်းကို ရှု့ဆင်ခြင်ပါ။
အာဏာရှင်ဘ၀ကိုမသာယာမိပါစေနဲ့။
ခရိုနီများကဲ့သို့ မတော်လောဘများမကြီးဆိုးမိပါစေနှင့် . .
သြော် . .
စာဖတ်သူများ ခဏ .. ခဏလေးနော်
. ..
ရေးလက်စလေးကို နောက်မှပြန်ရေးပါ့မယ်
. .
ဟိုမှာ . . .
လက်အမည်းကြီး တံခါးလာခေါက်နေလို့ . . . .ပါ။
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)
မည်သူမဆို ဓမ္မဒါနအဖြစ် Share နိုင်ပါသည်။
No comments :
Post a Comment